• Follow Us on

Home လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Ready to fill bulk အနေဖြင့် ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Ready to fill bulk အနေဖြင့် ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၆

 

လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Ready to fill bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်း ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသား စီမံကိန်းကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် ဆေးထိုးနှံရေးသည် အဓိကကျသည့်အတွက် ဆေးဝါးများရရှိရေး၊ ဆေးဝါးများကို မြန်မာပြည်အနှံ့ဒေသအသီးသီးသို့ အလျင်အမြန်ရောက်ရှိစေရေး၊ ဦးတည်အုပ်စုအလိုက် ဆေးထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“လာမည့်ဘဏ္ဍာရေးနှစ်မှာ ကိုဗစ်-၁၉ ဆေးထုတ်လုပ်မှုကို ရေတိုအစီအစဉ်အနေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  Ready to fill bulk အနေနဲ့ ဝယ်ယူပြီး ပုလင်း သွင်းဖြည့်တင်း ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားဖို့အတွက် ခွင့်ပြုထားပြီးဖြစ်ပါတယ်။ Ready to fill Bulk ဝယ်ယူထုတ်လုပ်တာနဲ့ အခုဝယ်ယူအသုံးပြုနေရတဲ့ ဈေးနှုန်းထက် သက်သာပြီး နိုင်ငံတော်အတွက် နိုင်ငံခြား ငွေသုံးစွဲမှု လျော့ကျလာမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေကလည်း ရည်မှန်းထားတဲ့အတိုင်း ထုတ်လုပ်နိုင်ဖို့ အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

မိမိတို့နိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ ကျဆင်းသွားပြီဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် တုန့်ဆိုင်း ခဲ့သည့်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် တာ ဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပေးအပ်ထားသည့် စီမံကိန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်နှင့် တာ ဝန်ယူမှု၊ တာဝန်ခံမှုမရှိသူများကို တာဝန်ပေးအပ်မှုမရှိရန်လိုကြောင်း၊ သို့မှသာနိုင်ငံတိုးတက်လာမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post