• Follow Us on

Home လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ် ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လ-ဝ-က ဝန်ကြီး ပြောကြား

လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ် ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လ-ဝ-က ဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈ (People Media)

 

နောင်လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ သက်သေအထောက်အထား ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည် နှင့်အညီ နိုင်ငံသားတစ်ဦးချင်းစီအတွက် အလွန်အရေးကြီးကြောင်း၊  ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲဆန္ဒ ရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာ မဲမသမာမှုများ များစွာရှိခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအပါအဝင် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့သူဦးရေအများအပြား ပါဝင်နေသည်ကို စိစစ်တွေ့ရမည် ဖြစ်ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ (၁၈) လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက် ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုဝန်ထမ်းသစ်များ သည် ပန်းခင် စီမံချက်နှင့်အညီ မွေးဖွားလာသည့် ဌာန၏ပန်းခင်းမျိုးဆက်သစ်များဖြစ်ပြီး ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။

 

ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ e-Government ၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID လုပ်ငန်းကိုလည်း ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

 

#PeopleMedia #election #လဝက

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post