• Follow Us on
Latest News

Home လာမည့္ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရဖြဲ႕ႏိုင္လွ်င္ ျမန္မာႏိုင္ငံ၌ တရားမဝင္လာေရာက္ေနထိုင္သည့္ ႏိုင္ငံျခားသား မ်ားကို ေျမလွန္ရွာ၍ တည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ဟုဆို

လာမည့္ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရဖြဲ႕ႏိုင္လွ်င္ ျမန္မာႏိုင္ငံ၌ တရားမဝင္လာေရာက္ေနထိုင္သည့္ ႏိုင္ငံျခားသား မ်ားကို ေျမလွန္ရွာ၍ တည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ဟုဆို

Share this post

လာမည့္ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရဖြဲ႕ႏိုင္လွ်င္ ျမန္မာႏိုင္ငံ၌ တရားမဝင္လာေရာက္ေနထိုင္သည့္ ႏိုင္ငံျခားသား မ်ားကို ေျမလွန္ရွာ၍ တည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ဟုဆို
……………………………………………………

ရန္ကုန္၊ ၾသဂုတ္ – ၁၈

လာမည့္ ၂၀၂၀ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရဖြဲ႔ႏိုင္လွ်င္ ျမန္မာႏိုင္ငံ၌ နည္းလမ္းအသြယ္သြယ္ျဖင့္ တရားမဝင္ လာေရာက္ေနထိုင္သည့္ ႏိုင္ငံျခားသားမ်ားကို ေျမလွန္ရွာၿပီး ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

ၾသဂုတ္(၁၈)ရက္ေန႔၌လ ေနျပည္ေတာ္ရွိ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး၌ က်င္းပသည့္ သတင္းစာရွင္းလင္းပြဲ၌ ဦးသိန္းထြန္းဦးက အထက္ပါအတိုင္း ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီ အႏိုင္ရရွိလွ်င္ တရားမဝင္ေနထိုင္သည့္ ႏိုင္ငံျခားသားမ်ား ေျမလွန္ရွာ၍ အေရးယူေဆာင္ရြက္မည့္ ကိစၥရပ္ကို ျပည္ခိုင္ၿဖိဳးပါတီဥကၠဠ ဦးသန္းေဌးမွ ျပည္သူမ်ားကို ကတိေပးထားၿပီး ျဖစ္တယ္လို႔ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

အလားတူ လက္ရွိအစိုးရလက္ထက္၌ ႏိုင္ငံျခားသား ၉၀ ေက်ာ္ကို ဌားရမ္း၍ ႏိုင္ငံေတာ္၏ အၾကံေပး ခန္႔အပ္ထားမႈေၾကာင့္ ႏိုင္ငံ၏ အတြင္းေရးမ်ားသည္ ျပည္ပသို႔ ေပါက္ၾကားႏိုင္ေၾကာင္း ၎က သတင္းစာရွင္းလင္းပြဲ၌ ေျပာဆိုပါသည္။

ထို႔အတူ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရဖြဲ႔ႏိုင္လွ်င္ ႏိုင္ငံျခားသားမ်ားကို ဌားရမ္းအသုံးျပဳဳျခင္း၊ခန္႔အပ္ျခင္းမ်ား ေဆာင္ရြက္ရန္ မရွိဘဲ ျပည္တြင္းရွိ ပညာရွင္မ်ားကိုသာ ခန္႔အပ္သြားမယ္လို႔ ဦးသိန္းထြန္းဦးက ဆိုပါတယ္။

#PeopleMedia #2020election #political

(unicode)
လာမည့်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ တရားမဝင်လာရောက်နေထိုင်သည့် နိုင်ငံခြားသား များကို မြေလှန်ရှာ၍ တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဟုဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၈

လာမည့် ၂၀၂၀ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ နည်းလမ်းအသွယ်သွယ်ဖြင့် တရားမဝင် လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို မြေလှန်ရှာပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဩဂုတ်(၁၈)ရက်နေ့၌လ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဦးသိန်းထွန်းဦးက အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိလျှင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ မြေလှန်ရှာ၍ အရေးယူဆောင်ရွက်မည့် ကိစ္စရပ်ကို ပြည်ခိုင်ဖြိုးပါတီဥက္ကဠ ဦးသန်းဌေးမှ ပြည်သူများကို ကတိပေးထားပြီး ဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အလားတူ လက်ရှိအစိုးရလက်ထက်၌ နိုင်ငံခြားသား ၉၀ ကျော်ကို ဌားရမ်း၍ နိုင်ငံတော်၏ အကြံပေး ခန့်အပ်ထားမှုကြောင့် နိုင်ငံ၏ အတွင်းရေးများသည် ပြည်ပသို့ ပေါက်ကြားနိုင်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုပါသည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် နိုင်ငံခြားသားများကို ဌားရမ်းအသုံးပြုခြင်း၊ခန့်အပ်ခြင်းများ ဆောင်ရွက်ရန် မရှိဘဲ ပြည်တွင်းရှိ ပညာရှင်များကိုသာ ခန့်အပ်သွားမယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

#PeopleMedia #2020election #political


Share this post