• Follow Us on

Home လာမည့္ႏွစ္ဆန္းပိုင္း၌ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္ပြဲျပဳလုပ္မည္

လာမည့္ႏွစ္ဆန္းပိုင္း၌ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္ပြဲျပဳလုပ္မည္

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၁

လာမည့္ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္း၌ ရပ္ကြက္/ ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ေရြးခ်ယ္ပြဲ က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးမင္းသူက သူ၏ လူမူကြန္ယက္စာ မ်က္ႏွာတြင္ ေျပာဆိုထားသည္။

“မၾကာခင္ လာမယ့္ ႏွစ္ဆန္းပိုင္းကာလမွာ ျပဳလုပ္မယ့္ ရပ္ကြက္/ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲမွာ ျပည္သူမ်ားအေနနဲ႔ စိတ္ဝင္တစား ပါဝင္တက္ေရာက္ ေရြးခ်ယ္ေပးၾကဖို႔နဲ႔ ကိုယ္ကိုယ္တိုင္လည္း အုပ္ခ်ဳပ္ေရးမွဴး အျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ စိတ္ဝင္စားရင္လည္း ေရြးခ်ယ္ခံဖို႔ အခြင့္အလမ္း အျပည့္အဝရွိပါတယ္”ဟု ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးမင္းသူက ေျပာသည္။

အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ရာတြင္ ရပ္မိ/ရပ္ဖ ( ၅ ) ဦး ေရြးခ်ယ္ၿပီးပါက သူတို႔ အခ်င္းခ်င္းညႇိႏိႈင္း တိုင္ပင္ေစၿပီး ေခါင္းေဆာင္ကို ထပ္မံေရြးခ်ယ္ေၾကာင္း၊ ထိုသို႔ ေရြးခ်ယ္ၿပီးမွ ၿမိဳ႕နယ္ေထြ/အုပ္႐ုံးမွ ႐ုံးအမိန႔္ႏွင့္ ႀကီးၾကပ္ေရး အဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပထားသည္။

သက္ဆိုင္ရာ ၿမိဳ႕နယ္ေထြ/အုပ္႐ုံးကေန ဖြဲ႕စည္းေပးလိုက္သည့္ ႀကီးၾကပ္ေရးအဖြဲ႕မွ အိမ္ေထာင္စုစာရင္းမ်ားကို အေျခခံၿပီး အစဥ္လိုက္ျဖစ္သည့္ ဆယ္အိမ္စု အစုအဖြဲ႕နဲ႔ ရာအိမ္စု အစုအဖြဲ႕ေတြကို ဖြဲ႕စည္းၿပီး၊ ဆယ္အိမ္စု (၁ ) စုတြင္ ေနသည့္ အိမ္ေထာင္စုဦးစီး သို႔မဟုတ္ အသက္ (၁၈) ႏွစ္ျပည့္ အိမ္ေထာင္စုကိုယ္စားလွယ္ (၁) ဦးစီကို စုစည္းၿပီး ဆယ္အိမ္စုအတြင္း ေနထိုင္သူ (၁၀) ဦးထဲမွ သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စုံသူ (၁) ဦးကို အမ်ားဆႏၵႏွင့္အညီ ဆယ္အိမ္မွဴး(၁)ဦးကို ေရြးခ်ယ္ရျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဦးမင္းသူက ဆိုသည္။

ေရြးခ်ယ္ထားသည့္ ဆယ္အိမ္မႉးမ်ားထဲကမွ ရာအိမ္စုမ်ားထဲမွာရွိသည့္ အိမ္ေထာင္စု ကိုယ္စားလွယ္မ်ားက အမ်ားဆႏၵႏွင့္ အညီ ရာအိမ္မွဴး(၁)ဦးကို ေရြးခ်ယ္ေၾကာင္း ယခုလို ေရြးခ်ယ္ခံထားရသည့္ ရာအိမ္မွဴးမ်ား ထဲကေန သက္ဆိုင္ရာ ရပ္ကြက္/ ေက်းရြာအုပ္စု အတြင္းမွာရွိသည့္ အိမ္ေထာင္စု ကိုယ္စားလွယ္မ်ားဟာ သတ္မွတ္ေန႔ရက္မွာ လွ်ိဳ႕ဝွက္ဆႏၵမဲေပးၿပီး အုပ္ခ်ဳပ္ေရးမွဴးကို ေရြးခ်ယ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ ကိုယ္တိုင္ဝင္ေရာက္ အေရြးခ်ယ္ခံျခင္း၊ ကိုယ္ကတဆင့္ ေရြးခ်ယ္ေပးျခင္း၊ ျပည္သူမ်ားအေနမ်ား ပူးေပါင္း ပါဝင္ေဆာင္ရြက္ရန္ တိုက္တြန္းႏွိုးေဆာ္အပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူက ဆိုသည္။

#PeopleMedia

(unicode)
လာမည့်နှစ်ဆန်းပိုင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲပြုလုပ်မည်
…………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၂၁

လာမည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း၌ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူက သူ၏ လူမူကွန်ယက်စာ မျက်နှာတွင် ပြောဆိုထားသည်။

“မကြာခင် လာမယ့် နှစ်ဆန်းပိုင်းကာလမှာ ပြုလုပ်မယ့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ပြည်သူများအနေနဲ့ စိတ်ဝင်တစား ပါဝင်တက်ရောက် ရွေးချယ်ပေးကြဖို့နဲ့ ကိုယ်ကိုယ်တိုင်လည်း အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားရင်လည်း ရွေးချယ်ခံဖို့ အခွင့်အလမ်း အပြည့်အဝရှိပါတယ်”ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူက ပြောသည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်မိ/ရပ်ဖ ( ၅ ) ဦး ရွေးချယ်ပြီးပါက သူတို့ အချင်းချင်းညှိနှိုင်း တိုင်ပင်စေပြီး ခေါင်းဆောင်ကို ထပ်မံရွေးချယ်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီးမှ မြို့နယ်ထွေ/အုပ်ရုံးမှ ရုံးအမိန့်နှင့် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြထားသည်။

သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးကနေ ဖွဲ့စည်းပေးလိုက်သည့် ကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းများကို အခြေခံပြီး အစဉ်လိုက်ဖြစ်သည့် ဆယ်အိမ်စု အစုအဖွဲ့နဲ့ ရာအိမ်စု အစုအဖွဲ့တွေကို ဖွဲ့စည်းပြီး၊ ဆယ်အိမ်စု (၁ ) စုတွင် နေသည့် အိမ်ထောင်စုဦးစီး သို့မဟုတ် အသက် (၁၈) နှစ်ပြည့် အိမ်ထောင်စုကိုယ်စားလှယ် (၁) ဦးစီကို စုစည်းပြီး ဆယ်အိမ်စုအတွင်း နေထိုင်သူ (၁၀) ဦးထဲမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ (၁) ဦးကို အများဆန္ဒနှင့်အညီ ဆယ်အိမ်မှူး(၁)ဦးကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးဦးမင်းသူက ဆိုသည်။

ရွေးချယ်ထားသည့် ဆယ်အိမ်မှူးများထဲကမှ ရာအိမ်စုများထဲမှာရှိသည့် အိမ်ထောင်စု ကိုယ်စားလှယ်များက အများဆန္ဒနှင့် အညီ ရာအိမ်မှူး(၁)ဦးကို ရွေးချယ်ကြောင်း ယခုလို ရွေးချယ်ခံထားရသည့် ရာအိမ်မှူးများ ထဲကနေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အတွင်းမှာရှိသည့် အိမ်ထောင်စု ကိုယ်စားလှယ်များဟာ သတ်မှတ်နေ့ရက်မှာ လျှို့ဝှက်ဆန္ဒမဲပေးပြီး အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် ကိုယ်တိုင်ဝင်ရောက် အရွေးချယ်ခံခြင်း၊ ကိုယ်ကတဆင့် ရွေးချယ်ပေးခြင်း၊ ပြည်သူများအနေများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဆိုသည်။

#PeopleMedia


Share this post