• Follow Us on

Home လာမည့် ရွေးကောက်ပွဲ၌ PR စနစ်နှင့် ပတ်သက်ပြီး တစ်ပါတီကြီးစိုးမှုကိုဖယ်ရှားပြီး လူမျိုးကြီးနိုင်ငံရေးဝါဒ လွှမ်းမိုးမှုမဖြစ်ပေါ်လာစေရန်လိုကြောင်း NDF ပါတီ ထုတ်ပြန်

လာမည့် ရွေးကောက်ပွဲ၌ PR စနစ်နှင့် ပတ်သက်ပြီး တစ်ပါတီကြီးစိုးမှုကိုဖယ်ရှားပြီး လူမျိုးကြီးနိုင်ငံရေးဝါဒ လွှမ်းမိုးမှုမဖြစ်ပေါ်လာစေရန်လိုကြောင်း NDF ပါတီ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁ (People Media)

 

တစ်ပါတီကြီးစိုးမှုကိုဖယ်ရှားပြီး လူမျိုးကြီးနိုင်ငံရေးဝါဒ လွှမ်းမိုးမှုမဖြစ်ပေါ်လာစေရန်လိုဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ PR စနစ်ကျင့်သုံးရေးနှင့်ပတ်သက်ပြီး သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန် ကြေညာခဲ့သည်။

 

သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် န.စ.ကအစည်းအဝေးတွင် လာမည့်ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် PR ကို အသုံးပြုနိုင်ရေးဆောင်ရွက်နေကြောင်း ပြောဆိုသွားသည့်ကိစ္စနှင့် ပတ် သက်ပြီး အမျိုးသားဒီမိုရေစီအင်အားစုပါတီ(NDF)မှ စက်တင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် သဘောထားကြေညာ ချက်ကို ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR)ကို တာဝန်ရှိသူများမှ ဖြစ်ပေါ်လာရေးအတွက် စဉ်းစားဆောင်ရွက်လာသဖြင့် လှိုက်လှဲဂုဏ်ယူစွာကြိုဆို ကြောင်း ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး ၎င်းတို့ပါတီမှ PR စနစ်နှင့်ပတ်သက်ပြီး တစ်ပါတီကြီးစိုးမှုကို ဖယ်ရှား၍ လူမျိုးကြီးနိုင်ငံရေးဝါဒ လွှမ်းမိုးမှုမဖြစ်ပေါ်လာစေရန်၊ စစ်မှန်သောကိုယ်စားပြုမှုကို ဖော်ဆောင်၍ တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကြီး ပေါ်ပေါက်လာစေရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေ ရန် စသည်တို့ကို ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

 

ထို့အပြင် အိမ်စောင့်အစိုးရဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်(PR)ကို လာမည့်ရွေးကောက်ပွဲများတွင် အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော်ရန်ရှိ သည်ကို ၎င်းတို့ပါတီအနေဖြင့် ကြိုဆိုပါကြောင်းနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရန် အတွက်လည်း အထူးမျှော်လင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ သဘောထားကို ရေး သားဖော်ပြထားသည်။

 

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR) ကို ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးရန်ရှိကြောင်း သြဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ သည်။

 

photo- NDF

 

#PeopleMedia. #NDF #PR

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 

photo- NDF

 

#PeopleMedia. #NDF #PR


Share this post