• Follow Us on
Latest News

Home လာမည့်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုနိုင်ရေး စဉ်းစားနေကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

လာမည့်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုနိုင်ရေး စဉ်းစားနေကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

လာမည့်ရွေးကောက်ပွဲမှ စတင်ကာ အချိုးကျကိုယ်စားပြုစနစ် PR ကို အသုံးပြုနိင်ရန် စဉ်းစားဆောင်ရွက် လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

 

ဩဂုတ်လ ၂၃ ရက်နေ့၌ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှာ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

 

“PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ရေးစဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေး ချယ်တင်မြှောက်မှုစနစ်နှင့် ပတ်သက်၍လည်း ပြင်ဆင်ရန်ရှိသည်များရှိကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလ အတွင်း ပြင်ဆင်၍ရသည်များကို အားလုံးတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုပါတယ်။

 

ယင်းကဲ့သို့ လာမည့်ရွေးကောက်ပွဲတွင် PR စနစ်အား ကျင့်သုံးရန် စဉ်းစားဆောင်ရွက်ခြင်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝန်ကြီးချုပ်များခန့်အပ်ရေးနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် သဘောထားများ ကိုက်ညီမှုတွင်လိုအပ်ချက်ရှိခြင်းအပါအဝင် Right to Recall ဥပဒေမထုတ်နိုင်ခြင်း၊ အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်များ သဟဇာတမဖြစ်ပါက ဆုံးဖြတ်ချက်အတွက် ပြဿနာ ဖြစ်သည်ကိုတွေ့ရှိနေရသည့်အတွက် ကျင့်သုံးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုပါတယ်။

 

#PeopleMedia #နစက #PR

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post