• Follow Us on
Latest News

Home လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံသားများ မှတ်ပုံတင်ရရှိရေး ဆောင်ရွက် နေကြောင်း န-စ-က ဥက္ကဋ္ဌပြော

လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံသားများ မှတ်ပုံတင်ရရှိရေး ဆောင်ရွက် နေကြောင်း န-စ-က ဥက္ကဋ္ဌပြော

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

လာမည်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံသားများ မှတ်ပုံတင်ရရှိရေး ဆောင်ရွက်နေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

 

သြဂုတ်လ ၂၆ ရက်နေ့ ထုတ်ဝေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic Magazine ၏ စာအုပ်၏ အင်တာဗျူး အခန်းကဏ္ဍတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဖြေကြားထားခြင်းဖြစ်ပါတယ်။

 

“ဒီမဲပေးတဲ့ကာလအတွင်းမှာ မကြာရအောင်လုပ်ဖို့ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင်ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း  အဲဒီမှာ ပြဿနာတစ်ခုကလာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

 

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုများအရ ရွေးကောက်ပွဲဆိုင်ရာဥပဒေအား ပြောင်းလဲမှုရှိမရှိသည် ရွေးကောက်ပွဲ ကော်မရှင်တွင်သာ မူတည်ပြီး မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီဒီမိုကရေစီစနစ်မှ သွေဖယ်သွားမည် မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

 

#PeopleMedia #နစက

 

(unicode)


………………………………………………………….

 


 


 


 


 


 

 



Share this post