• Follow Us on

Home လာမည့္ေရြးေကာက္ပြဲ၌ တစ္သီးပုဂၢလ၊ အျခားပါတီ၏ကုိယ္စားလွယ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္မည့္ NLD ပါတီဝင္မ်ားကုိ ပါတီဝင္အျဖစ္ ထုတ္ပယ္

လာမည့္ေရြးေကာက္ပြဲ၌ တစ္သီးပုဂၢလ၊ အျခားပါတီ၏ကုိယ္စားလွယ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္မည့္ NLD ပါတီဝင္မ်ားကုိ ပါတီဝင္အျဖစ္ ထုတ္ပယ္

Share this post

ရန္ကုန္၊ ၾသဂုတ္လ – ၂၆

လာမည့္ေရြးေကာက္ပြဲ၌ တစ္သီးပုဂၢလႏွင့္ အျခားပါတီ၏ကုိယ္စားလွယ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္မည့္ NLD ပါတီဝင္မ်ားကုိ ပါတီဝင္အျဖစ္မွ ထုတ္ပယ္လုိက္သည္။

ၾသဂုတ္လ ၂၆ ရက္၌ NLD ပါတီ၏ ဗဟုိအလုပ္အမႈေဆာင္အစည္းအေဝးဆုံးျဖတ္ခ်က္အရ အထက္ပါအတုိင္း ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

“ပါတီ၀င္အျဖစ္ကေနထုတ္ပယ္ေၾကာင္း ေၾကညာတာဟုတ္ပါတယ္ခင္ဗ်။ ဒါပါတီက မူလခ်မွတ္ထားတဲ့ စည္း မ်ဥ္းပါ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔မွာ အခက္အခဲရွိတာက တခ်ိဳ႕ ကြ်န္ေတာ္တို႔ပါတီ၀င္ေတြက တျခားပါတီ ကေန၀င္ေရာက္ယွဥ္ျပဳိင္တာ ဒါမွမဟုတ္တစ္သီးပုဂၢလယွဥ္ျပဳိင္တာ စာရင္းအျပည့္အစုံကိုကြ်န္ေတာ္တို႔ မရပါဘူး။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ မူလကခ်ထားတဲ့ပါတီစည္းကမ္းခ်က္ကို အတည္ျပဳခ်က္အေနနဲ႔ ထုတ္လိုက္တာပါ။ အဲဒီလို ေဆာင္ရြက္ခဲ့တဲ့လူအားလုံးဟာ ဒီေန႔ ေၾကညာခ်က္ထုတ္တဲ့အခ်ိန္ကစၿပီး ပါတီ၀င္အျဖစ္ကရပ္စဲသြားပါၿပီ”ဟု NLD ပါတီ၏ CEC အဖြဲ႔ဝင္ ေဒါက္တာမ်ဳိးညႊန္႔က ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ျပိဳင္မည့္ ကုိယ္စားလွယ္ေလာင္းမ်ားကုိ NLD ပါတီက ေရြးခ်ယ္ရာတြင္ ကုိယ္စားလွယ္အေဟာင္းမ်ား အမ်ားဆုံးပါဝင္လာခဲ့သည္။

ထုိ႔အတူ ကုိယ္စားလွယ္ေလာင္းေရြးခ်ယ္ရာ၌ သစၥာရွိမႈႏွင့္ အေတြ႕အၾကဳံရွိမႈအေပၚအေျခခံေၾကာင္း NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကလည္းေျပာၾကားခဲ့ျပီး ျဖစ္သည္။

NLD ပါတီသည္ မူလက လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းမ်ားကုိ ျမိဳ႕မိ၊ျမိဳ႕ဖမ်ားႏွင့္ ေရြးခ်ယ္ရာတြင္ အခ်ဳိ႕ျမိဳ႕နယ္မ်ား၌ ျမိဳ႕နယ္မွ ေရြးခ်ယ္ေပးခဲ့သူသည္ ကုိယ္စားလွယ္ေလာင္းအျဖစ္ ပါတီမွ အတည္မျပဳမႈ ေၾကာင့္ အခ်ဳိ႕သည္ တစ္သီးပုဂၢလျဖင့္ ေရြးေကာက္ပြဲဝင္မႈမ်ား ျဖစ္ေပၚခဲ့သည္။

Photo – NLD

#PeopleMedia #2020election #NLD

(unicode)
လာမည့်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ၊ အခြားပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် NLD ပါတီဝင်များကို ပါတီဝင်အဖြစ် ထုတ်ပယ်
………………………………………………

ရန်ကုန်၊ ဩဂုတ်လ – ၂၆

လာမည့်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလနှင့် အခြားပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် NLD ပါတီဝင်များကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။

ဩဂုတ်လ ၂၆ ရက်၌ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ပါတီဝင်အဖြစ်ကနေထုတ်ပယ်ကြောင်း ကြေညာတာဟုတ်ပါတယ်ခင်ဗျ။ ဒါပါတီက မူလချမှတ်ထားတဲ့ စည်း မျဉ်းပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲရှိတာက တချို့ ကျွန်တော်တို့ပါတီဝင်တွေက တခြားပါတီ ကနေဝင်ရောက်ယှဉ်ပြိုင်တာ ဒါမှမဟုတ်တစ်သီးပုဂ္ဂလယှဉ်ပြိုင်တာ စာရင်းအပြည့်အစုံကိုကျွန်တော်တို့ မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ မူလကချထားတဲ့ပါတီစည်းကမ်းချက်ကို အတည်ပြုချက်အနေနဲ့ ထုတ်လိုက်တာပါ။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့လူအားလုံးဟာ ဒီနေ့ ကြေညာချက်ထုတ်တဲ့အချိန်ကစပြီး ပါတီဝင်အဖြစ်ကရပ်စဲသွားပါပြီ”ဟု NLD ပါတီ၏ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို NLD ပါတီက ရွေးချယ်ရာတွင် ကိုယ်စားလှယ်အဟောင်းများ အများဆုံးပါဝင်လာခဲ့သည်။

ထို့အတူ ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ သစ္စာရှိမှုနှင့် အတွေ့အကြုံရှိမှုအပေါ်အခြေခံကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောကြားခဲ့ပြီး ဖြစ်သည်။

NLD ပါတီသည် မူလက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့မိ၊မြို့ဖများနှင့် ရွေးချယ်ရာတွင် အချို့မြို့နယ်များ၌ မြို့နယ်မှ ရွေးချယ်ပေးခဲ့သူသည် ကိုယ်စားလှယ်လောင်းအဖြစ် ပါတီမှ အတည်မပြုမှု ကြောင့် အချို့သည် တစ်သီးပုဂ္ဂလဖြင့် ရွေးကောက်ပွဲဝင်မှုများ ဖြစ်ပေါ်ခဲ့သည်။

Photo – NLD

#PeopleMedia #2020election #NLD


Share this post