• Follow Us on

Home လာမည့်ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးရန် UEC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ၌ တက်ရောက်ရန် နိုင်ငံ ရေးပါတီ ၅၉ ပါတီ စာရင်းပေးထား

လာမည့်ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးရန် UEC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ၌ တက်ရောက်ရန် နိုင်ငံ ရေးပါတီ ၅၉ ပါတီ စာရင်းပေးထား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယနေ့ ကျင်းပပြုလုပ်လျှက်ရှိသည့် လာမည့်ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးနိုင်ရေးနှင့်ပတ်သတ်ပြီး UEC နှင့် နိုင်ငံရေးပါတီများဆွေးနွေးပွဲ၌ တက်ရောက်ရန် နိုင်ငံရေးပါတီ ၅၉ ပါတီ စာရင်းပေးသွင်းထားကြောင်း UEC တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နိုဝင်ဘာ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေတာလည်း ဖြစ်ပါတယ်။

 

ယနေ့ ကျင်းပနေသည့် PR စနစ် ကျင့်သုံးနိုင်ရေးဆွေးနွေးပွဲ၌ တက်ရောက်နေသည့် နိုင်ငံရေးပါတီစာရင်း နှင့်ပတ်သက်၍ People Media က သက်ဆိုင်ရာ UEC တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “တက်မယ်လို့ စာရင်းပေးထားတဲ့ ၅၉ ပါတီလုံး တက်/မတက်တော့ သေချာမသိဘူး။ သေချာတာက တက်မယ်လို့ စာရင်းပေးထားတဲ့ နိုင်ငံရေးပါတီအများစု တက်ရောက်နိုင်မှာပါလို့” ပြောပါတယ်။

 

လက်တလော တက်ရောက်ရန် စာရင်းပေးထားသည့် ပါတီများ စာရင်း၌ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ NDF ပါတီ စသည်ဖြင့် နိုင်ငံရေးပါတီ ၅၉ ပါတီ စာရင်းပေးထားကြောင်း သိရပါတယ်။

 

#PeopleMedia #UEC #PR

 

(unicode)


………………………………………………………….

 


 


 


 


 


 

#PeopleMedia #UEC #PR


Share this post