• Follow Us on

Home လာမည့္ေ႐ြးေကာက္ပြဲ၌ လူထုေထာက္ခံမႈမရေသာပါတီမ်ားသည္ နိဂုံး ခ်ဳပ္သြားမည္ဟု နိုင္ငံေတာ္သမၼတ အႀကံေပး(ေဟာင္း) ဦးကိုကို လိႈင္ေျပာၾကား

လာမည့္ေ႐ြးေကာက္ပြဲ၌ လူထုေထာက္ခံမႈမရေသာပါတီမ်ားသည္ နိဂုံး ခ်ဳပ္သြားမည္ဟု နိုင္ငံေတာ္သမၼတ အႀကံေပး(ေဟာင္း) ဦးကိုကို လိႈင္ေျပာၾကား

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၇

လာမည့္ေ႐ြးေကာက္ပြဲ၌ လူထုေထာက္ခံမႈမရေသာပါတီမ်ားသည္ တျဖည္းျဖည္းနိဂုံးခ်ဳပ္သြားမည္ဟု နိုင္ငံေတာ္ သမၼတအႀကံေပးေဟာင္း ဦးကိုကိုလိႈင္ေျပာၾကားလိုက္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏုိင္ငံေရးပါတီမ်ားစြာ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္အေပၚ people media က ႏုိင္ငံေတာ္သမၼတ(နိုင္ငံေရး)အႀကံေပးေဟာင္း ဦးကိုကိုလိႈင္ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။

“ပါတီဆိုတာကေတာ့ အေျခခခံဥပေဒအရ ေပးထားတဲ့အခြင့္အေရးအရ ပါတီေထာင္ၾကတာေပါ့။ ပါတီေထာင္ ၾကေတာ့ သူ႔ပါတီမ်ားတာကိုလည္း ေလွ်ာ့ခ်လုိ႔ ျဖစ္တာမွမဟုတ္တာ။ သူတို႔ဝါသနာပါရင္ စုၿပီးေထာင္ၾကမွာဘဲ ေပါ့။ ဒါသူနိုင္ငံေရးပါတီဆိုင္ရာ ဥပေဒအရ သူလုပ္ပိုင္ခြင့္ရွိလို႔လုပ္ၾကတာ။ အဲဒီေတာ့ ဘယ္သူ႔အေပၚမွာ မူတည္ လဲဆိုေတာ့ ျပည္သူလူထုအေပၚမွာဘဲမူတည္တာေပါ့။ မဲေပးတဲ့ျပည္သူလူထုက စိစစ္ၿပီးေတာ့မွ ကိုယ္ထည့္ခ်င္ တဲ့ပါတီကို ထည့္ေပးရတာေပါ့။ ဒီလိုပဲလုပ္ၾကရတာေပါ့။ အဲဒီေတာ့ လူထုအားေပးေထာက္ခံမႈမရတဲ့ပါတီေတြက တျဖည္းျဖည္းနဲ႔ နိဂုံးခ်ဳပ္သြားမွာဘဲ။ လူထုေထာက္ခံမႈရတဲ့ပါတီေတြကေတာ့ အရမ္းေကာင္းလာမွာဘဲ’’ဟု ၎ကေျပာသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲအား နို၀င္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည္ဟုျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားၿပီး လက္ရွိတြင္ တည္ဆဲႏုိင္ငံေရးပါတီေပါင္း ၉၆ ပါတီျဖစ္ေၾကာင္းသိရသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ လက္ရွိလူအမ်ားသိရွိေနေသာ ပါတီႀကီးမ်ားမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရး ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္သူ႔ပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ျပည္သူ႔ေရွ႕ ေဆာင္ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ားျဖစ္ေၾကာင္းသိရသည္။

#PeopleMedia #2020election #political

(unicode)
လာမည့်ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုမရသောပါတီများသည် နိဂုံး ချုပ်သွားမည်ဟု နိုင်ငံတော်သမ္မတ အကြံပေး(ဟောင်း) ဦးကိုကို လှိုင်ပြောကြား
………………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၇

လာမည့်ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုမရသောပါတီများသည် တဖြည်းဖြည်းနိဂုံးချုပ်သွားမည်ဟု နိုင်ငံတော် သမ္မတအကြံပေးဟောင်း ဦးကိုကိုလှိုင်ပြောကြားလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများစွာ ဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် people media က နိုင်ငံတော်သမ္မတ(နိုင်ငံရေး)အကြံပေးဟောင်း ဦးကိုကိုလှိုင်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။

“ပါတီဆိုတာကတော့ အခြေခခံဥပဒေအရ ပေးထားတဲ့အခွင့်အရေးအရ ပါတီထောင်ကြတာပေါ့။ ပါတီထောင် ကြတော့ သူ့ပါတီများတာကိုလည်း လျှော့ချလို့ ဖြစ်တာမှမဟုတ်တာ။ သူတို့ဝါသနာပါရင် စုပြီးထောင်ကြမှာဘဲ ပေါ့။ ဒါသူနိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ သူလုပ်ပိုင်ခွင့်ရှိလို့လုပ်ကြတာ။ အဲဒီတော့ ဘယ်သူ့အပေါ်မှာ မူတည် လဲဆိုတော့ ပြည်သူလူထုအပေါ်မှာဘဲမူတည်တာပေါ့။ မဲပေးတဲ့ပြည်သူလူထုက စိစစ်ပြီးတော့မှ ကိုယ်ထည့်ချင် တဲ့ပါတီကို ထည့်ပေးရတာပေါ့။ ဒီလိုပဲလုပ်ကြရတာပေါ့။ အဲဒီတော့ လူထုအားပေးထောက်ခံမှုမရတဲ့ပါတီတွေက တဖြည်းဖြည်းနဲ့ နိဂုံးချုပ်သွားမှာဘဲ။ လူထုထောက်ခံမှုရတဲ့ပါတီတွေကတော့ အရမ်းကောင်းလာမှာဘဲ’’ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီပေါင်း ၉၆ ပါတီဖြစ်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိလူအများသိရှိနေသော ပါတီကြီးများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီနှင့် တိုင်းရင်းသားပါတီများဖြစ်ကြောင်းသိရသည်။

#PeopleMedia #2020election #political


Share this post