• Follow Us on

Home လာမည့္ႏွစ္တြင္ အိုလံပစ္အားကစားပြဲေတာ္က်င္းပႏိုင္ရန္ အရာရာလုပ္ေဆာင္သြားမည္ဟု ဂ်ပန္၀န္ႀကီးခ်ဳပ္က တိျပဳ

လာမည့္ႏွစ္တြင္ အိုလံပစ္အားကစားပြဲေတာ္က်င္းပႏိုင္ရန္ အရာရာလုပ္ေဆာင္သြားမည္ဟု ဂ်ပန္၀န္ႀကီးခ်ဳပ္က တိျပဳ

Share this post

တိုက်ိဳ၊ ေအာက္တိုဘာ ၁၆

လာမည့္ႏွစ္တြင္ ဂ်ပန္ႏုိင္ငံ၌ အိုလံပစ္အားကစားပြဲေတာ္က်င္းပႏိုင္ရန္ အရာရာအားလံုးလုပ္ေဆာင္သြားမည္ဟု ဂ်ပန္၀န္ႀကီးခ်ဳပ္ ယို႐ွီဟီဒဲ ဆူဂါက ေသာၾကာေန႔တြင္ေျပာသည္။

ဂ်ပန္အိုလံပစ္ေကာ္မတီႏွင့္ ႏိုင္ငံတကာအိုလံ ပစ္ေကာ္မတီတို႔ ရင္းရင္းႏွီးႏွီးအလုပ္လုပ္ၿပီး အားကစားပြဲေတာ္ က်င္းပႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ ယခုႏွစ္တြင္ ဂ်ပန္ႏုိင္ငံ၌က်င္းပရန္စီစဥ္ထားသည့္ ၂၀၂၀ တုိက်ိဳအိုလံ ပစ္ကို အခ်ိန္ေ႐ႊ႕ဆိုင္းခဲ့ၿပီး လာမည့္ ၂၀၂၁ ခုႏွစ္တြင္က်င္းပရန္စီစဥ္ထားသည္။

အာဏာရၿပီးတစ္လအၾကာ ဂ်ပန္ႏုိင္ငံ၏အႀကီးဆံုးသတင္းေအဂ်င္စီက်ိဳဒိုနယူးစ္ကျပဳလုပ္သည့္ ၿမိဳ႕ေတာ္ခန္းမ စကား၀ိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကိုထိန္းသိမ္းရန္ႏွင့္ စီးပြားေရးျပန္လည္႐ွင္သန္ရန္ အစီအမံမ်ားပူးေပါင္းေဆာင္ ႐ြက္သြားမည္ဟုလည္း ဆူဂါကေျပာသည္။

တနဂၤေႏြေန႔တြင္ ဗီယက္နမ္ႏွင့္အင္ဒိုနီး႐ွားႏုိင္ငံတို႔သို႔သြားေရာက္ရန္႐ွိေနေၾကာင္းလည္း ေျပာၿပီး ေဒသတြင္း တည္ၿငိမ္မႈ႐ွိရန္ လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသျဖစ္လာေရးလိုအပ္ေၾကာင္းလည္းေျပာသည္။

ထိုခရီးစဥ္သည္ ၀န္ႀကီးခ်ဳပ္ျဖစ္လာၿပီးေနာက္ ပထမဆံုးႏိုင္ငံျခားခရီးစဥ္ျဖစ္သည္။

Ref : Japan PM Suga vows to do all it takes to organise Tokyo Olympics next year

#PeopleMedia

(unicode)
လာမည့်နှစ်တွင် အိုလံပစ်အားကစားပွဲတော်ကျင်းပနိုင်ရန် အရာရာလုပ်ဆောင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်က တိပြု
………………………………………………

တိုကျို၊ အောက်တိုဘာ ၁၆

လာမည့်နှစ်တွင် ဂျပန်နိုင်ငံ၌ အိုလံပစ်အားကစားပွဲတော်ကျင်းပနိုင်ရန် အရာရာအားလုံးလုပ်ဆောင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက သောကြာနေ့တွင်ပြောသည်။

ဂျပန်အိုလံပစ်ကော်မတီနှင့် နိုင်ငံတကာအိုလံ ပစ်ကော်မတီတို့ ရင်းရင်းနှီးနှီးအလုပ်လုပ်ပြီး အားကစားပွဲတော် ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ယခုနှစ်တွင် ဂျပန်နိုင်ငံ၌ကျင်းပရန်စီစဉ်ထားသည့် ၂၀၂၀ တိုကျိုအိုလံ ပစ်ကို အချိန်ရွှေ့ဆိုင်းခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင်ကျင်းပရန်စီစဉ်ထားသည်။

အာဏာရပြီးတစ်လအကြာ ဂျပန်နိုင်ငံ၏အကြီးဆုံးသတင်းအေဂျင်စီကျိုဒိုနယူးစ်ကပြုလုပ်သည့် မြို့တော်ခန်းမ စကားဝိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းသိမ်းရန်နှင့် စီးပွားရေးပြန်လည်ရှင်သန်ရန် အစီအမံများပူးပေါင်းဆောင် ရွက်သွားမည်ဟုလည်း ဆူဂါကပြောသည်။

တနင်္ဂနွေနေ့တွင် ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သို့သွားရောက်ရန်ရှိနေကြောင်းလည်း ပြောပြီး ဒေသတွင်း တည်ငြိမ်မှုရှိရန် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်လာရေးလိုအပ်ကြောင်းလည်းပြောသည်။

ထိုခရီးစဉ်သည် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်သည်။

Ref : Japan PM Suga vows to do all it takes to organise Tokyo Olympics next year

#PeopleMedia


Share this post