• Follow Us on

Home လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးမည်

လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးမည်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၌ နိုင်ငံရေးပါတီများနှင့် UEC အဖွဲ့၏ ၃ ရက်ကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ရလဒ်အရ လာမည့် ၂၀၂၃ ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးရန် နိုင်ငံရေးပါတီများက သ ဘောတူလိုက်ကြောင်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့ကပြောဆိုသည်။

 

လာမည့်ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရာတွင် ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ ပြည် နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များတွင် PR စနစ်အား ကျင့်သုံးမည်ဖြစ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် ရွေးကောက်ပွဲစနစ်တွင် FPTP စနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရက်ခဲ့သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

“အခုက ၇၅ ရာခိုင်နှုန်း သေခြာသလောက်ကို ဖြစ်သွားပြီ ပါတီတွေ အကုန်လုံးကလည်း သဘောတူတယ်။ PR စနစ်နဲ့ ပတ်သက်တဲ့ ဥပဒေကလည်း ဆွဲပြီးသွားပြီ Right to Recall ဥပဒေကည်း သူတို့က ဆွဲပြီးသွားပြီ” ဟု နိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

အဆိုပါ ဆွေးနွေးပွဲကို ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ် စားလှယ်ဦးရေ ၁၁၅ ဦး တက်ရောက်ခဲ့သည်။

 

အလားတူ လာမည့်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ကျင်းပသွားမယ်လို့ န-စ-ကဥက္ကဋ္ဌ တရားဝင် ပြောဆိုမှု ပြုလုပ်ထားသည်။

 

#PeopleMedia #2023election #PR

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #2023election #PR


Share this post