• Follow Us on

Home လာမည့် ၂၀၂၄ ခုနှစ်အတွက် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဟု လဝက၀န်ကြီး ဦးခင်ရီ ပြောဆို

လာမည့် ၂၀၂၄ ခုနှစ်အတွက် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဟု လဝက၀န်ကြီး ဦးခင်ရီ ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃ (People Media)

 

လာမည့် ၂၀၂၄ ခုနှစ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ပြောကြားခဲ့သည်။

 

အဆိုပါ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်း သုံးသပ်တင်ပြခြင်းကို စက်တင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းအချိန်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းမှအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

 

မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူရန်လျာထားရာ လာမည့် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန်အချိန်ကျ ရောက်ပြီဖြစ်ပြီး လုပ်ငန်းစဉ်များကို အချက် ၄ ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းကို လုပ်ငန်းအဆင့် ၈ ဆင့်ဖြင့် လပေါင်း ၃၀ ကြာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယင်းအပြင် ယခင်အတွေ့အကြုံများအပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်သည့်လူအင်အား၊ နည်းပညာနှင့် စက်ကိရိယာအင်အားများကို အသေးစိတ် တွက်ချက်၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ၂၀၂၄ ခုနှစ်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ လုပ်ငန်းအဆင့် ၄ ဆင့်ဖြင့် ကောက်ယူမည်ဖြစ်ပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ် ကာလအတွင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်နိုင်သမျှအကောင်အထည်ဖော် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်း စစ်၊ စာရင်းကောက်အင်အား ၄၂၀၀၀ ခန့်သည် ကောက်ကွက်ပေါင်း ၁၁၀၀၀၀ ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူနိုင်ရေး အသေးစိတ်စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

#PeopleMedia #လဝက #သန်းခေါင်စာရင်း #ဦးခင်ရီ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post