• Follow Us on

Home လာမယ့်တစ်ပတ်မှာ ကမ္ဘာတစ်လွှားအာကာသအေဂျင်စီတွေ လကမ္ဘာ ကို သုတေသနလုပ်ဖို့ဆွေးနွေးမယ်


Share this post

မော်စကို၊ ဇွန် ၅





#PeopleMedia

(unicode)
လာမယ့်တစ်ပတ်မှာ ကမ္ဘာတစ်လွှားအာကာသအေဂျင်စီတွေ လကမ္ဘာ ကို သုတေသနလုပ်ဖို့ဆွေးနွေးမယ်
…………………………………………………

မော်စကို၊ ဇွန် ၅

ရုရှားနိုင်ငံရဲ့အာကာသအေဂျင်စီရို့စ်ကို့စ်မို့စ် ညွှန်ကြားရေးမှူးဒီမစ်ထရီရိုဂိုဇင်နဲ့ အမေရိကန်၊ ဥရောပ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံတို့က အာကာသအေဂျင်စီတွေရဲ့ခေါင်းဆောင်တွေဟာ လကမ္ဘာကိုသုတေသနလုပ်ဖို့ ဗီဒီယိုညီလာခံဆွေးနွေးဖို့ ဇွန် ၉ ရက်မှာ စီစဉ် ထားတယ်လို့ ရို့စ်ကို့စ်မို့စ်အေဂျင်စီက သတင်းရင်းမြစ်တစ်ယောက်က TASS သတင်းအေဂျင်စီကိုပြောပါတယ်။

အမေရိကန်အာကာသအေဂျင်စီနာဆာခေါင်းဆောင်ဂျင် ဘရန်ဒန်စတိန်းရဲ့တောင်းဆိုချက်ကြောင့် ဆွေးနွေးတာပါ။ အမေရိ ကန်ရဲ့လကမ္ဘာအစီအစဉ် အာတီးမစ်အကောင်အထည်ဖော်တာကို ထောက်ပံ့သွားကြဖို့ ဆွေးနွေးသွားကြမယ်လို့လည်း သိရပါ တယ်။

နိုင်ငံတကာအာကာသစခန်း ISS အပေါ် ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးသွားကြမှာပါ။ ရုရှားနိုင်ငံဘက်ကတော့ ကမ္ဘာ ပတ်လမ်းကြောင်းပေါ်က အာကာသစခန်းအတွက် ရုရှားနိုင်ငံရဲ့မော်ဒယ်သစ်စမ်းသပ်မှုနဲ့ အနာဂတ်မှာ လူလိုက်ပါနိုင်တဲ့ အာ ကာသယာဉ် အိုရယ်အပေါ် လုပ်ငန်းတွေကိုလည်း ဆွေးနွေးသွားမယ်လို့အသိပေးထားပါတယ်။

Ref : Roscosmos, NASA, other space agencies to discuss Moon research on June 9

#PeopleMedia


Share this post