• Follow Us on

Home လာရိႈးၿမိဳ႕နယ္တြင္ ႀကိဳးတုပ္အသတ္ခံရသည့္ အမ်ိဳးသမီး ၂ ဦး၏ ျဖစ္စဥ္သည္ လူမႈေရးကိစၥေၾကာင့္ျဖစ္ေၾကာင္း က်ဴးလြန္သူ ထြက္ဆို

လာရိႈးၿမိဳ႕နယ္တြင္ ႀကိဳးတုပ္အသတ္ခံရသည့္ အမ်ိဳးသမီး ၂ ဦး၏ ျဖစ္စဥ္သည္ လူမႈေရးကိစၥေၾကာင့္ျဖစ္ေၾကာင္း က်ဴးလြန္သူ ထြက္ဆို

Share this post

လာရိႈး၊ ဇြန္ – ၁၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္ မက္ခ်ိႏုေက်းရြာသခ်ႋဳင္းအနီး ႀကိဳးတုပ္အသတ္ခံထားရသည့္အမ်ိဳးသမီး ၂ ဦးအမႈကို ေဖၚထုတ္ႏိုင္ခဲ့ၿပီး လူမႈေရးကိစၥေၾကာင့္ျဖစ္ေၾကာင္း က်ဴးလြန္သူမွ ထြက္ဆိုသည္ဟု လာရိႈးၿမိဳ႕မရဲစခန္းမွဴးကေျပာသည္။

အဆိုပါ အမ်ိဳးသမီး ၂ ဦးေသဆံုးမႈႏွင့္ပတ္သက္ၿပီး အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၁ ဦးအား မသကၤာျခင္းေၾကာင့္ ေခၚယူစစ္ေဆး ခဲ့ၿပီး စစ္ေဆးသည့္အထဲတြင္ပါ၀င္သည့္ ခ်စ္ကို(ခ)ပိုင္စိုးဦးက က်ဴးလြန္ခဲ့ေၾကာင္း ၀န္ခံခဲ့ၿပီး ယေန႔နံနက္ပိုင္းက သြားလာခဲ့သည့္ ေနရာမ်ားကို လိုက္လံျပသခဲ့ေၾကာင္း လားရိႈးၿမိဳ႕မ ရဲစခန္းမွဴးကေျပာသည္။

ျဖစ္စဥ္မွာ အဆိုပါအမ်ိဳးသမီး ၂ ဦးအနက္ မနန္းဟြမ္မွာ က်ဴးလြန္သူႏွင့္ လူမႈေရးကိစၥပတ္သက္ေနသူျဖစ္ၿပီး မၾကာခဏသြား လာေလ့ရွိေၾကာင္း ယခုလ ၁၀ရက္ နံနက္ပိုင္းက ခ်စ္ကို(ခ)ပိုင္စိုးေအာင္က မနန္းဟြမ္ကို ၎၏အိမ္တြင္ သြားေခၚရာမွ မနန္းဟြမ္က ေဆြမ်ိဳးေတာ္စပ္သူ နန္းေလာင္ခမ္းကို အတူသြားေရာက္ေခၚငင္ကာ လာရိႈးၿမိဳ႕ ေရကန္ေတာင္ရွိ အမွတ္ ၁၄ ေရကန္သို႔ သြားေရာက္ခဲ့ၾကသည္။

ယင္းေနာက္ ခ်စ္ကို(ခ)ပိုင္စိုးေအာင္က ၀ယ္ယူလာသည့္ Blue Mountain အခ်ိဳေရဗူး၊ ေလးဗူးအနက္ အမ်ိဳးသမီး ၂ ဦး ေသာက္မည့္ အခ်ိဳရည္ဗူးမ်ားအတြင္း အိပ္ေဆးမ်ားခတ္ကာ တိုက္ခဲ့ျခင္းေၾကာင့္ အမ်ိဳးသမီး ၂ ဦးမွာ အိပ္ေပ်ာ္သြားခ်ိန္တြင္ အသင့္ပါလာသည့္ ႏိုင္လြန္ႀကိဳးျဖင့္ ခ်ည္တုပ္ျခင္း၊ ပါးစပ္မ်ားကို တိတ္အၾကည္ျဖင့္ပိတ္ျခင္းတို႔ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ ခ်စ္ကို(ခ)ပိုင္စိုးေအာင္မွာ ကားစက္သတ္၍ ကားတံခါးမ်ားလည္း ပိတ္ၿပီး ေရကန္ေတာင္၀န္းက်င္တြင္ လမ္းေလ်ာက္ေနခဲ့ကာ ၃ နာရီခန္႔အၾကာ ျပန္လာၾကည့္ခ်ိန္တြင္ အမ်ိဳးသမီး ၂ ဦးမွာ ေသဆံုးေနခဲ့သည္။

ထိုသို႔ေသဆံုးေနသည့္အတြက္ လူသူေ၀းရာ လာရိႈးၿမိဳ႕အေရွ႕ေျမာက္ဘက္ ၅ မိုင္ခန္႔အကြာရွိ မတ္ခ်ိႏုေက်းရြာ သခ်ႋဳင္းအနီးၿခံဳ ေတာထဲတြင္ အေလာင္းကို ေဖ်ာက္ဖ်က္ထားခဲ့ျခင္းျဖစ္ေၾကာင္း လာရိႈးၿမိဳ႕မရဲစခန္းမွဴးကေျပာသည္။ ေသဆံုးသူအမ်ိဳးသမီး ၂ ဦးမွာ လာရိႈးၿမိဳ႕တြင္ ေနထိုင္ၾကသူမ်ားျဖစ္ၿပီး က်ဴးလြန္သူ ခ်စ္ကို(ခ)ပိုင္စိုးေအာင္မွာလည္း လာရိႈးၿမိဳ႕တြင္ေနထိုင္ကာ အငွား ယာဥ္ေမာင္းတစ္ဦးျဖစ္ေၾကာင္းသိရသည္။

အမႈႏွင့္ပတ္သက္ၿပီး ခ်စ္ကို(ခ)ပိုင္စိုးေအာင္အပါအ၀င္ သံသယရွိသူမ်ားကို စစ္ေဆးေနဆဲျဖစ္ေၾကာင္းႏွင့္ ဆက္စပ္သည့္ အေၾကာင္းအရာမ်ားကို ေဖၚထုတ္ရန္ရွိေနေသးေၾကာင္း၊ က်ဴးလြန္ေၾကာင္းေပၚေပါက္လာပါက တည္ဆဲဥပေဒမ်ားအရ အမႈဖြင့္ကာ တရားစြဲသြားမည္ျဖစ္ေၾကာင္း လာရိႈးၿမိဳ႕မရဲစခန္းမွသိရသည္။

လာရိႈးၿမိဳ႕တြင္ ၿပိီးခဲ့သည့္ေမလအတြင္းကလည္း ေကာေကြ႕ဆည္အသြားလမ္း ၿခံဳေတာအတြင္း ခ်ိန္းေတြ႕ေနသည့္ လူငယ္ ၂ ဦးအနက္ အမ်ိဳးသားကို ဓါးျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့သည္။

Juno

#PeopleMedia

(unicode)
လာရှိုးမြို့နယ်တွင် ကြိုးတုပ်အသတ်ခံရသည့် အမျိုးသမီး ၂ ဦး၏ ဖြစ်စဉ်သည် လူမှုရေးကိစ္စကြောင့်ဖြစ်ကြောင်း ကျူးလွန်သူ ထွက်ဆို
……………………………………………………

လာရှိုး၊ ဇွန် – ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မက်ချိနုကျေးရွာသင်္ချိုင်းအနီး ကြိုးတုပ်အသတ်ခံထားရသည့်အမျိုးသမီး ၂ ဦးအမှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး လူမှုရေးကိစ္စကြောင့်ဖြစ်ကြောင်း ကျူးလွန်သူမှ ထွက်ဆိုသည်ဟု လာရှိုးမြို့မရဲစခန်းမှူးကပြောသည်။

အဆိုပါ အမျိုးသမီး ၂ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးအား မသင်္ကာခြင်းကြောင့် ခေါ်ယူစစ်ဆေး ခဲ့ပြီး စစ်ဆေးသည့်အထဲတွင်ပါဝင်သည့် ချစ်ကို(ခ)ပိုင်စိုးဦးက ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယနေ့နံနက်ပိုင်းက သွားလာခဲ့သည့် နေရာများကို လိုက်လံပြသခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှူးကပြောသည်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီး ၂ ဦးအနက် မနန်းဟွမ်မှာ ကျူးလွန်သူနှင့် လူမှုရေးကိစ္စပတ်သက်နေသူဖြစ်ပြီး မကြာခဏသွား လာလေ့ရှိကြောင်း ယခုလ ၁၀ရက် နံနက်ပိုင်းက ချစ်ကို(ခ)ပိုင်စိုးအောင်က မနန်းဟွမ်ကို ၎င်း၏အိမ်တွင် သွားခေါ်ရာမှ မနန်းဟွမ်က ဆွေမျိုးတော်စပ်သူ နန်းလောင်ခမ်းကို အတူသွားရောက်ခေါ်ငင်ကာ လာရှိုးမြို့ ရေကန်တောင်ရှိ အမှတ် ၁၄ ရေကန်သို့ သွားရောက်ခဲ့ကြသည်။

ယင်းနောက် ချစ်ကို(ခ)ပိုင်စိုးအောင်က ဝယ်ယူလာသည့် Blue Mountain အချိုရေဗူး၊ လေးဗူးအနက် အမျိုးသမီး ၂ ဦး သောက်မည့် အချိုရည်ဗူးများအတွင်း အိပ်ဆေးများခတ်ကာ တိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးမှာ အိပ်ပျော်သွားချိန်တွင် အသင့်ပါလာသည့် နိုင်လွန်ကြိုးဖြင့် ချည်တုပ်ခြင်း၊ ပါးစပ်များကို တိတ်အကြည်ဖြင့်ပိတ်ခြင်းတို့ပြုလုပ်ခဲ့သည်။ ထို့နောက် ချစ်ကို(ခ)ပိုင်စိုးအောင်မှာ ကားစက်သတ်၍ ကားတံခါးများလည်း ပိတ်ပြီး ရေကန်တောင်ဝန်းကျင်တွင် လမ်းလျောက်နေခဲ့ကာ ၃ နာရီခန့်အကြာ ပြန်လာကြည့်ချိန်တွင် အမျိုးသမီး ၂ ဦးမှာ သေဆုံးနေခဲ့သည်။

ထိုသို့သေဆုံးနေသည့်အတွက် လူသူဝေးရာ လာရှိုးမြို့အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မတ်ချိနုကျေးရွာ သင်္ချိုင်းအနီးခြုံ တောထဲတွင် အလောင်းကို ဖျောက်ဖျက်ထားခဲ့ခြင်းဖြစ်ကြောင်း လာရှိုးမြို့မရဲစခန်းမှူးကပြောသည်။ သေဆုံးသူအမျိုးသမီး ၂ ဦးမှာ လာရှိုးမြို့တွင် နေထိုင်ကြသူများဖြစ်ပြီး ကျူးလွန်သူ ချစ်ကို(ခ)ပိုင်စိုးအောင်မှာလည်း လာရှိုးမြို့တွင်နေထိုင်ကာ အငှား ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်းသိရသည်။

အမှုနှင့်ပတ်သက်ပြီး ချစ်ကို(ခ)ပိုင်စိုးအောင်အပါအဝင် သံသယရှိသူများကို စစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် ဆက်စပ်သည့် အကြောင်းအရာများကို ဖေါ်ထုတ်ရန်ရှိနေသေးကြောင်း၊ ကျူးလွန်ကြောင်းပေါ်ပေါက်လာပါက တည်ဆဲဥပဒေများအရ အမှုဖွင့်ကာ တရားစွဲသွားမည်ဖြစ်ကြောင်း လာရှိုးမြို့မရဲစခန်းမှသိရသည်။

လာရှိုးမြို့တွင် ပြိီးခဲ့သည့်မေလအတွင်းကလည်း ကောကွေ့ဆည်အသွားလမ်း ခြုံတောအတွင်း ချိန်းတွေ့နေသည့် လူငယ် ၂ ဦးအနက် အမျိုးသားကို ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။

Juno

#PeopleMedia


Share this post