• Follow Us on

Home လာရောက်လုပ်ကြံသည့် အကြမ်းဖက်သမားနှစ်ဦးကို ရွာသားတစ်ဦးက ပြန်လည်ခုခံရာ အကြမ်းဖက် သမားများ သေနတ်ထားပြီး ထွက်ပြေး

လာရောက်လုပ်ကြံသည့် အကြမ်းဖက်သမားနှစ်ဦးကို ရွာသားတစ်ဦးက ပြန်လည်ခုခံရာ အကြမ်းဖက် သမားများ သေနတ်ထားပြီး ထွက်ပြေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းအုပ်စု၊ ရွှေကြို့ပင်ကျေးရွာအနီးတွင် သေနတ်ဖြင့် လာရောက်လုပ်ကြံသည့် အကြမ်းဖက်သမား နှစ်ဦးကို ရွာသားတစ်ဦးမှ ပြန်လည်ခုခံထိုးကြိတ်ခဲ့သဖြင့် အကြမ်းဖက်သမားနှစ်ဦးမှာ သေနတ်ထားပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကြို့ပင်ကျေးရွာတွင် နေထိုင်သည့် ဦးဂတုံး (ခ) ဦးကြီးမြင့် (၆၉)နှစ်သည် ၎င်းမတ်ပဲခင်းမှ ရွာသို့ ပြန်လာစဉ် ရွာ၏ တောင်ဘက် ကိုက် (၁၀၀)ခန့်အရောက် လက်နက်ကိုင်ဆောင်ထားသည့် အကြမ်းဖက် သမား နှစ်ဦးက ရှေ့မှ ကြိုတင်စောင့်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးကြီးမြင့်တွင် ဝဲ/ယာ ပေါင် ထိမှန်ဒဏ်ရာ (၂)ချက်၊ ကျောကုန်းယာဘက် ရှပ်မှန်ဒဏ်ရာ (၁)ချက် စသည့် ဒဏ်ရာများ ရရှိခဲ့သည်။

 

ထို့နောက်တွင် ဦးကြီးမြင့်မှ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သည့် အကြမ်းဖက်သမားနှစ်ဦးကို ပြန်လည်လုံး ထွေး ထိုးကြိတ်ခဲ့သဖြင့် အကြမ်းဖက်သမားနှစ်ဦးမှာ လယ်ကွင်းဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ပြီး ယင်းတို့ထံမှ သေနတ် (၂)လက်နှင့် (၉)မမကျည် (၅)တောင့်တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဒဏ်ရာရရှိသူ ဦးကြီးမြင့်အား ဖေဖော်ဝါရီလ (၁၄)ရက် ည (၁၀)နာရီ (၅၀)မိနစ်အချိန်တွင် ရွှေကြို့ပင် လူမှုကူညီရေးယာဉ်ဖြင့် မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ရန်ကုန် ကုတင် (၁၀၀၀) တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခမုံဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post