• Follow Us on

Home လားရွိုးၿမိဳ႕နယ္၌ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ ပစ္သတ္ခံရ

လားရွိုးၿမိဳ႕နယ္၌ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ ပစ္သတ္ခံရ

Share this post

ရန္ကုန္၊ေအာက္တိုဘာ-၁၆

ရွမ္းျပည္နယ္ေျမာက္ပိုင္း လာရွိုးၿမိဳ႕နယ္ နားကြန္းလုံေက်း႐ြာအုပ္စု၊မန္းေကာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးသည္ ၎၏ ေနအိမ္၌ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရသည္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးမာကု(အသက္-၆၀)သည္ ေအာက္တိုဘာ (၁၅)ရက္၌ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္။လက္ရွိအခ်ိန္၌ အေလာင္းကို လားရွိုးျပည္သူ႕ေဆး႐ုံႀကီးသို႔ လူမႈအဖြဲ႕မ်ားမွ သြားေရာက္ပို႔ေဆာင္ထားၿပီးျဖစ္သည္။

လားရွိုးၿမိဳ႕နယ္၌ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕အပါအဝင္ အျခားေသာ လက္နက္ကိုင္အဖြဲ႕မ်ား လႈပ္ရွားေသာ နယ္ေျမျဖစ္ၿပီး မၾကာခဏ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား အသတ္ခံရျခင္း၊ေက်း႐ြာေနျပည္သူမ်ားကို စစ္မႈထမ္းရန္ လက္နက္ကိုင္အဖြဲ႕မ်ားမွ အၾကမ္းဖက္၍ ေခၚေဆာင္လွ်က္ရွိသည္။

[Unicode]
လားရှိုးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊အောက်တိုဘာ-၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် နားကွန်းလုံကျေးရွာအုပ်စု၊မန်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်း၏ နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမာကု(အသက်-၆၀)သည် အောက်တိုဘာ (၁၅)ရက်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။လက်ရှိအချိန်၌ အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ လူမှုအဖွဲ့များမှ သွားရောက်ပို့ဆောင်ထားပြီးဖြစ်သည်။

လားရှိုးမြို့နယ်၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသော နယ်မြေဖြစ်ပြီး မကြာခဏ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသတ်ခံရခြင်း၊ကျေးရွာနေပြည်သူများကို စစ်မှုထမ်းရန် လက်နက်ကိုင်အဖွဲ့များမှ အကြမ်းဖက်၍ ခေါ်ဆောင်လျှက်ရှိသည်။

Photo-လားရႈိး လူငယ္မ်ား လူမႈကူညီေရးအဖြဲ႔


Share this post