• Follow Us on

Home လားရှိုး၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံး

လားရှိုး၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံး

Share this post

ရန်ကုန်၊ သြဂုတ် – ၁၉

လားရှိုးမြို့နယ်၊ ကုန်ဆာကျေးရွာ၌ လက်နက်ကြီး ကျရောက်ပေါက်ပွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“သြဂုတ်လ ၁၈ ရက်နေ့က ဖြစ်တာပါ။ ညဘက် ၇နာရီနဲ့ ၈ နာရီလောက်မှာ ဖြစ်သွားတာ။ တစ်ဦးသေသွားတယ်။ သေဆုံးသွားသူက သားသမီးနှစ်ယောက် ဖခင်လို့ သိရတယ်”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

လက်ရှိအချိန်၌ ရှမ်းမြောက်ဒေသများ၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော်တိုက်ပွဲများ ပြင်းထန် လျှက်ရှိသည်။


Share this post