• Follow Us on

Home လားရှိုးမြို့နယ်၌ RCSS/SSA အဖွဲ့မှ ဆက်ကြေးကောက်သူတစ်ဦးကို တပ်မတော် ဖမ်းဆီး


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၎




#PeopleMedia

(Unicode)
လားရှိုးမြို့နယ်၌ RCSS/SSA အဖွဲ့မှ ဆက်ကြေးကောက်သူတစ်ဦးကို တပ်မတော် ဖမ်းဆီး
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၌ RCSS/SSA အဖွဲ့မှ ဆက်ကြေးကောက်သူတစ်ဦးကို တပ်မတော်က ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာနေ ဦးကျော်မြင့်ထံသို့ ဆက်ကြေးငွေ ၁၅ သိန်းအား လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၃)၊ သိန်းနီလမ်းရှိ ယုံဟော်စားသောက်ဆိုင်ရှေ့၌ လာရောက်ပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း သတင်းအရ ယနေ့နံနက် ၉ နာရီခန့်တွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ RCSS/SSA အဖွဲ့မှ ဆက်ကြေးတာဝန်ခံသူရအောင်(ဘ)ဦးစိုးဝင်းအား ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post