• Follow Us on

Home လားရှိုးမြို့တွင် ယောက္ခမဖြစ်သူကို သားမက်မှ သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့် ဖမ်းဆီးစစ်ဆေး

လားရှိုးမြို့တွင် ယောက္ခမဖြစ်သူကို သားမက်မှ သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့် ဖမ်းဆီးစစ်ဆေး

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၇) နေ ဦးပီရှန်းမှ ဇန်နဝါရီ ၆ ရက်နေ့က ၎င်းကို သေနတ်ဖြင့် ခြိမ်းခြောက်ခံနေရကြောင်းကို မြို့မရဲစခန်းသို့ အကြောင်းကြားလာသဖြင့် ခေတ္တစခန်းမှူး ဒုရဲမှူး ရဲထွေးနှင့် သတင်းရဲတပ်ဖွဲ့ (SB) အပါဝင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရတ လားရှိုး)မှ ဗိုလ်ကြီး ဖုန်း မြတ်ထက်နှင့် ပူးပေါင်းအဖွဲ့တို့မှ ရပ်ကွက် (၇) အုပ်ချုပ်ရေးမှူး ဦးစည်သူရနှင့် အဖွဲ့ဝင်များမှ သွားရောက် စစ်ခဲ့ကြောင်း လားရှိုးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ခြိမ်းခြောက်ခံရသူ ဦးပီရှန်းကို မေးမြန်းရာ ၎င်း၏သားမက်ဖြစ်သူ လီဖူရှိုး (ခ) စန်းတီမှ ၎င်း၏ ဇနီး ဖြစ်သူ မသက်မွန်မြင့်အား ထုတ်ပေးရန်နှင့် ထုတ်မပေးပါက သတ်ပစ်မည်ဟု သေနတ်ထုတ်ကာ ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ရဲစခန်းသို့ဖုန်းဆက်အကြောင်း ကြားခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရှိ ရကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ပူးပေါင်းဖမ်းဆီးရေးအဖွဲ့မှ လီဖူရှိုး (ခ) စန်းတီ နေထိုင်ရာ ရပ်ကွက် (၇)၊ နယ်မြေ (၆)၊ အေးသာ ယာလမ်း၊ အိမ်အမှတ်(ဆ/၆/၃၃၂)နေအိမ်သို့ စစ်ဆေးခဲ့ရာ လီဖူရှိုး (ခ) စန်းတီအား နေအိမ်တွင် မောင်းပြန် ရိုင်ဖယ်သေနတ် (၁) လက် ကိုင်ဆောင်ထားပြီး ငါးလုံးပြူးသေနတ် (၁) လက်ကို ခါးတွင် ချိတ်လျှက်တွေ့ရှိရပြီး ၎င်း စီးနင်းသည့် ယာဉ်အမှတ် YGN-4P/36—— နံပါတ်ပြားပါ TOYOTA SEQUOAI အဖြူရောင်ယာဉ်ပေါ် တွင် Type-81 မောင်းပြန်ရိုင်ဖယ် သေနတ် (၁) လက်နှင့် ၎င်းကျည် (၁၁၈) တောင့်၊ ၎င်းကျည်အိမ် (၄) ခု။ Luger (38 mm Special) ငါးလုံးပြူးသေနတ် (၁) လက်နှင့် ၎င်းကျည် (၃၂) တောင့်။ လက်ထိပ် (၂) စုံ။ TDK အမှတ်တံဆိပ် စကားပြောစက် (၃) လုံး။ RUIZHONGLONG အမှတ် တံဆိပ်ပါ စကားပြောစက် (၁) လုံး။ EPOLO စာတမ်းပါ စကားပြောစက် (၁) လုံး။ မုံးဟ ပြည်သူစစ်ဘက်တံဆိပ်ပါ ယူနီဖောင်း (၃) စုံ။ ဘက်တံ ဆိပ်မပါ ယူနီဖောင်း (၅) စုံ။ မုံးဟပြည်သူစစ် ဘက်တံဆိပ် (၂) စုံ။ စစ်စိမ်းရောင် ကျောပိုး အိတ် (၁) လုံး။ စစ်စိမ်းရောင် ဖိုက်ဘာ ဦးထုပ် (၁)လုံး။ ပစ္စတိုသေနတ်ထည့်သည့် သေနတ်အိတ် (၂) ခု။ ကျည်ခါးပတ် (၂) ခု။ စစ်စိမ်းရောင် Equipment (၁) စုံ။ ပြောက်ကျား ဘေးလွယ်အိတ် (၁)လုံး။ စစ်စိမ်းရောင်ခါးပတ် (၁) ချောင်း။ ပလပ်စတစ် လက္ပစ္ဗုံး (fuse ပါ) (၁) လုံး။ ဝါယာလက် မီးလုံး (၁) လုံး။ ငွေစက္ကူရော ရာ (၄၀၀၀၀၀ိ/-) လေးသိန်းကျပ်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသူ လီဖူရှိုး (ခ) စန်းတီ ကိုင် ဆောင်သုံးစွဲသည့် အထက်ပါ လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများမှာ မုံးဟ ပြည်သူ့စစ်မှ တပ်ဖွဲ့ ဝင်များအတွက် ထုတ်ပေးထားခြင်း ဟုတ်/မဟုတ် နှင့် ၎င်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟုတ်/မဟုတ် အတည် ပြုနိုင်ရန် မုံးဟပြည်သူ့စစ်မှ လားရှိုးရုံး တာဝန် ဦးစိုင်းစံအေးအား တွေ့ဆုံအတည်ပြုခဲ့ရာ လီဖူရှိုး(ခ)စန်းတီမှာ ၎င်းတို့၏တပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် တွေ့ရှိရသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများမှာလဲ တပ်ဖွဲ့ပိုင်ပစ္စည်းများမဟုတ်ကြောင်း အတည်ပြုချက်ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများအား တရား ဝင်ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်အသုံးပြု လက်ဝယ်ထားရှိသူ လီဖူရှိုး (ခ) စန်းတီအား ဥပေဒအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#peoplemedia #လားရှိုး

(unicode)
…………………………………………………………








Share this post