• Follow Us on

Home လားရှိုးမြို့၊ ပန်လော့ရွာတွင် ထင်းမီးမှ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားနှင့် ၎င်း၏ (၃) နှစ် အရွယ်သမီးဖြစ်သူတို့ မီးလောင်သေဆုံး

လားရှိုးမြို့၊ ပန်လော့ရွာတွင် ထင်းမီးမှ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားနှင့် ၎င်း၏ (၃) နှစ် အရွယ်သမီးဖြစ်သူတို့ မီးလောင်သေဆုံး

Share this post

နေပြည်တော်၊ မတ် ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ ပန်လော့ရွာတွင် ထင်းမီးမှ မီးကူးစက်၍ မီး လောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားနှင့် ၎င်း၏ (၃) နှစ်အရွယ် သမီးဖြစ်သူတို့ မီးလောင်သေဆုံးသွား ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၂ ရက် နံနက် ၁၂ နာရီကျော်အချိန်၌ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ ပန်လော့ရွာတွင် နေ ထိုင်သည့် ဦးမိုင်းအိုက်မှာ ထမင်းထချက်စဉ် ထင်းမီးမှ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ မီးလောင်မှုဖြစ်ပွားစဉ် ဦးမိုင်းအိုက်မှာ နေအိမ်အတွင်း အိပ်နေသည့် ကလေးနှစ်ဦးကို ဦးစွာ ကယ်တင်ခဲ့ ကြောင်း၊ ထို့နောက် မီးလောင်နေသည့် နေအိမ်အတွင်း ကျန်ရှိနေသည့် (၃) နှစ်အရွယ် သမီးဖြစ်သူအား ထပ်မံ သွားရောက် ကယ်တင်ခဲ့သော်လည်း  ဦးမိုင်းအိုက်နှင့် (၃) နှစ်အရွယ် သမီးဖြစ်သူတို့မှာ လွတ်မြောက်မှုမရှိဘဲ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

“သူတို့က တောင်ယာကို အစောကြီးသွားတော့ ထမင်းဟင်းကို အစောကြီးထချက်တာ။ အဲ့မှာ ထင်းမီးကနေ လေဝေ့ပြီး မီးလောင်သွားတာ။ ကလေးအဖေက အိပ်နေတဲ့ကလေးနှစ်ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်။ ၃ နှစ်အရွယ်ကလေးကို သွားထုတ်တော့ သမီးရော၊ ကလေးအဖေရော မီးလောင်သွားတာ” လို့ ပန်လော့ရွာမှ ဒေသခံတစ်ဦးမှ ပြောသည်။

 

ဦးမိုင်းအိုက်လူ နေအိမ်မီးလောင်မှုကြောင့် အနီးရှိ နေအိမ်တစ်လုံးကိုပါ မီးကူးစပ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဦးမိုင်းအိုက်လူ နေအိမ်တွင် မိသားစုဝင် ၅ ယောက်ရှိပြီး၊ မီးလောင်မှုဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူမှာ လားရှိုးမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #လားရှိုးမြို့ #မီးလောင်မှု

 

(unicode)


………………………………………..

 


 


 


 


 


 


 


 

Photo – Credit

 



Share this post