• Follow Us on

Home လားရှိုးမြို့၌ အသက် (၇) နှစ်အရွယ် မိန်းကလေးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

လားရှိုးမြို့၌ အသက် (၇) နှစ်အရွယ် မိန်းကလေးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

Share this post

တောင်ကြီး၊ ဒီဇင်ဘာ ၂၇ (People Media)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့ရှောင်လမ်းမကြီး၊ စက္ခုပါလကျောင်းအနီး၌ အသက် (၇) နှစ်အရွယ် ရှိသည့် မိန်းကလေးတစ်ဦးသည် ယာဉ်တိုက်ခံရပြီး အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရပါတယ်။

 

ယာဉ်တိုက်ခံရသည့် မိန်းကလေးမှာ လားရှိုးမြို့၊ ခိုက်ကျန်ရွာ၊ ကောင်းကြဲ(အီ)အုပ်စုတွင် နေထိုင်သည့် အသက် (၇)နှစ်အရွယ်ရှိသည့် မထွယ်မွန်းတောင်ဖြစ်ပြီး၊ ယနေ့နံနက် ၁၀ နာရီခန့်တွင် ယာဉ်တိုက်ခံမှုကြောင့် သေဆုံး သွားကြောင်း သိရပါတယ်။

 

“ကလေးမလေးက လမ်းဖြတ်ကူးတာ။ အဲ့အချိန်မှာ ယာဉ်တိုက်မိသွားတာ။ ကလေးက ဆုံးသွားတယ်” လို့ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

ယာဉ်မောင်းသူ အမျိုးသားကို လားရှိုးမြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပါတယ်။

 

အဆိုပါ အခင်းဖြစ်သည့်နေရာသို့ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာဝန်မှူး- ရဲအုပ်ရာဇာ ဦးစီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ မိန်းကလေး၏ အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #လားရှိုးမြို့ #ယာဉ်တိုက်မှု

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post