• Follow Us on

Home လိပ်များကို သတ်ဖြတ်ရောင်းချဝယ်ယူပါက ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း လိပ်ရောင်းချ သူများနှင့် ဝယ်ယူသူများကို မြောက်ဦးသစ်တောဦးစီးဌာန သတိပေး

လိပ်များကို သတ်ဖြတ်ရောင်းချဝယ်ယူပါက ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း လိပ်ရောင်းချ သူများနှင့် ဝယ်ယူသူများကို မြောက်ဦးသစ်တောဦးစီးဌာန သတိပေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁ (People Media)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ယာယီပြောင်းရွှေ့ ရောင်းချနေသည့် ဈေးအတွင်း၌ လိပ်များကိုသတ်ဖြတ် ရောင်းချနေသူများအား တွေ့ရှိရသဖြင့် ယင်းသို့ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြာင်း လိပ်ရောင်းချသူများကို မြောက်ဦးသစ်တောဦးစီးဌာနမှ သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

“လိပ်တွေကို ရခိုင်ကနေ နည်းလမ်းအမျိုးမျိုးနဲ့ ရန်ကုန်ကို ကားတင်ပေးပြီး ရောင်းချမှုတွေ ရှိခဲ့တယ်။ အခုက COVID-19 တတိယလှိုင်းဆိုတော့ ရန်ကုန်က စားသောက်ဆိုင်တွေ မဖွင့်တော့ လိပ်တွေ တင်ပို့မှုတော့ မရှိ တော့ဘူး” လို့ စစ်တွေ-ရန်ကုန် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

အဆိုပါ လိပ်များနှင့် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)အရ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတွင်ဖော်ပြထားသည်။

 

လိပ်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အမိန့်ကြေညာ၊ တည်ဆဲဥ ပဒေများအရ အကာအကွယ်ပေးထားသော်လည်း ရခိုင်ပြည်နယ်၌ ဖမ်းဆီးရောင်းချမှုများ ရှိနေကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

 

Photo – CJ (မြောက်ဦးဈေး၌ ရောင်းချနေသည့်လိပ်များ)

 

#PeopleMedia #မြောက်ဦး #လိပ်

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post