• Follow Us on

Home လိမ္လည္လက္ထပ္မႈျဖင့္ ျမန္မာ့လက္ေရြးစင္ေဘာလံုးသမား ေမာင္ေမာင္လြင္ကို ဇနီးျဖစ္သူမွ တရား႐ုံးႏွစ္ခု၌ တရားစြဲဆို

လိမ္လည္လက္ထပ္မႈျဖင့္ ျမန္မာ့လက္ေရြးစင္ေဘာလံုးသမား ေမာင္ေမာင္လြင္ကို ဇနီးျဖစ္သူမွ တရား႐ုံးႏွစ္ခု၌ တရားစြဲဆို

Share this post

ရန္ကုန္္၊ ေမ ၂၇

လိမ္လည္လက္ထပ္မႈျဖင့္ ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမား ေမာင္ေမာင္လြင္ကို တရား႐ုံးႏွစ္ခု၌ ပုဒ္မႏွစ္ခု ျဖင့္ တရားစဲြဆိုထားေၾကာင္း ဇနီးျဖစ္သူဒီဇိုင္နာ မခင္ၿငိမ္းခ်မ္းက PeopleMedia သို႔ေျပာသည္။

ျမန္မာ့လက္ေရြးစင္ေဘာလံုးသမားေမာင္ေမာင္လြင္ကို အေနာက္ပိုင္းခ႐ုိင္တရား႐ုံးတြင္ တရားမမႈျဖင့္စဲြဆိုထား ၿပီး လိႈင္ၿမိဳ႕နယ္တရား႐ုံးတြင္ ရာဇ၀တ္မႈျဖင့္ စဲြဆိုထားေၾကာင္း ဇနီးျဖစ္သူ မခင္ၿငိမ္းခ်မ္းကေျပာသည္။

“တရားစဲြဆိုတာကေတာ့ လိမ္လည္လက္ထပ္တဲ့ပံုစံမ်ိဳးျဖစ္ေနလို႔စဲြတာပါ။ လက္မထပ္ခင္တုန္းကေတာ့ သူဘက္ ကေျပာထားတာေတြက လက္ထပ္ၿပီးေတာ့ေျပာင္းျပန္ျဖစ္သြားတာမ်ိဳးေတြအဲ့လိုေတြေၾကာင့္ပါ” ဟု မခင္ ၿငိမ္းခ်မ္းကေျပာသည္။

လိႈင္ၿမိဳ႕နယ္တရား႐ုံးတြင္ ပထမဆံုးအႀကိမ္႐ုံးခ်ိန္းကို ၆ လပိုင္း ၈ရက္တြင္စတင္မွာျဖစ္ၿပီး ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမားေမာင္ေမာင္လြင္သည္ ယခုအခ်ိန္ထိ ဆက္သြယ္လာျခင္းမရွိေၾကာင္း ဇနီးျဖစ္သူ မခင္ၿငိမ္းခ်မ္း ကေျပာသည္။ အဆိုပါကိစၥျဖင့္ပတ္သက္ၿပီး ျမန္မာ့လက္ေရြးစင္ေဘာလံုးသမားေမာင္ေမာင္လြင္ကို ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ဖုန္းစက္ပိတ္ထားသျဖင့္ဆက္သြယ္၍မရပါ။

#PeopleMedia

(Unicode)
လိမ်လည်လက်ထပ်မှုဖြင့် မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို ဇနီးဖြစ်သူမှ တရားရုံးနှစ်ခု၌ တရားစွဲဆို
…………………………………………………

ရန်ကုန်၊ မေ ၂၇

လိမ်လည်လက်ထပ်မှုဖြင့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား မောင်မောင်လွင်ကို တရားရုံးနှစ်ခု၌ ပုဒ်မနှစ်ခု ဖြင့် တရားစွဲဆိုထားကြောင်း ဇနီးဖြစ်သူဒီဇိုင်နာ မခင်ငြိမ်းချမ်းက PeopleMedia သို့ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားမောင်မောင်လွင်ကို အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားမမှုဖြင့်စွဲဆိုထား ပြီး လှိုင်မြို့နယ်တရားရုံးတွင် ရာဇဝတ်မှုဖြင့် စွဲဆိုထားကြောင်း ဇနီးဖြစ်သူ မခင်ငြိမ်းချမ်းကပြောသည်။

“တရားစွဲဆိုတာကတော့ လိမ်လည်လက်ထပ်တဲ့ပုံစံမျိုးဖြစ်နေလို့စွဲတာပါ။ လက်မထပ်ခင်တုန်းကတော့ သူဘက် ကပြောထားတာတွေက လက်ထပ်ပြီးတော့ပြောင်းပြန်ဖြစ်သွားတာမျိုးတွေအဲ့လိုတွေကြောင့်ပါ” ဟု မခင် ငြိမ်းချမ်းကပြောသည်။

လှိုင်မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးချိန်းကို ၆ လပိုင်း ၈ရက်တွင်စတင်မှာဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားမောင်မောင်လွင်သည် ယခုအချိန်ထိ ဆက်သွယ်လာခြင်းမရှိကြောင်း ဇနီးဖြစ်သူ မခင်ငြိမ်းချမ်း ကပြောသည်။ အဆိုပါကိစ္စဖြင့်ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးသမားမောင်မောင်လွင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းစက်ပိတ်ထားသဖြင့်ဆက်သွယ်၍မရပါ။

#PeopleMedia


Share this post