• Follow Us on

Home လိုင်စင်မဲ့ကားများ အသုံးမပြုရန် ညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအသင်းများ လုပ်ငန်း ရပ်ဆိုင်း

လိုင်စင်မဲ့ကားများ အသုံးမပြုရန် ညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအသင်းများ လုပ်ငန်း ရပ်ဆိုင်း

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုကူညီရေးအသင်းများအနေဖြင့် လိုင်စင်မဲ့ကားများ အသုံးမပြုရန် ညွှန် ကြားချက်ကြောင့် ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအသင်းများ လုပ်ငန်းရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုကူညီရေးအဖွဲ့အများစုသည် လူမှုကူညီရေးဆောင်ရွက်ပေး ရာတွင် တရားမဝင်မော်တော်ယာဉ်များ အသုံးပြု၍ ကူညီပေးလျက်ရှိပါတယ်။

 

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး People Media က အင်အားလူမှုကူညီရေးအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦး သက်ဦးထံ ဆက်သွယ်မေးမြန်းရာ “လူမှုကူညီရေးအသင်းတွေက သိတဲ့အတိုင်းပဲ အလှူရှင်တွေက သိန်း လေးငါးခြောက်ဆယ်လောက်နဲ့ ရသလောက်လေး လှူကြတာလေ။ လိုင်စင်နဲ့ဆို သိန်းသုံးရာငါးဆယ်လောက် တော့ မတတ်နိုင်ကြဘူး။ အဲ့အလှူရှင် တတ်နိုင်တာလေးကို ယူပြီး တခြားလူမှုရေးလုပ်ငန်းတွေကို လုပ်ရတာ ပေါ့နော်။ အခုအနေအထားကြတော့ ကျွန်တော်တို့ လက်ထဲမှာရှိတာတွေက လိုင်စင်မဲ့ကားတွေကြီးပဲ ဖြစ်နေ တော့ နိုင်ငံမူဝါဒနဲ့ မကိုက်ညီဘူးပေါ့၊ ကျွန်တော်တို့ဘက်က ချို့ယွင်းချက်ဖြစ်နေလို့ ခဏရပ်နားလိုက်တာပါ” လို့ ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းများသည် အသင်းအဖွဲ့ မှတ်ပုံတင်မရှိလျှင် မှတ်ပုံတင် ရန်နှင့် မှတ်ပုံတင်လိုခြင်းမရှိလျှင် ဖျက်သိမ်းရန်၊ အဆိုပါ အသင်းအဖွဲ့များအနေဖြင့် တရားမဝင် လိုင်စင်မဲ့ ယာဉ်များကို သုံးစွဲခြင်းမပြုရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုင်းအစိုးရမှ သက်ဆိုင်ရာ ညွှန်ကြားပြီးနောက် လူမှုကူညီရေးအသင်းတစ်ချို့ လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်ပါတယ်။

 

#PeopleMedia #လူမှုရေးအသင်းအဖွဲ့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post