• Follow Us on
Latest News

Home လိြဳင္လင္ၿမိဳ႕တြင္ ေငြက်ပ္ ၄၀ ဘီလီယံေက်ာ္တန္ဖိုးရွိ Ice မူးယစ္ေဆး ၀ါးမ်ား ဖမ္းဆီးရမိ

လိြဳင္လင္ၿမိဳ႕တြင္ ေငြက်ပ္ ၄၀ ဘီလီယံေက်ာ္တန္ဖိုးရွိ Ice မူးယစ္ေဆး ၀ါးမ်ား ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ေမ – ၂၉

ရွမ္းျပည္နယ္၊ လိြဳင္လင္ၿမိဳ႕၊ ဟိုတင့္ေက်းရြာအနီးတြင္ ေငြက်ပ္ ၄၀ ဘီလီယံေက်ာ္တန္ဖိုးရွိ Ice မူးယစ္ေဆး၀ါး မ်ားအား ေမလ ၂၄ ရက္ နံနက္ ၂ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့သည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားအား ဟိုတင့္ေက်းရြာအနီး လိြဳင္လင္-ေတာင္ႀကီးကားလမ္းတြင္ ၁၂ ဘီးယာဥ္အမ်ဳိး စားေမာ္ေတာ္ယာဥ္အား ရပ္တန္႔ရွာေဖြရာတြင္ ယာဥ္အတြင္းမွ Ice ၁၆၁၅ ကီလို သိမ္းဆည္းရမိခဲ့ၿပီး ယာဥ္ ေမာင္း ခြန္စံဦး (၄၃)ႏွစ္၊ ယာဥ္ေနာက္လိုက္ ေ၀လင္းထြန္း (၃၇) ႏွစ္တို႔အား သက္ဆိုင္ရာရဲတပ္ဖြဲ႕၀င္မ်ားမွ စစ္ေဆးခဲ့သည္။

ဆက္လက္ၿပီး စစ္ေဆးေပၚေပါက္ခ်က္အရ အမႈတြင္ ပါ၀င္ပတ္သက္သူမ်ားျဖစ္သည့္ ကရင္ျပည္နယ္၊ ၾကာအင္း ဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသံုးဆူၿမိဳ႕နယ္ခြဲ၊ ကၽြန္းေခ်ာင္းအုပ္စု၊ ေလးဖာေထာေက်းရြာေန ကိုသူ(ခ)ျမင့္သူ၊ ကိုျဖဴ ႏွင့္ မိုင္း႐ွဴးၿမိဳ႕နယ္၊ ၀မ္ဟိုင္းေက်းရြာအုပ္စု၊ ၀မ္ေဆာ့ေက်းရြာေန ကိုစိုင္းတို႔အား ဖမ္းဆီးရမိခဲ့သည္။

အလားတူပင္ ၎တို႔အား မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစ ေသာ ေဆး၀ါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားသည္။

#PeopleMedia

(unicode)
လွိုင်လင်မြို့တွင် ငွေကျပ် ၄၀ ဘီလီယံကျော်တန်ဖိုးရှိ Ice မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ
…………………………………………………

ရန်ကုန်၊ မေ – ၂၉

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီးတွင် ငွေကျပ် ၄၀ ဘီလီယံကျော်တန်ဖိုးရှိ Ice မူးယစ်ဆေးဝါး များအား မေလ ၂၄ ရက် နံနက် ၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးကားလမ်းတွင် ၁၂ ဘီးယာဉ်အမျိုး စားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာတွင် ယာဉ်အတွင်းမှ Ice ၁၆၁၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယာဉ် မောင်း ခွန်စံဦး (၄၃)နှစ်၊ ယာဉ်နောက်လိုက် ဝေလင်းထွန်း (၃၇) နှစ်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အမှုတွင် ပါဝင်ပတ်သက်သူများဖြစ်သည့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကျွန်းချောင်းအုပ်စု၊ လေးဖာထောကျေးရွာနေ ကိုသူ(ခ)မြင့်သူ၊ ကိုဖြူ နှင့် မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာနေ ကိုစိုင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

အလားတူပင် ၎င်းတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

#PeopleMedia


Share this post