• Follow Us on

Home “လှိုင်တွင် ပေါက်ကွဲထားသော ၄၀ မမဗုံးသီးနှင့် မပေါက်ကွဲသေးသော ဗုံးသီးတစ်လုံးတွေ့”

“လှိုင်တွင် ပေါက်ကွဲထားသော ၄၀ မမဗုံးသီးနှင့် မပေါက်ကွဲသေးသော ဗုံးသီးတစ်လုံးတွေ့”

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်း၊ ရေစက်ဝင်းအတွင်းရှိ အမှိုက်ကန်တစ်ခုတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၍ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးရာတွင် မပေါက်ကွဲသေး သော ၄၀ မမဗုံးသီးနှင့် ပေါက်ကွဲထားသောဗုံးအစများကို တွေ့ရှိခဲ့ရသည်။

 

ထို့အပြင် လှိုင်မြို့နယ်ရှိ ပညာရေးလုံခြုံရေးဝန်ထမ်းတစ်ဦး၏နေအိမ်ခေါင်မိုးအား ဗုံးသီးတစ်လုံးပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဗုံးသီးသည် ပေါက်ကွဲခဲ့ခြင်းမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်း လင်းခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် ဖြစ်စဉ်တွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ယင်းသို့ဆောင်ရွက်သူ များကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

Photo – Credit (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #လှိုင်မြို့နယ်

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post