• Follow Us on

Home လိႈင္သာယာတြင္ လုံၿခဳံေရး၀န္ထမ္းအား စြပ္က်ယ္ျဖင့္ ခ်ည္ေႏွာင္၌ လူသတ္မႈက်ဴးလြန္သူမ်ားဖမ္းမိ

လိႈင္သာယာတြင္ လုံၿခဳံေရး၀န္ထမ္းအား စြပ္က်ယ္ျဖင့္ ခ်ည္ေႏွာင္၌ လူသတ္မႈက်ဴးလြန္သူမ်ားဖမ္းမိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၉

လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္တြင္ လုံၿခဳံေရး၀န္ထမ္းအား စြပ္က်ယ္ျဖင့္ ခ်ည္ေႏွာင္ကာ ပါးစပ္ထဲတြင္ မ်က္ႏွာသုပ္ပဝါထည့္ၿပီး သတ္ခဲ့သည့္ တရားခံမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ုံး ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ၁၇း၀၀ အခ်ိန္တြင္ လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အတြင္းပဒံ ေက်းရြာရွိ ေျမာက္ပိုင္းခရိုင္လမ္းဦးစီးဌာန VIP နားေနေဆာင္တြင္ေနထိုင္ေသာ ဦးစိုးညိမ္း (၆၄)ႏွစ္၊ (ဘ)ဦးလွေက်ာ္အား လမ္းမေတာ္ၿမိဳ႕နယ္ေန အစ္မျဖစ္သူ ေဒၚ—–က ဖုန္းျဖင့္ဆက္သြယ္ရာ ဆက္သြယ္မႈ မရသျဖင့္ ၁၂.၁၀.၂၀၂၀ ရက္ေန႔ ၀၈း၃၀ အခ်ိန္ ၎တို႔ညီအစ္မႏွစ္ဦးသည္ ရာအိမ္မွဴး ဦးစိုးနိုင္ႏွင့္အတူ သြားေရာက္ၾကည့္ရႈရာ ဦးစိုးညိမ္းအား လက္ႏွစ္ဖက္ကို စြပ္က်ယ္အျဖဴေရာင္ျဖင့္ ခ်ည္ေႏွာင္ထားၿပီး ပါးစပ္ထဲ တြင္ အျဖဴေရာင္မ်က္ႏွာသုပ္ပဝါထည့္လ်က္ ျပင္ပဒဏ္ရာမရွိ ေသဆုံးေနသည္ကို ေတြ႕ရွိ၍ အစ္မျဖစ္သူ ေဒၚ—–က လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕မရဲစခန္းသို႔ တရားလိုျပဳလုပ္တိုင္တန္းခဲ့ျခင္းျဖစ္သည္။

အမႈမွ တရားခံစုံစမ္းေဖာ္ထုတ္ဖမ္းဆီးရမိေရး ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံး၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ ဝင္မ်ား၊ အုပ္ခ်ဳပ္မႈဌာနခြဲမွတပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၂)မႈခင္းရဲတပ္ဖြဲ႕မွဴး႐ုံး (ရန္ကုန္)မွ တပ္ဖြဲ႕ဝင္မ်ား၊ ေျမာက္ပိုင္း ခရိုင္ရဲတပ္ဖြဲ႕မွဴး႐ုံး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ အခင္းျဖစ္ရပ္ႏွင့္ ပတ္ဝန္းက်င္ရပ္ကြက္/ေက်းရြာမ်ားသို႔ လိုက္လံစုံစမ္းေဆာင္ရြက္ခဲ့ ရာ ျပစ္မႈက်ဴးလြန္သူမ်ားမွာ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ဆိပ္ကမ္းသာလမ္း၊ ေရႊသံလြင္သဲကြင္း(က်ဴး) ေန ေက်ာ္ေက်ာ္(ခ)ေက်ာ္ႀကီး(ခ)ေခါေလးႏွင့္ ဇင္မင္းထြန္း(ခ)ဇင္မင္းတို႔ ျဖစ္သည္။

အမႈမွ တရားခံ ဇင္မင္းထြန္း(ခ)ဇင္မင္းကို ၁၆.၁၀.၂၀၂၀ ရက္ေန႔ ၂၃၁၅ အခ်ိန္တြင္လည္းေကာင္း၊ ေက်ာ္ေက်ာ္ (ခ)ေက်ာ္ႀကီး(ခ)ေခါေလး ကို ၁၇.၁၀.၂၀၂၀ ရက္ေန႔ ၀၇း၃၀ အခ်ိန္တြင္ လည္းေကာင္း ၎တို႔ေနအိမ္အသီး သီးမွ ဖမ္းဆီးရမိစစ္ေဆးရာ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္းႏွင့္ ေသဆုံးသူ ဦးစိုးညိမ္းေနသည့္ အခန္းအတြင္းရွိ ဗီရို အတြင္းမွ ေငြ(၈၀၀၀၀)က်ပ္ႏွင့္ ေရႊထည္ပစၥည္း (၃)မ်ိဳး ယူေဆာင္ခဲ့ေၾကာင္း ထြက္ဆိုစစ္ေဆးေပၚေ ပါက္ပါခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ အမႈမွ သက္ေသခံပစၥည္း ေရႊထည္ပစၥည္းမ်ား ျပန္လည္ သိမ္းဆည္းရရွိၿပီး ျဖစ္၍ ၎တို႔(၂)ဦးကို ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔နိုင္ေရး က်န္ရွိ ရဲလုပ္ငန္းမ်ား ေဆာင္ရြက္လ် က္ရွိသည္။

#PeopleMedia #ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕

(unicode)
လှိုင်သာယာတွင် လုံခြုံရေးဝန်ထမ်းအား စွပ်ကျယ်ဖြင့် ချည်နှောင်၌ လူသတ်မှုကျူးလွန်သူများဖမ်းမိ
……………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၉

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လုံခြုံရေးဝန်ထမ်းအား စွပ်ကျယ်ဖြင့် ချည်နှောင်ကာ ပါးစပ်ထဲတွင် မျက်နှာသုပ်ပဝါထည့်ပြီး သတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့ ၁ရးဝ၀ အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံ ကျေးရွာရှိ မြောက်ပိုင်းခရိုင်လမ်းဦးစီးဌာန VIP နားနေဆောင်တွင်နေထိုင်သော ဦးစိုးညိမ်း (၆၄)နှစ်၊ (ဘ)ဦးလှကျော်အား လမ်းမတော်မြို့နယ်နေ အစ်မဖြစ်သူ ဒေါ်—–က ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်မှု မရသဖြင့် ၁၂.၁၀.၂၀၂၀ ရက်နေ့ ၀၈း၃၀ အချိန် ၎င်းတို့ညီအစ်မနှစ်ဦးသည် ရာအိမ်မှူး ဦးစိုးနိုင်နှင့်အတူ သွားရောက်ကြည့်ရှုရာ ဦးစိုးညိမ်းအား လက်နှစ်ဖက်ကို စွပ်ကျယ်အဖြူရောင်ဖြင့် ချည်နှောင်ထားပြီး ပါးစပ်ထဲ တွင် အဖြူရောင်မျက်နှာသုပ်ပဝါထည့်လျက် ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကို တွေ့ရှိ၍ အစ်မဖြစ်သူ ဒေါ်—–က လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အမှုမှ တရားခံစုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)မှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ ရာ ပြစ်မှုကျူးလွန်သူများမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ ရွှေသံလွင်သဲကွင်း(ကျူး) နေ ကျော်ကျော်(ခ)ကျော်ကြီး(ခ)ခေါလေးနှင့် ဇင်မင်းထွန်း(ခ)ဇင်မင်းတို့ ဖြစ်သည်။

အမှုမှ တရားခံ ဇင်မင်းထွန်း(ခ)ဇင်မင်းကို ၁၆.၁၀.၂၀၂၀ ရက်နေ့ ၂၃၁၅ အချိန်တွင်လည်းကောင်း၊ ကျော်ကျော် (ခ)ကျော်ကြီး(ခ)ခေါလေး ကို ၁၇.၁၀.၂၀၂၀ ရက်နေ့ ဝရး၃၀ အချိန်တွင် လည်းကောင်း ၎င်းတို့နေအိမ်အသီး သီးမှ ဖမ်းဆီးရမိစစ်ဆေးရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်းနှင့် သေဆုံးသူ ဦးစိုးညိမ်းနေသည့် အခန်းအတွင်းရှိ ဗီရို အတွင်းမှ ငွေ(၈၀၀၀၀)ကျပ်နှင့် ရွှေထည်ပစ္စည်း (၃)မျိုး ယူဆောင်ခဲ့ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ေ ပါက်ပါခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုမှ သက်သေခံပစ္စည်း ရွှေထည်ပစ္စည်းများ ပြန်လည် သိမ်းဆည်းရရှိပြီး ဖြစ်၍ ၎င်းတို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ကျန်ရှိ ရဲလုပ်ငန်းများ ဆောင်ရွက်လျ က်ရှိသည်။

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့


Share this post