• Follow Us on

Home လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ားသည္ အုပ္စုဖြဲ႕၍ ဆက္ေၾကးေကာက္ယူအေပၚ ႏုိင္ငံေတာ္သမၼတရုံးက တာဝန္ယူေျဖရွင္းေပးရန္ လႊတ္ေတာ္အမတ္မ်ားက ႏုိင္ငံေတာ္သမၼတထံ တင္ျပမည္

လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ားသည္ အုပ္စုဖြဲ႕၍ ဆက္ေၾကးေကာက္ယူအေပၚ ႏုိင္ငံေတာ္သမၼတရုံးက တာဝန္ယူေျဖရွင္းေပးရန္ လႊတ္ေတာ္အမတ္မ်ားက ႏုိင္ငံေတာ္သမၼတထံ တင္ျပမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ရွိ လူဆိုးလူမိုက္မ်ားသည္ အုပ္စုဖြဲ႕၍ ဆက္ေၾကးေကာက္ယူမႈ ေၾကာင့္ ျပည္သူလူထုမ်ား ဒုကၡေရာက္ေနၾကရသည့္ျဖစ္စဥ္မ်ားကုိ နိုင္ငံေတာ္သမၼတ႐ုံးထံ တင္ျပသြားမည္ ျဖစ္ေၾကာင္း လိႈင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က People Media ကုိ ေျပာသည္။

လက္ရွိ လိႈင္သာယာၿမိဳ႕နယ္၌ လူဆိုးလူမိုက္မ်ားသည္ အသုဘအိမ္ ကန္ထရိုက္ယူ၍ ဖဲဝိုင္းေထာင္ျခင္း၊ ေအာက္ဆိုက္ကားမ်ားထံမွ ဆက္ေၾကးေကာက္ယူျခင္း၊ တည္းခိုခန္းႏွင့္ KTV မ်ားထံမွ ဆက္ေၾကး ေကာက္ယူျခင္း၊ ေျမကြက္ၿခံခတ္ေနရာလုျခင္း၊ ဆိုင္ကယ္ဂိတ္မ်ားထံမွ ဆက္ေၾကးေကာက္ျခင္းႏွင့္ လမ္းေဘးက်ဴးေက်ာ္တဲမ်ားေဆာက္ကာ ေရာင္းခ်ျခင္းစသည့္တို႔ကို ျပဳလုပ္ေနလ်က္ရွိေၾကာင္း တုိင္းလႊတ္ ေတာ္ကုိယ္စားလွယ္ ဦးဝင္းေမာင္က ေျပာသည္။

“ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး တရားဥပေဒစိုးမိုးဖို႔အတြက္ တရားဥပေဒနဲ႔ပတ္သက္တဲ့ဌာနေတြ အကုန္လုံးကို အစည္းအေဝးေခၚၿပီးေျပာတာ အႀကိမ္ႀကိမ္ရွိၿပီေလ။ သို႔ေသာ္လည္း ၿမိဳ႕နယ္အဆင့္နဲ႔ ဒီကိစၥက မရေတာ့ဘူး။ လိႈင္သာယာကို ျပည္ေထာင္စုက ကိုင္တြယ္မွရေတာ့မယ္ အေနအထားေပါ့။ အဲ့ဒါေၾကာင့္ မနက္ျဖန္ သမၼတ ႐ုံးကို စာတင္သြားမယ္” ဟု လိႈင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာသည္။

လူဆိုးလူမိုက္မ်ားကိစၥမ်ားကို ခဏတစ္ျဖဳတ္ဆိုသည့္ပုံစံႏွင့္လုပ္ေဆာင္၍ မရဘဲ ေရရွည္စီမံခ်က္ကို ျပည္ ေထာင္စုက ခ်မွတ္ၿပီး တိုင္းေဒသႀကီး လက္တြဲၿပီး ေျဖရွင္းရမည္ျဖစ္ေၾကာင္း ထိုသို႔ ေဆာင္႐ြက္နိုင္ျခင္းမရွိပါက လိႈင္သာယာၿမိဳ႕နယ္အတြင္းရွိ ျပည္သူလူထုအေနျဖင့္ လူမိုက္မ်ားေၾကာင့္ ပိုမိုဒုကၡ၍ ဒုကၡေရာက္လာနိုင္ ေၾကာင္း ဦးဝင္းေမာင္က ေျပာသည္။

လိႈင္သာယာၿမိဳ႕နယ္ တရားဥပေဒစိုးမိုးေရးအတြက္ လွိုင္သာယာၿမိဳ႕နယ္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လက္မွတ္ေရးထိုး၍ နိုင္ငံေတာ္ သမၼတ႐ုံးထံ တင္ျပသြားမည္ျဖစ္ေၾကာင္း ဦးဝင္းေမာင္က ဆိုသည္။

လက္ရွိ လိႈင္သာယာၿမိဳ႕နယ္သည္ အနယ္နယ္အရပ္ရပ္က ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားလာျခင္းေၾကာင့္ လု ယက္မႈမ်ား၊ ခိုးမႈမ်ား၊ ေဖာက္ထြင္းမႈမ်ားေနစဥ္ရွိသည့္အျပင္ တရားမဝင္ေနထုိင္သည့္ လူဦးေရေန႔စဥ္တုိး တက္မ်ားျပားလ်က္ရွိေၾကာင္း ဦးဝင္းေမာင္က ဆုိသည္။

Photo – Credit

#PeopleMedia #လႈိင္သာယာ #လူမုိက္မ်ား

(unicode)
လှိုင်သာယာရှိ လူဆိုးလူမိုက်များသည် အုပ်စုဖွဲ့၍ ဆက်ကြေးကောက်ယူအပေါ် နိုင်ငံတော်သမ္မတရုံးက တာဝန်ယူဖြေရှင်းပေးရန် လွှတ်တော်အမတ်များက နိုင်ငံတော်သမ္မတထံ တင်ပြမည်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ လူဆိုးလူမိုက်များသည် အုပ်စုဖွဲ့၍ ဆက်ကြေးကောက်ယူမှု ကြောင့် ပြည်သူလူထုများ ဒုက္ခရောက်နေကြရသည့်ဖြစ်စဉ်များကို နိုင်ငံတော်သမ္မတရုံးထံ တင်ပြသွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က People Media ကို ပြောသည်။

လက်ရှိ လှိုင်သာယာမြို့နယ်၌ လူဆိုးလူမိုက်များသည် အသုဘအိမ် ကန်ထရိုက်ယူ၍ ဖဲဝိုင်းထောင်ခြင်း၊ အောက်ဆိုက်ကားများထံမှ ဆက်ကြေးကောက်ယူခြင်း၊ တည်းခိုခန်းနှင့် KTV များထံမှ ဆက်ကြေး ကောက်ယူခြင်း၊ မြေကွက်ခြံခတ်နေရာလုခြင်း၊ ဆိုင်ကယ်ဂိတ်များထံမှ ဆက်ကြေးကောက်ခြင်းနှင့် လမ်းဘေးကျူးကျော်တဲများဆောက်ကာ ရောင်းချခြင်းစသည့်တို့ကို ပြုလုပ်နေလျက်ရှိကြောင်း တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးဖို့အတွက် တရားဥပဒေနဲ့ပတ်သက်တဲ့ဌာနတွေ အကုန်လုံးကို အစည်းအဝေးခေါ်ပြီးပြောတာ အကြိမ်ကြိမ်ရှိပြီလေ။ သို့သော်လည်း မြို့နယ်အဆင့်နဲ့ ဒီကိစ္စက မရတော့ဘူး။ လှိုင်သာယာကို ပြည်ထောင်စုက ကိုင်တွယ်မှရတော့မယ် အနေအထားပေါ့။ အဲ့ဒါကြောင့် မနက်ဖြန် သမ္မတ ရုံးကို စာတင်သွားမယ်” ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

လူဆိုးလူမိုက်များကိစ္စများကို ခဏတစ်ဖြုတ်ဆိုသည့်ပုံစံနှင့်လုပ်ဆောင်၍ မရဘဲ ရေရှည်စီမံချက်ကို ပြည် ထောင်စုက ချမှတ်ပြီး တိုင်းဒေသကြီး လက်တွဲပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း ထိုသို့ ဆောင်ရွက်နိုင်ခြင်းမရှိပါက လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် လူမိုက်များကြောင့် ပိုမိုဒုက္ခ၍ ဒုက္ခရောက်လာနိုင် ကြောင်း ဦးဝင်းမောင်က ပြောသည်။

လှိုင်သာယာမြို့နယ် တရားဥပဒေစိုးမိုးရေးအတွက် လှိုင်သာယာမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတရုံးထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဝင်းမောင်က ဆိုသည်။

လက်ရှိ လှိုင်သာယာမြို့နယ်သည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းနေထိုင်မှုများလာခြင်းကြောင့် လု ယက်မှုများ၊ ခိုးမှုများ၊ ဖောက်ထွင်းမှုများနေစဉ်ရှိသည့်အပြင် တရားမဝင်နေထိုင်သည့် လူဦးရေနေ့စဉ်တိုး တက်များပြားလျက်ရှိကြောင်း ဦးဝင်းမောင်က ဆိုသည်။

Photo – Credit

#PeopleMedia #လှိုင်သာယာ #လူမိုက်များ


Share this post