• Follow Us on

Home လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ား၊ လူမုိက္ဂုိဏ္းမ်ားကုိ ရွင္းလင္းေပးရန္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားက နိုင္ငံေတာ္သမၼတထံ မနက္ျဖန္ စာတင္မည္

လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ား၊ လူမုိက္ဂုိဏ္းမ်ားကုိ ရွင္းလင္းေပးရန္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားက နိုင္ငံေတာ္သမၼတထံ မနက္ျဖန္ စာတင္မည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ား၊ လူဆုိးဂုိဏ္းမ်ားေၾကာင့္ ျပည္သူမ်ားဒုကၡေရာက္ရေနရသည့္အတြက္ ၎တုိ႔ကုိ ျပည္ေထာင္စု အစုိးရက ကုိင္တြယ္ရွင္းလင္းေပးရန္ လႊတ္ေတာ္ကုိ္ယ္စားလွယ္မ်ားက နိုင္ငံေတာ္သမၼတထံ ဒီဇင္ဘာ(၂၃)ရက္ေန႔၌ စာေပးပုိ႔ သြားမည္ျဖစ္သည္။
 
ထုိကဲ့သုိ႔ ႏုိင္ငံေတာ္သမၼတထံ ေပးပုိ႔သည့္အေၾကာင္းအရာမ်ားႏွင့္ပတ္သက္ၿပီး People Media က လႈိင္သာယာၿမိဳ႕နယ္ရွိ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္၊ တုိင္းလွယ္ေတာ္ကုိယ္စားလွယ္မ်ားထံ ေမးျမန္းရာ၌ ၎တုိ႔က ေျဖဆုိရန္ ျငင္းဆန္ခဲ့သည္။
 
လိႈင္သာယာၿမိဳ႕နယ္ရွိ လူဆိုးလူမိုက္မ်ားသည္ အသုဘအိမ္ကုိ ကန္ထရိုက္ယူ၍ ဖဲဝိုင္းေထာင္ျခင္း၊ ေအာက္ဆိုက္ကားမ်ားထံမွ ဆက္ေၾကးေကာက္ယူျခင္း၊ တည္းခိုခန္းႏွင့္ KTV မ်ားထံမွ ဆက္ေၾကးေကာက္ယူျခင္း၊ ေျမကြက္ၿခံခတ္ေနရာလုျခင္း၊ ဆိုင္ကယ္ဂိတ္မ်ားထံမွ ဆက္ေၾကးေကာက္ျခင္းႏွင့္ လမ္းေဘးက်ဴးေက်ာ္တဲမ်ားေဆာက္ကာ ေရာင္းခ်ျခင္းစသည့္တို႔ကို ျပဳလုပ္ေနလ်က္ရွိေၾကာင္း လႈိင္သာယာၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ဦးဝင္းေမာင္က People Media ကုိ ေျပာ ဆုိခဲ့သည္။
လိႈင္သာယာရွိ လူဆိုးလူမိုက္မ်ားကိုရွင္းလင္းေပးရန္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက သက္ဆိုင္ရာရဲတပ္ဖြဲ႕သို႔ အေၾကာင္းၾကားခဲ့ေသာ္လည္း ထူးျခားမႈမရွိခဲ့ေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္အခ်ဳိ႕က ေျပာဆုိသည္။
 
လႈိင္သာယာရွိ လူဆုိးလူမုိက္ဂုိဏ္းမ်ားကုိ ျပည္ေထာင္စုအစုိးရအေနျဖင့္ ေရတိုနည္းျဖင့္ မေျဖရွင္းဘဲ ေရရွည္နည္းျဖင့္ ျပည္ေထာင္စုအစုိးရႏွင့္ တုိင္းအစုိးရတုိ႔ ပူးေပါင္း၍ လက္တြဲေဆာင္ရြက္သင့္ေၾကာင္း လႈိင္သာယာၿမိဳ႕ လႊတ္ေတာ္ကုိယ္စား လွယ္မ်ားက ေျပာသည္။
 
#PeopleMedia #လႈိင္သာယာၿမိဳ႕ #လူဆုိးလူမုိက္ #ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕
 
(unicode)
လှိုင်သာယာရှိ လူဆိုးလူမိုက်များ၊ လူမိုက်ဂိုဏ်းများကို ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတထံ မနက်ဖြန် စာတင်မည်
………………………………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လှိုင်သာယာရှိ လူဆိုးလူမိုက်များ၊ လူဆိုးဂိုဏ်းများကြောင့် ပြည်သူများဒုက္ခရောက်ရနေရသည့်အတွက် ၎င်းတို့ကို ပြည်ထောင်စု အစိုးရက ကိုင်တွယ်ရှင်းလင်းပေးရန် လွှတ်တော်ကို်ယ်စားလှယ်များက နိုင်ငံတော်သမ္မတထံ ဒီဇင်ဘာ(၂၃)ရက်နေ့၌ စာပေးပို့ သွားမည်ဖြစ်သည်။
 
ထိုကဲ့သို့ နိုင်ငံတော်သမ္မတထံ ပေးပို့သည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး People Media က လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလှယ်တော်ကိုယ်စားလှယ်များထံ မေးမြန်းရာ၌ ၎င်းတို့က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
 
လှိုင်သာယာမြို့နယ်ရှိ လူဆိုးလူမိုက်များသည် အသုဘအိမ်ကို ကန်ထရိုက်ယူ၍ ဖဲဝိုင်းထောင်ခြင်း၊ အောက်ဆိုက်ကားများထံမှ ဆက်ကြေးကောက်ယူခြင်း၊ တည်းခိုခန်းနှင့် KTV များထံမှ ဆက်ကြေးကောက်ယူခြင်း၊ မြေကွက်ခြံခတ်နေရာလုခြင်း၊ ဆိုင်ကယ်ဂိတ်များထံမှ ဆက်ကြေးကောက်ခြင်းနှင့် လမ်းဘေးကျူးကျော်တဲများဆောက်ကာ ရောင်းချခြင်းစသည့်တို့ကို ပြုလုပ်နေလျက်ရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က People Media ကို ပြော ဆိုခဲ့သည်။
လှိုင်သာယာရှိ လူဆိုးလူမိုက်များကိုရှင်းလင်းပေးရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောဆိုသည်။
 
လှိုင်သာယာရှိ လူဆိုးလူမိုက်ဂိုဏ်းများကို ပြည်ထောင်စုအစိုးရအနေဖြင့် ရေတိုနည်းဖြင့် မဖြေရှင်းဘဲ ရေရှည်နည်းဖြင့် ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့ ပူးပေါင်း၍ လက်တွဲဆောင်ရွက်သင့်ကြောင်း လှိုင်သာယာမြို့ လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။
 
#PeopleMedia #လှိုင်သာယာမြို့ #လူဆိုးလူမိုက#ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

Share this post