• Follow Us on

Home လှိုင်သာယာအရှေ့ပိုင်း မြို့နယ်၌ ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေဆွဲကြိုး ၃၀ ခန့်၊ ရွှေဟန်းချိန်း ၁၀ ခုကျော်နှင့်  ရွှေလက်ကောက် ၁၀၀ ကျော်ခန့် ယူဆောင်ခြင်း ခံရ

လှိုင်သာယာအရှေ့ပိုင်း မြို့နယ်၌ ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေဆွဲကြိုး ၃၀ ခန့်၊ ရွှေဟန်းချိန်း ၁၀ ခုကျော်နှင့်  ရွှေလက်ကောက် ၁၀၀ ကျော်ခန့် ယူဆောင်ခြင်း ခံရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၁၅) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရွှေရင်အေး ရွှေအရောင်းဆိုင်သည် ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဓားပြအတိုက်ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ အမျိုးသားသုံးဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် ရွှေဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်ထွက်ပြေးသွားခဲ့သည်။

 

“လာတိုက်တဲ့သူက ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီးတော့လာတာ။ အသက်အရွယ်ကတော့ လူငယ် ၃ ယောက်ပဲလို့ သိရတယ်။ ကျန်တာကတော့ စစ်ဆေးနေတုန်းပဲရှိပါသေးတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

 

ရွှေဆိုင်ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်၌ ဆိုင်ရှိ ရွှေဆွဲကြိုး ၃၀ ခန့်၊ ရွှေဟန်းချိန်း ၁၀ ခုကျော်နှင့် ရွှေလက်ကောက် ၁၀၀ ကျော်ခန့်ကို ဓါးပြအဖွဲ့က ယူဆောင်သွားသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေဆိုင်သည် ဓားပြတိုက်ခံရမှု ဖြစ်ပေါ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #လှိုင်သာယာ #ရွှေဆိုင်ဓားပြတိုက်မှု

 

(unicode)


……………………………………………………….

 


 


 


 


 


 


 

Photo – Credit

 



Share this post