• Follow Us on

Home လှိုင်သာယာမြို့တွင် အပြီးပိတ်သိမ်းသည့်စက်ရုံ ၆ ရုံမှ အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း (IWFM) ဒုဥက္ကဋ္ဌ ဒေါ်ဝင့်သီဟစိုးကပြော

လှိုင်သာယာမြို့တွင် အပြီးပိတ်သိမ်းသည့်စက်ရုံ ၆ ရုံမှ အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း (IWFM) ဒုဥက္ကဋ္ဌ ဒေါ်ဝင့်သီဟစိုးကပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့တဲ့နှစ်အတွင်း အပြီးပိတ်သိမ်းထားတဲ့ စက်ရုံ(၆)ရုံက အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သ မားအဖွဲ့ချုပ် (IWFM) ဒုဥက္ကဋ္ဌဒေါ်ဝင့်သီဟစိုး People Media ကိုပြောပါတယ်။

စက်ရုံတစ်ချို့ အပြီးပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်လက်မဲ့ ငါးထောင်နီးပါးရှိခဲ့သလို ယာယီပိတ်သိမ်း လိုက်တဲ့အတွက်လည်း အလုပ်သမား လေးရာနီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ၎င်းကပြောပါတယ်။

ဆက်လက်ပြီး ဒေါ်ဝင့်သီဟစိုးပြောရာမှာတော့ “အစိုးရက ဘာမှတာဝန်မယူနိုင်ဘူးလေ၊ အဲ့တော့ သူတို့လည်း အလုပ်လက်မဲ့ဖြစ်ပြီးတော့၊ အလုပ်သမားနှုန်းတွေလည်း တအားများနေတယ်” လို့ ပြောပါတယ်။

ထပ်မံပြောကြားရာမှာတော့ ကျွန်မတို့ကတော့ ဝန်ကြီးဌာနနဲ့ အမြဲတမ်းစက်ရုံပိတ်သိမ်းတဲ့ကိစ္စတွေရော ဆွေး နွေးညှိနှိုင်းတဲ့ကိစ္စတွေရော လုပ်နေတယ်၊ အဓိကတော့ စက်ရုံတွေပိတ်သိမ်းတဲ့အခါမှာ အမှန်တကယ်ပိတ်သိမ်း ဖို့လိုလား၊ ဒါမှမဟုတ် ကိုဗစ်ကြောင့် အမှန်တကယ် ပိတ်သိမ်းတာလား၊ ဒါတွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု တွေပြုနေတယ်လို့ ၎င်းကပြောပါတယ်။

“အလုပ်တွေပိတ်သိမ်းလိုက်ပြီဆိုတော့ တစ်ချို့က သူတို့ရဲ့ အိမ်တွေကိုပြန်ကြရတယ်၊ တစ်ချို့ကြတော့လည်း ကြုံရာကြာပန်း လုပ်ကိုင်စားသောက်နေရတယ်၊ အခုဆိုရင် စက်ရုံတွေက အလုပ်လက်မဲ့တွေ များလာတဲ့ အတွက်ကြောင့် သူတို့က နေ့စားတွေ ဝန်ထမ်းတွေကို ခေါ်တယ်” လို့ ဒေါ်ဝင့်သီဟစိုးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းသည့် စက်ရုံ ၅၆ ရုံ အပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့်စက်ရုံ ၁၇၃ ရုံရှိခဲ့ကာ အလုပ်သမား ၄၁၃၉၅ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားပါတယ်။

#PeopleMedia #အလုပ်လက်မဲ့ #စက်ရုံ

(unicode)
……………………………………………………










Share this post