• Follow Us on

Home လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး၊ သေဆုံးမှုကို လာရောက်စစ်ဆေးသည့် လုံခြုံရေးအဖွဲ့ဝင်အချို့ ဗုံးပေါက်ကွဲ၍ ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး၊ သေဆုံးမှုကို လာရောက်စစ်ဆေးသည့် လုံခြုံရေးအဖွဲ့ဝင်အချို့ ဗုံးပေါက်ကွဲ၍ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်တွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးစဉ် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟုဆိုသည်။

 

အဆိုပါပစ်ခတ်ခံရသူသည် အမှတ် ၂၀ ရပ်ကွက်၊ အပိုင် (၆) မင်းကျော်စွာ ၇ လမ်းနေ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် -၁ ဦး တင်မောင်ဝင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်မှ ဖော်ပြချက်အရ သိရသည်။

 

ထိုသို့ ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်ဝင်းအား (ရွှေလင်ပန်းအခြေစိုက် ပုညပါရမီလူမှု ကူညီရေးပရဟိတအဖွဲ့) မှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လှိုင်သာယာမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post