• Follow Us on

Home လှိုင်သာယာမြို့နယ်ရှိ အဆောင်တစ်ခု၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ရာ လူငယ်တစ်ဦး ခြေကျင်းဝတ် ပြတ် တောက်

လှိုင်သာယာမြို့နယ်ရှိ အဆောင်တစ်ခု၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ရာ လူငယ်တစ်ဦး ခြေကျင်းဝတ် ပြတ် တောက်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အဆောင်တစ်ခု၌ လက်လုပ်မိုင်းပေါက်ကွဲရာ လူ ငယ်တစ်ဦး ခြေကျင်းဝတ် ပြတ်တောက်သွားခဲ့သည်။

 

ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ၁၂ ရပ်ကွက် ပေါ်ဆန်းမွှေး ၁ လမ်းရှိ အဆောင် တွင် နေထိုင်သူ၏ အမျိုးသားတစ်ဦးအခန်းမှ စတင်ကာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“အခုက အကြောင်းအရင်းကို မသိရသေးဘူး။ သူဘာလုပ်လို့ ပေါက်ကွဲတာလား။ ဒါမှမဟုတ် သူဘာသာ တစ်ခုခုယူလာလို့ ပေါက်တာလားဆိုတာကို မသိရသေးတာ အခုလောလောဆယ်ကတော့ မင်္ဂလာဒုံ စစ် ဆေးရုံမှာ တင်ထားတယ်၊ ကျန်တာတော့ ဘာမှမသိရသေးဘူး” ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

 

ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့၌ လက်လုပ်မိုင်းထောင် နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခြင်းကြောင့် မိုင်းထောင်သူများ သေဆုံးကာ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#Peoplemedia #လှိုင်သာယာ #အဆောင် #ပေါက်ကွဲမှု

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post