• Follow Us on

Home လှိုင်သာယာမြို့ရှိ Rui Ning Myanmar Garment စက်ရုံမှ HR မန်နေဂျာကျော်ကြီး သေနတ်ဖြင့် ပစ်ခံရ၍ သေ ဆုံး

လှိုင်သာယာမြို့ရှိ Rui Ning Myanmar Garment စက်ရုံမှ HR မန်နေဂျာကျော်ကြီး သေနတ်ဖြင့် ပစ်ခံရ၍ သေ ဆုံး

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ငွေပင်လယ်စက်မှုဇုံရှိ Rui Ning Myanmar Garment စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ) ကျော်ကျော်သည် ယမန်နေ့ ညနေအချိန်တွင် လှိုင်သာယာမြို့နယ် အ လယ်ရွာအဝင် မီးပွိုင့်အနီးတွင် သေနတ်ဖြင့် အပစ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း ဒေသသခံများထံက သိရ သည်။

 

ကျော်ကြီး (ခ) ကျော်ကျော်သည် ယမန်နေ့ ညနေအချိန်တွင် လှိုင်သာယာ အလယ်ရွာအဝင် မီးပွိုင့်အနီး ကားပေါ်တွင် ရှိနေစဉ် အမည်မသိသူမှ ဦးခေါင်းအား ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းကြောင့် နေရာ၌ပင် သေဆုံးခဲ့ ကြောင်း သိရသည်။

 

သေဆုံးသူ ကျော်ကြီး (ခ) ကျော်ကျော်သည် ပြီးခဲ့သည့်လများအတွင်း စက်ရုံအလုပ်သမားတစ်ချို့ ဖမ်းဆီးရန် သတင်းပေးတိုင်ကြားခြင်း၊ လိုက်လံဖမ်းဆီးခြင်းများတွင် ကိုယ်တိုင်ပါဝင်ခြင်းနှင့် ဒလန်လုပ်မှုများရှိခဲ့ကြောင်း ပြောဆိုကြသည်။

 

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး Yangon Eagle အဖွဲ့မှ ငွေပင်လယ် စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ် စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ) ကျော်ကျော် အလုပ်သမားများအပေါ် စကစနှင့် ပေါင်းပီး လူပါးဝနေသော ဒလန်အား ကျွန်တော်တို့ Yangon Eagle အဖွဲ့မှ ငရဲသို့ ပို့လိုက်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

 

Photo – credit

 

#PeopleMedia #လှိုင်သာယာ

(unicode)


………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post