• Follow Us on

Home လှိုင်မြို့နယ်၌ PPE ဝတ်စုံဝတ်ဆင်ထားသူနှစ်ဦးမှ အိမ်ဆိုင်ဖွင့်ထားသူ လင်မယားအား သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ်ရာ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ

လှိုင်မြို့နယ်၌ PPE ဝတ်စုံဝတ်ဆင်ထားသူနှစ်ဦးမှ အိမ်ဆိုင်ဖွင့်ထားသူ လင်မယားအား သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ်ရာ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ

Share this post

ရန်ကုန်၊ သြဂုတ် ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းအနီးတွင် သြဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက PPE ဝတ်စုံဝတ်ဆင်ထားသူနှစ်ဦးမှ အိမ်ဆိုင်ဖွင့်လှစ်ရောင်းချနေသူ လင်မယားအား သေနတ် ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံ လမ်းအရှေ့ အိမ်အမှတ် (၃၁) တွင် နေထိုင်သူ ကိုစန်းလင်းနှင့် မသီတာတို့ လင်မယားနှစ်ဦးမှာ အိမ်ဆိုင်ဖွင့် လှစ်ရောင်းချစဉ် PPE ဝတ်စုံဝတ်ဆင်ထားသူနှစ်ဦးမှ ရောက်ရှိလာပြီး အအေးဝယ်ယူပြီးမှ အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ရာ ကိုစန်းလင်း ၅၃ နှစ်မှာ ဝဲဘက်ရင်အုံသေနတ်ဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်း သေနတ်ဒဏ်ရာတစ်ချက်၊ ဝဲပေါင်သေနတ်ဒဏ်ရာတစ်ချက် ထိမှန်မှုကြောင့် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ဒေါ်သီတာတွင်လည်း ဝဲလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်နို့အုံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပါသည်။

 

ထိုနောက် သက်ဆိုင်ရာမှ လာရောက်စစ်ဆေးစဉ် အခင်းဖြစ်နေရာတွင် 9MM LUGER ကျည်ခွံ (၅) တွေ့ရှိခဲ့ ရပြီး၊ ပြစ်မှုကျူးလွန်သူများမှာ MDY/2D/3153 အဖြူရောင်ယာဉ် (ယာဉ်အမျိုးစား စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွား ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း လုံခြုံရေး တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #လှိုင်မြို့နယ် #PPE

 

(unicode)


……………………………………………………

 


 


 


 


 



Share this post