• Follow Us on

Home လုပ္ခလစာမရ၍ အေဆာင္ခမေပးနိုင္ေသာ အလုပ္သမားမ်ား ႏွင္ခ်ခံေနရ

လုပ္ခလစာမရ၍ အေဆာင္ခမေပးနိုင္ေသာ အလုပ္သမားမ်ား ႏွင္ခ်ခံေနရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၇

COVID-19 ကာလ၌ လုပ္ခလစာမရ၍ အေဆာင္ခမေပးနိုင္ေသာအလုပ္သမားမ်ားကို အေဆာင္ပိုင္ရွင္မ်ားက ႏွင္ခ်ေနသည့္ အေျခအေနဆိုးရြားစြာျဖစ္ေပၚေနေၾကာင္း အလုပ္သမားအဖြဲ႕အစည္းတာဝန္ရွိသူမ်ားေျပာသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္သည့္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအ တြင္းရွိ လက္ခစား(CMP)လုပ္ငန္းမ်ားမွ အလုပ္သမားမ်ားအား ေအာက္တိုဘာ ၂၁ ရက္အထိ လုပ္ငန္းခြင္သြား ေရာက္ျခင္းမျပဳရန္ အမိန႔္ထုတ္ျပန္ထားျခင္းေၾကာင့္ ယင္းလုပ္ငန္းမ်ားမွ အလုပ္သမားမ်ားမွာ စက္တင္ဘာလ အတြက္ လုပ္ခလစာထုတ္ယူရန္ အခက္ခဲမ်ားႏွင့္ရင္ဆိုင္ေနရသည္။

လုပ္ခလစာမရရွိ၍ အိမ္ႏွင့္ အေဆာင္လခမေပးနိုင္သျဖင့္ အေဆာင္ပိုင္ရွင္အမ်ားစုက ႏွင္ခ်ျခင္း၊ ဆက္လက္ေန ထိုင္နိုင္ျခင္းမရွိေအာင္ ဖိအားေပးျခင္းမ်ား ျပဳလုပ္လာၾကသည္ဟု အလုပ္သမားအဖြဲ႕အစည္းတာဝန္ရွိသူမ်ားက ဆိုသည္။

“ေတာ္ေတာ္ဆိုးေနပါတယ္၊ ဒုကၡေတြလည္းေရာက္ေနတယ္၊ အေဆာင္လခေပးစရာမရွိၾကေတာ့ဘူး၊ အ ေဆာင္ပိုင္ရွင္‌ေတြကလည္း ႏွင္ထုတ္‌ေနၾကတယ္၊ လခမ‌ေပးနိုင္‌ေတာ့ အဲ့မွာရန္‌ေတြျဖစ္ၾကတယ္၊ ဟိုကပ္ဒီကပ္ ေနၾကရတာ‌ေပါ့ အေဆာင္လခမေပးနိုင္ေတာ့၊ အိမ္မွာ‌ေနဖို႔ပဲ ထုတ္ျပန္ခ်က္ေတြကပါတယ္၊ စား၀တ္ေနေရးကိစၥ ကို ထည့္မစဥ္းစားထားတာေတြ ေတြ႕ရတယ္။ အစိုးရအ‌ေနနဲ႔ ေအာက္‌ေျခလူတန္းစား‌ေတြရဲ႕အ‌ေျခအ‌ေနကို အခုထက္ ပိုမိုသိနိုင္‌ေအာင္ႀကိဳးစားသင့္တယ္” ဟု Ation Labor Right အဖြဲ႕မွ စည္း႐ုံးေရးမွဴးသင္တန္းဆရာ ကိုမ်ိဳးညီညီကေျပာသည္။

အစိုးရအေနျဖင့္ အမိန႔္ေၾကျငာခ်က္မ်ားထုတ္ျပန္ရာတြင္ အလုပ္သမားမ်ား၏ စား၀တ္ေနေရး အခက္အခဲမ်ား ကို ထည့္သြင္းစဥ္းစားသင့္ေၾကာင္း Action Labor Right အဖြဲ႕မွ စည္း႐ုံးေရးမွဴး သင္တန္းဆရာကိုမ်ိဳးညီညီ ကေျပာသည္။

လက္ရွိအလုပ္သမားမ်ားအခက္အခဲမ်ိဳးစုံနဲ႔ ႀကဳံေတြ႕ေနရျခင္းမွာလည္း အစိုးရ၏ညႊန္ၾကားခ်က္မ်ားအားနည္း ခ်က္ရွိေနျခင္းေၾကာင့္ဟု ၎ကေဝဖန္သည္။

ထို႔အျပင္ အလုပ္ရွင္ေတြဘက္မွလည္း မိမိတို႔အလုပ္သမားမ်ားအတြက္ တာ၀န္ယူၿပီးအဆင္ေျပေအာင္ေဆာင္ ရြက္ေပးရန္ ကိုမ်ိဳးညီညီက တိုက္တြန္းသည္။

ထိုသို႔ အလုပ္သမားမ်ား လစာထုတ္ယူရန္အခက္ခဲျဖစ္ေနျခင္း ယာယီအလုပ္နားထားရသည့္ရက္မ်ားအတြင္း စား၊ဝတ္ေနေရးအခက္ခဲရွိေနသည့္အေပၚအ စိုးရမွ တာဝန္ယူေျဖရွင္းေပးသင့္ေၾကာင္း ျမန္မာနိုင္ငံစက္မူလက္မူ ႏွင့္ ဝန္ေဆာင္မူလုပ္ငန္းေပါင္းစုံအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS-TUsF)မွအေထြေထြအတြင္းေရးမႉးခ်ဳပ္ ကိုသက္ႏွင္းေအာင္ကဆိုသည္။

“အေဆာင္အမ်ားစုက ရက္ေစာင့္မေပးဘဲ ၉ လပိုင္းေနတဲ့ဟာမွ မေပးနိုင္ရင္ အေဆာင္ကေန ႏွင္ထုတ္မယ္ဆို တာမ်ိဳးၾကားေနရပါတယ္၊ ၉လပိုင္းအတြက္ လုပ္ခလစာကို အစိုးရက ျမန္ျမန္ဆန္ဆန္ထုတ္ျပန္ေပးဖို႔လိုပါတယ္။ အလုပ္ရွင္ဘက္ကလည္း ညႊန္ၾကားခ်က္ တိတိက်က်မရွိေတာ့ ေဆာင္ရြက္ရခက္ခဲေနပါတယ္။ အစုိးရဘက္က ေနညႊန္ၾကားခ်က္ တစ္စုံတစ္ရာ တိတိက်က် ထုတ္ေပးဖို႔ေမၽွာ္လင့္လၽွက္ရွိပါတယ္”ဟု ၄င္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ စက္႐ုံမ်ားယာယီပိတ္ထားရ၍ လုပ္ခလစာမရရွိေသးသည့္အလုပ္သမားမ်ားေနအိမ္ႏွင့္ အ ေဆာင္လခမေပးနိုင္သည့္အေပၚ အိမ္ပိုင္ရွင္၊ အေဆာင္ပိုင္ရွင္မ်ားက လူမူေရးအရနားလည္လက္ခံၿပီး ႏွင္ခ်ျခင္း မျပဳဘဲ ေစာင့္ဆိုင္းေပးရန္ ျမန္မာနိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM)ကလည္း ေမတၱာ ရပ္ခံထားသည္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ စက္တင္ဘာ ၂၄ ရက္မွ ေအာက္တိုဘာ ၇ ရက္အထိ စက္႐ုံအလုပ္႐ုံမ်ားပိတ္သိမ္းခိုင္းသည့္အတြက္ အလုပ္သမားမ်ားမ်ားအား လစာ၏ ၄၀ ရာခိုင္ႏူန္း ေထာက္ပံ့ေပးမည္ဟု လူမူဖူလုံေရးအဖြဲ႕က ေျပာၾကားထားေသာ္လည္း လက္ရွိအခ်ိန္အထိ အလုပ္သမားမ်ား လက္ထဲကိုမရရွိေသးေၾကာင္း အလုပ္သမားေခါင္းေဆာင္မ်ားကဆိုသည္။

#PeopleMedia #အလုပ္သမားအေရး #COVID-19

(Unicode)
လုပ်ခ လစာမရ၍ အဆောင်ခမပေးနိုင်သော အလုပ်သမားများ နှင်ချခံနေရ
………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၇

COVID-19 ကာလ၌ လုပ်ခလစာမရ၍ အဆောင်ခမပေးနိုင်သောအလုပ်သမားများကို အဆောင်ပိုင်ရှင်များက နှင်ချနေသည့် အခြေအနေဆိုးရွားစွာဖြစ်ပေါ်နေကြောင်း အလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူများပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ကပ်ရောဂါထိန်းချုပ်သည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ လက်ခစား(CMP)လုပ်ငန်းများမှ အလုပ်သမားများအား အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင်သွား ရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ယင်းလုပ်ငန်းများမှ အလုပ်သမားများမှာ စက်တင်ဘာလ အတွက် လုပ်ခလစာထုတ်ယူရန် အခက်ခဲများနှင့်ရင်ဆိုင်နေရသည်။

လုပ်ခလစာမရရှိ၍ အိမ်နှင့် အဆောင်လခမပေးနိုင်သဖြင့် အဆောင်ပိုင်ရှင်အများစုက နှင်ချခြင်း၊ ဆက်လက်နေ ထိုင်နိုင်ခြင်းမရှိအောင် ဖိအားပေးခြင်းများ ပြုလုပ်လာကြသည်ဟု အလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူများက ဆိုသည်။

“တော်တော်ဆိုးနေပါတယ်၊ ဒုက္ခတွေလည်းရောက်နေတယ်၊ အဆောင်လခပေးစရာမရှိကြတော့ဘူး၊ အ ဆောင်ပိုင်ရှင်‌တွေကလည်း နှင်ထုတ်‌နေကြတယ်၊ လခမ‌ပေးနိုင်‌တော့ အဲ့မှာရန်‌တွေဖြစ်ကြတယ်၊ ဟိုကပ်ဒီကပ် နေကြရတာ‌ပေါ့ အဆောင်လခမပေးနိုင်တော့၊ အိမ်မှာ‌နေဖို့ပဲ ထုတ်ပြန်ချက်တွေကပါတယ်၊ စားဝတ်နေရေးကိစ္စ ကို ထည့်မစဉ်းစားထားတာတွေ တွေ့ရတယ်။ အစိုးရအ‌နေနဲ့ အောက်‌ခြေလူတန်းစား‌တွေရဲ့အ‌ခြေအ‌နေကို အခုထက် ပိုမိုသိနိုင်‌အောင်ကြိုးစားသင့်တယ်” ဟု Ation Labor Right အဖွဲ့မှ စည်းရုံးရေးမှူးသင်တန်းဆရာ ကိုမျိုးညီညီကပြောသည်။

အစိုးရအနေဖြင့် အမိန့်ကြေငြာချက်များထုတ်ပြန်ရာတွင် အလုပ်သမားများ၏ စားဝတ်နေရေး အခက်အခဲများ ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း Action Labor Right အဖွဲ့မှ စည်းရုံးရေးမှူး သင်တန်းဆရာကိုမျိုးညီညီ ကပြောသည်။

လက်ရှိအလုပ်သမားများအခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရခြင်းမှာလည်း အစိုးရ၏ညွှန်ကြားချက်များအားနည်း ချက်ရှိနေခြင်းကြောင့်ဟု ၎င်းကဝေဖန်သည်။

ထို့အပြင် အလုပ်ရှင်တွေဘက်မှလည်း မိမိတို့အလုပ်သမားများအတွက် တာဝန်ယူပြီးအဆင်ပြေအောင်ဆောင် ရွက်ပေးရန် ကိုမျိုးညီညီက တိုက်တွန်းသည်။

ထိုသို့ အလုပ်သမားများ လစာထုတ်ယူရန်အခက်ခဲဖြစ်နေခြင်း ယာယီအလုပ်နားထားရသည့်ရက်များအတွင်း စား၊ဝတ်နေရေးအခက်ခဲရှိနေသည့်အပေါ်အ စိုးရမှ တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း မြန်မာနိုင်ငံစက်မူလက်မူ နှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှအထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကဆိုသည်။

“အဆောင်အများစုက ရက်စောင့်မပေးဘဲ ၉ လပိုင်းနေတဲ့ဟာမှ မပေးနိုင်ရင် အဆောင်ကနေ နှင်ထုတ်မယ်ဆို တာမျိုးကြားနေရပါတယ်၊ ၉လပိုင်းအတွက် လုပ်ခလစာကို အစိုးရက မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးဖို့လိုပါတယ်။ အလုပ်ရှင်ဘက်ကလည်း ညွှန်ကြားချက် တိတိကျကျမရှိတော့ ဆောင်ရွက်ရခက်ခဲနေပါတယ်။ အစိုးရဘက်က နေညွှန်ကြားချက် တစ်စုံတစ်ရာ တိတိကျကျ ထုတ်ပေးဖို့မျှော်လင့်လျှက်ရှိပါတယ်”ဟု ၄င်းကပြောသည်။

လက်ရှိအချိန်တွင် စက်ရုံများယာယီပိတ်ထားရ၍ လုပ်ခလစာမရရှိသေးသည့်အလုပ်သမားများနေအိမ်နှင့် အ ဆောင်လခမပေးနိုင်သည့်အပေါ် အိမ်ပိုင်ရှင်၊ အဆောင်ပိုင်ရှင်များက လူမူရေးအရနားလည်လက်ခံပြီး နှင်ချခြင်း မပြုဘဲ စောင့်ဆိုင်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ကလည်း မေတ္တာ ရပ်ခံထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ စက်ရုံအလုပ်ရုံများပိတ်သိမ်းခိုင်းသည့်အတွက် အလုပ်သမားများများအား လစာ၏ ၄၀ ရာခိုင်နူန်း ထောက်ပံ့ပေးမည်ဟု လူမူဖူလုံရေးအဖွဲ့က ပြောကြားထားသော်လည်း လက်ရှိအချိန်အထိ အလုပ်သမားများ လက်ထဲကိုမရရှိသေးကြောင်း အလုပ်သမားခေါင်းဆောင်များကဆိုသည်။

#PeopleMedia #အလုပ်သမားအရေး #COVID-19


Share this post