• Follow Us on

Home လုပ္ခလစာေလ်ာ့ခ်ျခင္း ရပ္နားျခင္းခံရေသာ္လည္း အေဆာင္မ်ားအေနျဖင့္ အေဆာင္လစာမ်ားကို လုံး၀ေလ်ာ့ခ်ျခင္းမရွိဟုဆို

လုပ္ခလစာေလ်ာ့ခ်ျခင္း ရပ္နားျခင္းခံရေသာ္လည္း အေဆာင္မ်ားအေနျဖင့္ အေဆာင္လစာမ်ားကို လုံး၀ေလ်ာ့ခ်ျခင္းမရွိဟုဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၉
ကိုဗစ္ကာလအတြင္း စက္မႈလက္မႈလုပ္ငန္းအမ်ားစုတြင္ လုပ္ခလစာေလ်ာ့ခ်ျခင္း ရပ္နားျခင္းခံရမႈမ်ားရွိေနၿပီး ထိုသို႔အေျခအေနမ်ားေၾကာင့္ လိႈင္သာယာၿမဳိ႕နယ္မွာ႐ွိတဲ့ အလုပ္သမားမ်ား၏ စား၀တ္ေနေရးအေျခအေန ေတြ႕ႀကဳံေနရေသာ အခက္အခဲမ်ားႏွင့္ပတ္သက္၍ ျမန္မာယူနစ္အထည္ခ်ဳပ္စက္႐ုံမွ မကလ်ာထြန္းကို People Media က ဆက္သြယ္ေမးျမန္ထားပါတယ္။
“အေဆာင္႐ွင္ေတြက လုံး၀ကို မေလွ်ာ့ပါဘူး၊ မေလွ်ာ့ဘူးဆိုတာ ေနႏိုင္ရင္ေန မေနႏိုင္ရင္ ေျပာင္းၾကေပါ့ေနာ္၊ အဲ့ဒီလိုမ်ဳိးေတြလည္းရွိတယ္၊ မေန႔ကဆိုလို႔႐ွင္ရင္ ျပႆနာနည္းနည္းျဖစ္သြားတယ္၊ အခုဒီလမွာဆိုရင္ လစာ နည္းတဲ့အတြက္ အေဆာင္ခေလွ်ာ့ေပးဖို႔ ေျပာတဲ့အခါမွာ အေဆာင္႐ွင္ေတြက ဘယ္လိုေျပာလည္း ဆိုေတာ့ မေလွ်ာ့ေပးႏိုင္ဘူးေပါ့၊ ဒါသူတို႔နဲ႔ မဆိုင္ဘူးဆိုၿပီးေတာ့ ေျပာတယ္၊ ၿပီးေတာ့ အေဆာင္ကို ဒီလမွာပဲေန၊ ေနာက္ လၾကရင္ အေဆာင္ေျပာင္းေပးဖို႔ေတာင္မွ ေျပာတာေတြ႐ွိလာတယ္” မကလ်ာထြန္း(ျမန္မာယူနစ္ အထည္ခ်ဳပ္ (ေျခခံအလုပ္သမားအဖြဲ႕အစည္းကိုယ္စားလွယ္(ဥကၠ႒))
PeopleMedia ။ ။ အစ္မတို႔အေနနဲ႔ ဘယ္ခ်ိန္ထဲက အလုပ္ကိုစၿပီး ျပန္ဆင္းေနရတာလဲ။
မကလ်ာထြန္း ။ ။ အစ္မတို႔စက္႐ုံက ေအာက္တိုဘာ၂၂ ရက္ေန႔ကစၿပီး အလုပ္ဆင္းရတာ၊ အခုခ်ိန္ထိပဲ ေပါ့ေနာ္၊ ယေန႔အခ်ိန္ထိ အလုပ္ဆင္းရတယ္။ အစ္မတို႔ စက္႐ုံက ျမန္မာယူနစ္ ဂါးမန္းအထည္ခ်ဳပ္ စက္႐ုံေပါ့ေနာ္။
PeopleMedia ။ ။ ကိုဗစ္ကာလမွာ စက္႐ုံဖြင့္ေနေတာ့ ျဖစ္ေနတဲ့အခ်ိန္မွာ စက္႐ုံကို ေန႔စဥ္ေန႔တိုင္းသြားလာ ေနရတဲ့အေပၚမွာ အစ္မတို႔စက္႐ုံမွာ ဘယ္လိုစည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ထားလဲ။
မကလ်ာထြန္း ။ ။ အစ္မတို႔က ဘယ္လိုသြားလာလုပ္႐ွားေနရလဲဆိုေတာ့ က်န္းမာေရး၀န္ႀကီးဌာနက ၫႊန္ ၾကားခ်က္အတိ္ုင္းပဲ စည္းမ်ဥ္းစည္းကမ္းအတိုင္းေတာ့ လုပ္ေဆာင္ၿပီးေတာ့သြားတယ္။ Mask တို႔ FaceShield တို႔အုပ္သြားတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ စက္႐ုံထဲေရာက္ၿပီဆိုရင္လည္း လက္ေဆးေဘစင္ထဲမွာ လက္ေဆးၿပီးေတာ့ အပူခ်ိန္တိုင္းတာ၊ ၿပီးေတာ့ သုံးေပကြာ၊ ေလးေပကြာ တန္းစီၿပီးေတာ့မွ သြားရတဲ့အေနအ ထားေတြ၊ စက္႐ုံဆင္းရင္လည္း အဲလိုအေနအထားေတြနဲ႔ သြားေနရတယ္ေပါ့ေနာ္၊ ထမင္းစားခ်ိန္ဆိုရင္လည္း အခ်ိန္ေတြ သတ္မွတ္ၿပီးေတာ့ စားရတယ္၊ လိုင္းထဲမွာဆိုရင္လည္း စက္ခ်ဳပ္ခုံေတြမွာလည္း တစ္ဦးႏွင့္တစ္ဦး အနည္းဆုံးေတာ့ သုံးေပေက်ာ္၊ ေလးေပေတာ့ ခြာၿပီးေတာ့ အကုန္လုံး လုပ္ၾကတယ္။
People Media ။ ။ စက္႐ုံမွာ အလုပ္သမားလူဦးေရ ဘယ္ႏွစ္ရာခိုင္ႏႈန္းအထိ ေလ်ာ့သြားတာ႐ွိလဲ။
မကလ်ာထြန္း ။ ။ အစ္မတို႔ စက္႐ုံပထမဆုံးကေတာ့ ကိုးရာေက်ာ္၊ တစ္ေထာင္နီးပါးေလာက္႐ွိတယ္၊ အစ္မတို႔ ပထမ ကိုဗစ္လိူင္းျဖစ္ေတာ့ မိဘေတြက စိုးရိမ္ၿပီးေတာ့ ျပန္ေခၚတာေရာ၊ ေၾကာက္လို႔ ျပန္သြားၾကေတာ့ အခုအခ်ိန္မွာ လူဦးေရ ႏွစ္ရာေက်ာ္ သုံးရာနီးပါးေက်ာ္ေလာက္ ေလ်ာ့သြားၿပီး၊ ေျခာက္ရာေက်ာ္၊ ခုႏွစ္ရာနီးပါးေလာက္႐ွိေသးတယ္၊ အခုဒုတိယလိူင္းမွာ တစ္ခါထပ္ၿပီးေတာ့ ေရာဂါေတြကလည္း တစ္ေထာင္ေက်ာ္လာေတြေရာ၊ ေသတာေတြ၊ ပိုးေတြ႕လာတာေတြကလည္း မ်ားေနၿပီဆိုေတာ့ ေၾကာက္လို႔ဆိုၿပီး ျပန္သြားၾကတာေတြကဆိုရင္ အခုဆိုရင္ ႏွစ္ရာေက်ာ္ေလာက္႐ွိတယ္၊ အခုဆိုရင္စက္႐ုံက လူဦးေရက ငါးရာေက်ာ္ေလာက္ပဲ ႐ွိေတာ့တယ္။
People Media ။ ။ အလုပ္သမားေတြအေနနဲ႔ အေဆာင္လခေတြကေရာ ဘယ္လိုေတြေျဖ႐ွင္းေနရလဲ။
မကလ်ာထြန္း ။ ။ အေဆာင္လခနဲ႔ မီတာခဆိုရင္ တစ္လကို ရွစ္ေသာင္းေလာက္ ေပးရတယ္၊ အေဆာင္လ ခေတြကေတာ့ အေဆာင္႐ွင္ေတြက လုံး၀ကို မေလွ်ာ့ပါဘူး၊ မေလွ်ာ့ဘူးဆိုတာ ေနႏိုင္ရင္ေန မေနႏိုင္ရင္ ေျပာင္းၾကေပါ့ေနာ္၊ အဲလိုမ်ဳိးေတြလည္း ရွိတယ္၊ မေန႔ကဆိုလို႔႐ွင္ရင္ ျပႆနာ နည္းနည္းျဖစ္သြားတယ္၊ အခုဒီလမွာဆိုရင္ လစာနည္းတဲ့အတြက္ အေဆာင္ခေလွ်ာ့ေပးဖို႔ ေျပာတဲ့အခါမွာ အေဆာင္႐ွင္ေတြက ဘယ္လိုေျပာလည္းဆိုေတာ့ မေလွ်ာ့ေပးႏိုင္ဘူးေပါ့၊ ဒါသူတို႔နဲ႔ မဆိုင္ဘူးဆိုၿပီးေတာ့ ေျပာတယ္၊ ၿပီးေတာ့ အေဆာင္ကို ဒီလမွာပဲေန၊ ေနာက္လၾကရင္ အေဆာင္ေျပာင္းေပးဖို႔ေတာင္မွ ေျပာတာေတြ႐ွိလာတယ္။
People Media ။ ။ အခုလို အေဆာင္ခေတြမေလ်ာ့တာက အေဆာင္အမ်ားစုက အဲ့ဒီလိုျဖစ္ေနတာလား။
မကလ်ာထြန္း ။ ။ အခုအားလုံးကလည္း တစ္ေဆာင္နဲ႔တစ္ေဆာင္ကလည္း မညီဘူး၊ တစ္ခ်ဳိ႕အေဆာင္ ေတြကလည္း ေလွ်ာ့ေပးတဲ့အျပင္ကို အေဆာင္႐ွင္အိမ္ေတြက ဆန္၊ ဆီ၊ ဆားေတြပါ ေ၀တဲ့သူေတြေတာင္ ႐ွိတယ္ေပါ့ေနာ္၊ အခုေနခ်ိန္မွာ ေရာဂါေတြျဖစ္ေနတာေၾကာင့္ အေဆာင္တစ္ေဆာင္နဲ႔ တစ္ေဆာင္ အေဆာင္႐ွင္ေတြက သူစိမ္းေတြ အ၀င္မခံဘူး၊ လက္႐ွိေနေနတဲ့ လူေတြကိုပဲ ထားတယ္၊ ဒီျပင့္လူကေတာ့ ေျပာင္းလို႔မရဘူး၊ ကိုယ့္စီမွာ လႊတ္ေနတဲ့ တစ္ျခား လူေတြကို အ၀င္မခံဘူး၊ အဲ့ဒီလိုေတြျဖစ္ေနတဲ့အတြက္ ေၾကာင့္မို႔ အစ္မတို႔အေနနဲ႔ စားဖို႔အတြက္ အေဆာင္ခေတြကို ဦးစားေပးၿပီး ရွာၿပီးေပးရေတာ့မဲ့ အေနထား မ်ဳိးေတြ ျဖစ္ေနတယ္ေပါ့။ မေပးႏိုင္တဲ့လူေတြ႐ွိတယ္၊ မေပးႏိုင္တဲ့ လူေတြ႐ွိတာၾကေတာ့ ဘယ္လိုလုပ္လည္းဆိုေတာ့ သူတို႔က တစ္လေစာင့္ေပးမယ္ ေစာင့္ၿပီး ေနာက္လၾကရင္ ဘယ္လိုျပန္႐ွာေပးဆိုတာမ်ဳိးေတာ့႐ွိတယ္။
People Media ။ ။ ကိုဗစ္ကာလမွာ စား၀တ္ေနေရးအခက္အခဲေတြကို ဘယ္လိုေျဖ႐ွင္းေနရလဲ။
မကလ်ာထြန္း ။ ။ ရတဲ့ပိုက္ဆံေလးေတြနဲ႔ မွ်တၿပီးေတာ့စားေနရတယ္၊ ၿပီးသြားလို႔႐ွိရင္ အခုလိုအပ္တယ္ဆို လို႔႐ွိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ ပိုက္ဆံေတြကိုေခ်းၿပီး စားေနရတယ္ေပါ့ေနာ္၊ အေႂကြးယူတယ္ဆို ရင္ေတာင္မွ အရင္တုန္းကဆိုရင္ေတာ့ ေတာ္ေသးတယ္၊ ၿပီးေတာ့ OT ေတြက မ႐ွိေတာ့ အကုန္လုံးက ေခ်းတာ ငွားတာေတာင္မွ အရင္လိုမ်ဳိး ရဲရဲႀကီးမေခ်းရဲေတာ့ဘူးေပါ့ေနာ္၊ အခုကတစ္ေယာက္နဲ႔တစ္ေယာက္ အလုပ္သ မားအခ်င္းခ်င္း ေဖးမၿပီး စားေနရတယ္ေပါ့။
People Media ။ ။ အလုပ္သမားတစ္ေယာက္အေနနဲ႔ ဘယ္လိုအစိုးရမ်ဳိးကို ေမွ်ာ္မွန္းထားတာ႐ွိလဲ။
မကလ်ာထြန္း ။ ။ ဘယ္လိုအစိုးရမ်ဳိးကိုလိုခ်င္လည္းဆိုရင္ ေအာက္ေျခမွာ အလုပ္သမားေတြ အခက္ခဲျဖစ္ေန တဲ့ ျပည္သူလူထုေတြ အမ်ားႀကီး႐ွိတဲ့အတြက္ေၾကာင့္ ေအာက္ေျခ၀န္ထမ္း၊ အေျခခံလူတန္းစားေတြကို ေကာင္း တဲ့ အစိုးရမ်ဳိးကိုျဖစ္ေစခ်င္ပါတယ္။
#PeopleMedia
(unicode)
လုပ်ခလစာလျော့ချခြင်း ရပ်နားခြင်းခံရသော်လည်း အဆောင်များအနေဖြင့် အဆောင်လစာများကို လုံးဝလျော့ချခြင်းမရှိဟုဆို
………………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၂၉
ကိုဗစ်ကာလအတွင်း စက်မှုလက်မှုလုပ်ငန်းအများစုတွင် လုပ်ခလစာလျော့ချခြင်း ရပ်နားခြင်းခံရမှုများရှိနေပြီး ထိုသို့အခြေအနေများကြောင့် လှိုင်သာယာမြို့နယ်မှာရှိတဲ့ အလုပ်သမားများ၏ စားဝတ်နေရေးအခြေအနေ တွေ့ကြုံနေရသော အခက်အခဲများနှင့်ပတ်သက်၍ မြန်မာယူနစ်အထည်ချုပ်စက်ရုံမှ မကလျာထွန်းကို People Media က ဆက်သွယ်မေးမြန်ထားပါတယ်။
“အဆောင်ရှင်တွေက လုံးဝကို မလျှော့ပါဘူး၊ မလျှော့ဘူးဆိုတာ နေနိုင်ရင်နေ မနေနိုင်ရင် ပြောင်းကြပေါ့နော်၊ အဲ့ဒီလိုမျိုးတွေလည်းရှိတယ်၊ မနေ့ကဆိုလို့ရှင်ရင် ပြဿနာနည်းနည်းဖြစ်သွားတယ်၊ အခုဒီလမှာဆိုရင် လစာ နည်းတဲ့အတွက် အဆောင်ခလျှော့ပေးဖို့ ပြောတဲ့အခါမှာ အဆောင်ရှင်တွေက ဘယ်လိုပြောလည်း ဆိုတော့ မလျှော့ပေးနိုင်ဘူးပေါ့၊ ဒါသူတို့နဲ့ မဆိုင်ဘူးဆိုပြီးတော့ ပြောတယ်၊ ပြီးတော့ အဆောင်ကို ဒီလမှာပဲနေ၊ နောက် လကြရင် အဆောင်ပြောင်းပေးဖို့တောင်မှ ပြောတာတွေရှိလာတယ်” မကလျာထွန်း(မြန်မာယူနစ် အထည်ချုပ် (ခြေခံအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်(ဥက္ကဋ္ဌ))
PeopleMedia ။ ။ အစ်မတို့အနေနဲ့ ဘယ်ချိန်ထဲက အလုပ်ကိုစပြီး ပြန်ဆင်းနေရတာလဲ။
မကလျာထွန်း ။ ။ အစ်မတို့စက်ရုံက အောက်တိုဘာ၂၂ ရက်နေ့ကစပြီး အလုပ်ဆင်းရတာ၊ အခုချိန်ထိပဲ ပေါ့နော်၊ ယနေ့အချိန်ထိ အလုပ်ဆင်းရတယ်။ အစ်မတို့ စက်ရုံက မြန်မာယူနစ် ဂါးမန်းအထည်ချုပ် စက်ရုံပေါ့နော်။
PeopleMedia ။ ။ ကိုဗစ်ကာလမှာ စက်ရုံဖွင့်နေတော့ ဖြစ်နေတဲ့အချိန်မှာ စက်ရုံကို နေ့စဉ်နေ့တိုင်းသွားလာ နေရတဲ့အပေါ်မှာ အစ်မတို့စက်ရုံမှာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားလဲ။
မကလျာထွန်း ။ ။ အစ်မတို့က ဘယ်လိုသွားလာလုပ်ရှားနေရလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန် ကြားချက်အတိ်ုင်းပဲ စည်းမျဉ်းစည်းကမ်းအတိုင်းတော့ လုပ်ဆောင်ပြီးတော့သွားတယ်။ Mask တို့ FaceShield တို့အုပ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် စက်ရုံထဲရောက်ပြီဆိုရင်လည်း လက်ဆေးဘေစင်ထဲမှာ လက်ဆေးပြီးတော့ အပူချိန်တိုင်းတာ၊ ပြီးတော့ သုံးပေကွာ၊ လေးပေကွာ တန်းစီပြီးတော့မှ သွားရတဲ့အနေအ ထားတွေ၊ စက်ရုံဆင်းရင်လည်း အဲလိုအနေအထားတွေနဲ့ သွားနေရတယ်ပေါ့နော်၊ ထမင်းစားချိန်ဆိုရင်လည်း အချိန်တွေ သတ်မှတ်ပြီးတော့ စားရတယ်၊ လိုင်းထဲမှာဆိုရင်လည်း စက်ချုပ်ခုံတွေမှာလည်း တစ်ဦးနှင့်တစ်ဦး အနည်းဆုံးတော့ သုံးပေကျော်၊ လေးပေတော့ ခွာပြီးတော့ အကုန်လုံး လုပ်ကြတယ်။
People Media ။ ။ စက်ရုံမှာ အလုပ်သမားလူဦးရေ ဘယ်နှစ်ရာခိုင်နှုန်းအထိ လျော့သွားတာရှိလဲ။
မကလျာထွန်း ။ ။ အစ်မတို့ စက်ရုံပထမဆုံးကတော့ ကိုးရာကျော်၊ တစ်ထောင်နီးပါးလောက်ရှိတယ်၊ အစ်မတို့ ပထမ ကိုဗစ်လိူင်းဖြစ်တော့ မိဘတွေက စိုးရိမ်ပြီးတော့ ပြန်ခေါ်တာရော၊ ကြောက်လို့ ပြန်သွားကြတော့ အခုအချိန်မှာ လူဦးရေ နှစ်ရာကျော် သုံးရာနီးပါးကျော်လောက် လျော့သွားပြီး၊ ခြောက်ရာကျော်၊ ခုနှစ်ရာနီးပါးလောက်ရှိသေးတယ်၊ အခုဒုတိယလိူင်းမှာ တစ်ခါထပ်ပြီးတော့ ရောဂါတွေကလည်း တစ်ထောင်ကျော်လာတွေရော၊ သေတာတွေ၊ ပိုးတွေ့လာတာတွေကလည်း များနေပြီဆိုတော့ ကြောက်လို့ဆိုပြီး ပြန်သွားကြတာတွေကဆိုရင် အခုဆိုရင် နှစ်ရာကျော်လောက်ရှိတယ်၊ အခုဆိုရင်စက်ရုံက လူဦးရေက ငါးရာကျော်လောက်ပဲ ရှိတော့တယ်။
People Media ။ ။ အလုပ်သမားတွေအနေနဲ့ အဆောင်လခတွေကရော ဘယ်လိုတွေဖြေရှင်းနေရလဲ။
မကလျာထွန်း ။ ။ အဆောင်လခနဲ့ မီတာခဆိုရင် တစ်လကို ရှစ်သောင်းလောက် ပေးရတယ်၊ အဆောင်လ ခတွေကတော့ အဆောင်ရှင်တွေက လုံးဝကို မလျှော့ပါဘူး၊ မလျှော့ဘူးဆိုတာ နေနိုင်ရင်နေ မနေနိုင်ရင် ပြောင်းကြပေါ့နော်၊ အဲလိုမျိုးတွေလည်း ရှိတယ်၊ မနေ့ကဆိုလို့ရှင်ရင် ပြဿနာ နည်းနည်းဖြစ်သွားတယ်၊ အခုဒီလမှာဆိုရင် လစာနည်းတဲ့အတွက် အဆောင်ခလျှော့ပေးဖို့ ပြောတဲ့အခါမှာ အဆောင်ရှင်တွေက ဘယ်လိုပြောလည်းဆိုတော့ မလျှော့ပေးနိုင်ဘူးပေါ့၊ ဒါသူတို့နဲ့ မဆိုင်ဘူးဆိုပြီးတော့ ပြောတယ်၊ ပြီးတော့ အဆောင်ကို ဒီလမှာပဲနေ၊ နောက်လကြရင် အဆောင်ပြောင်းပေးဖို့တောင်မှ ပြောတာတွေရှိလာတယ်။
People Media ။ ။ အခုလို အဆောင်ခတွေမလျော့တာက အဆောင်အများစုက အဲ့ဒီလိုဖြစ်နေတာလား။
မကလျာထွန်း ။ ။ အခုအားလုံးကလည်း တစ်ဆောင်နဲ့တစ်ဆောင်ကလည်း မညီဘူး၊ တစ်ချို့အဆောင် တွေကလည်း လျှော့ပေးတဲ့အပြင်ကို အဆောင်ရှင်အိမ်တွေက ဆန်၊ ဆီ၊ ဆားတွေပါ ဝေတဲ့သူတွေတောင် ရှိတယ်ပေါ့နော်၊ အခုနေချိန်မှာ ရောဂါတွေဖြစ်နေတာကြောင့် အဆောင်တစ်ဆောင်နဲ့ တစ်ဆောင် အဆောင်ရှင်တွေက သူစိမ်းတွေ အဝင်မခံဘူး၊ လက်ရှိနေနေတဲ့ လူတွေကိုပဲ ထားတယ်၊ ဒီပြင့်လူကတော့ ပြောင်းလို့မရဘူး၊ ကိုယ့်စီမှာ လွှတ်နေတဲ့ တစ်ခြား လူတွေကို အဝင်မခံဘူး၊ အဲ့ဒီလိုတွေဖြစ်နေတဲ့အတွက် ကြောင့်မို့ အစ်မတို့အနေနဲ့ စားဖို့အတွက် အဆောင်ခတွေကို ဦးစားပေးပြီး ရှာပြီးပေးရတော့မဲ့ အနေထား မျိုးတွေ ဖြစ်နေတယ်ပေါ့။ မပေးနိုင်တဲ့လူတွေရှိတယ်၊ မပေးနိုင်တဲ့ လူတွေရှိတာကြတော့ ဘယ်လိုလုပ်လည်းဆိုတော့ သူတို့က တစ်လစောင့်ပေးမယ် စောင့်ပြီး နောက်လကြရင် ဘယ်လိုပြန်ရှာပေးဆိုတာမျိုးတော့ရှိတယ်။
People Media ။ ။ ကိုဗစ်ကာလမှာ စားဝတ်နေရေးအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေရလဲ။
မကလျာထွန်း ။ ။ ရတဲ့ပိုက်ဆံလေးတွေနဲ့ မျှတပြီးတော့စားနေရတယ်၊ ပြီးသွားလို့ရှိရင် အခုလိုအပ်တယ်ဆို လို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်ကတော့ ပိုက်ဆံတွေကိုချေးပြီး စားနေရတယ်ပေါ့နော်၊ အကြွေးယူတယ်ဆို ရင်တောင်မှ အရင်တုန်းကဆိုရင်တော့ တော်သေးတယ်၊ ပြီးတော့ OT တွေက မရှိတော့ အကုန်လုံးက ချေးတာ ငှားတာတောင်မှ အရင်လိုမျိုး ရဲရဲကြီးမချေးရဲတော့ဘူးပေါ့နော်၊ အခုကတစ်ယောက်နဲ့တစ်ယောက် အလုပ်သ မားအချင်းချင်း ဖေးမပြီး စားနေရတယ်ပေါ့။
People Media ။ ။ အလုပ်သမားတစ်ယောက်အနေနဲ့ ဘယ်လိုအစိုးရမျိုးကို မျှော်မှန်းထားတာရှိလဲ။
မကလျာထွန်း ။ ။ ဘယ်လိုအစိုးရမျိုးကိုလိုချင်လည်းဆိုရင် အောက်ခြေမှာ အလုပ်သမားတွေ အခက်ခဲဖြစ်နေ တဲ့ ပြည်သူလူထုတွေ အများကြီးရှိတဲ့အတွက်ကြောင့် အောက်ခြေဝန်ထမ်း၊ အခြေခံလူတန်းစားတွေကို ကောင်း တဲ့ အစိုးရမျိုးကိုဖြစ်စေချင်ပါတယ်။
#PeopleMedia


Share this post