• Follow Us on

Home လုပ်ငန်းများဆောင်ရွက်သည့်အခါ သည်းခံခြင်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သီတဂူ ဆရာတော်ဘုရားကြီး မိန့်ကြား

လုပ်ငန်းများဆောင်ရွက်သည့်အခါ သည်းခံခြင်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သီတဂူ ဆရာတော်ဘုရားကြီး မိန့်ကြား

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၈ (People Media)

 

ဇန်နဝါရီလ ၂၇ ရက်နေ့က သီတဂူအဓိပတိဆရာတော် သင်ကြားစီမံအစည်းအဝေး(စစ်ကိုင်း)၌ သီတဂူဆရာ တော်ဘုရားကြီးက “လုပ်ငန်းများဆောင်ရွက်သည့်အခါ သည်းခံခြင်းနဲ့ ဆောက်ရွက်မှသာ အောင်မြင်နိုင်မယ်လို့ စိတ်ထဲနှလုံးသားထဲ စွဲမြဲထားပြီး ဆောင်ရွက်ကြရန်” မိန့်ကြားခဲ့သည်။

 

“လုပ်ငန်းများဆောင်ရွက်တဲ့အခါ သည်းခံခြင်းနဲ့ ဆောက်ရွက်မှသာ အောင်မြင်နိုင်မယ်လို့ စိတ်ထဲနှလုံးသားထဲ စွဲမြဲထားပြီး ဆောင်ရွက်ကြပါလို့ပဲ တပည့်တွေအားလုံးကို မှာကြားချင်ပါတယ်” သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

 

အဆက်မပြတ်စည်းဝေးတိုင်ပင်ခြင်းသည် ကြီးပွါးတိုးတက်ဖို့ဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၅၀၀ အတွင်းမှာ ထေရဝါဒ သံဃာတော်များ (၆) ကြိမ်တိုင်တိုင်စည်းဝေးခဲ့ကြ၍ မြတ်ဗုဒ္ဓတရားတော်များကို မူရင်းအတိုင်း ထိန်းသိမ်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ အမွေခံဆိုသည်မှာ သီတဂူလုပ်ငန်းကြီးများကို ဆက်လက်ထိန်းသိမ်းနိုင်မှသာ အမွေခံကောင်း ဖြစ်မည်ဖြစ်ကြောင်း၊ Education Systemကို မည်သို့မျှ လျှော့မပစ်ကြရန်နှင့် သာမဏေကျော်တက္ကသိုလ်ဖွင့်ကြ မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

 

လာမယ့်တပေါင်းလဆန်း (၁) ရက်နေ့တွင် ရန်ကုန်သီတဂူတွင် ရန်ကုန်၊ သန်လျင်၊ တောင်ငူတက္ကသိုလ်များမှ ဘီအေဘွဲ့နှင်းသဘင်ကျင်းပမည်ဖြစ်ကြောင်း၊ တပေါင်းလဆန်း (၈) ရက်၊ စစ်ကိုင်းသီတဂူတွင် စစ်ကိုင်း၊ မန္တလေးများက ဘီအေ၊ အမ်အေ၊ ပီအိခ်ျဒီဘွဲ့နှင်းသဘင်ကို ကျင်းပမည်ဖြစ်ကြောင်း၊ နိကာယ်စာပေများကို သင်ကြားပို့ချပြီး နိကာယကောဝိဒဘွဲ့အောင်လက်မှတ်ချီးမြင့်မည်ဖြစ်ကြောင်း ဆရာတော်ကြီးမှ ဆက်လက်မိန့် ကြားခဲ့သည်။

 

#PeopleMedia #သီတဂူဆရာတော်ဘုရားကြီး

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post