• Follow Us on

Home လုပ်ငန်းလိုင်စင်အာမခံကြေး ငွေကျပ်သိန်း (၂၀၀) ပေးသွင်းခြင်းမရှိသည့် ပြည်ပအလုပ်အေဂျင်စီ (၂၆) ခု လိုင်စင်ရုပ်သိမ်းခြင်းခံခဲ့ရ

လုပ်ငန်းလိုင်စင်အာမခံကြေး ငွေကျပ်သိန်း (၂၀၀) ပေးသွင်းခြင်းမရှိသည့် ပြည်ပအလုပ်အေဂျင်စီ (၂၆) ခု လိုင်စင်ရုပ်သိမ်းခြင်းခံခဲ့ရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၄ (People Media)

 

သတ်မှတ်ရက်အတွင်း လိုင်စင်အာမခံကြေး ငွေကျပ် သိန်း ၂၀၀ ပေးသွင်းခြင်းမရှိသဖြင့် ၂၀၂၁ ခုနှစ် အောက် တိုဘာလ ၁၁ ရက်နေ့မှစ၍ ကုမ္ပဏီ ၂၆ ခုကို ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ ဆောင် ရွက်နိုင်ရန် အမှန်တကယ် လုပ်ငန်းကို စိတ်ပါဝင်စား၍ ထိရောက်အကျိုးရှိစွာလုပ်ဆောင်သည့် အေဂျင်စီများ ဖြစ်ပေါ်လာစေရန် ပြည်ပလုပ်အကိုင် အကျိုးဆောင်လိုင်စင် အာမခံစပေါ်ငွေကို အာမခံကြေး ငွေကျပ် သိန်း (၅၀) မှ ကျပ်သိန်း (၂၅၀) သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခင်ပေးသွင်းခဲ့သည့် သိန်း (၅၀) အပြင် ထပ်မံပေးသွင်း ရမည့် ကျပ်သိန်းကို ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အလုပ်သမားညွန်ကြားရေး ဦးစီး ဌာန၏ ငွေစာရင်းအမှတ် MD-010840 သို့ ပေးသွင်းရန်နှင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက လုပ်ငန်းဆောင်ရွက်မှုများကို အာမခံကြေးပေးသွင်းပြီးသည့်ကာလအထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ထပ်မံ၍ ငွေပေးသွင်းရမည့် ရက်များအားလည်း (၁၈)လကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၁ ရက် နေ့ နောက်ဆုံးထားပေးသွင်းရန် အဖြေလျှော့ဆောင်ရွက်ပေးခဲ့သော်လည်း အောက်ပါ ကုမ္ပဏီ (၂၆) ခုတို့သည် ဖြေလျှော့ကာလများ ပြည့်ပြီးဖြစ်သော်လည်း လိုင်စင်အာခံကြေးပေးသွင်းခြင်းမရှိသောကြောင့် ယင်းတို့၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ကို ရုပ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကုမ္ပဏီများမှာ Alkar Kyaw Co., Ltd၊ Apex Chin Dwin Services Co.,Ltd၊ Asia Wave Services Co., Ltd ၊ Aung Kaung Kyei Services Co., Ltd ၊ Global Champions International Co., Ltd  ၊ Global Gateway Co., Ltd ၊ Global Glitter Consultancy Agency Co., Ltd ၊ Golden Kayin Co., Ltd ၊ Golden Land Myanmar General Services Co., Ltd ၊ Great Future Goal Co.,Ltd နှင့်  International Mother Ocean Co., Ltd အပါအဝင် စုစုပေါင်း ကုမ္ပဏီ (၂၆) ခုကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားညွန်ကြား မှုဦးစီးဌာနမှ သိရသည်။

 

Photo – MOFA

 

#PeopleMedia #အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ#လိုင်စင်အာမခံကြေးငွေ

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – MOFA

 



Share this post