• Follow Us on

Home “လုပ္တဲ့ကိစၥမသိပါဘူးတဲ့။ မဲ႐ုံမွဴးေတြကုိ ထုိးခ်တယ္။ လူေပၚျပာက်လုိ႔ ေခြးေပၚခါခ်တယ္” ဦးသိန္းၾကည္ မဲ႐ုံ က် ဆရာ/ဆရာမမ်ားကုိ ျမန္မာစကားပုံၾကမ္းၾကမ္းျဖင့္ ခုိင္းႏႈိင္းလုိက္သည့္ အမ်ဳိးသားႏုိင္ငံေရးမဟာမိတ္ပါတီ ဥကၠ႒ ဦးသိန္းၾကည္

“လုပ္တဲ့ကိစၥမသိပါဘူးတဲ့။ မဲ႐ုံမွဴးေတြကုိ ထုိးခ်တယ္။ လူေပၚျပာက်လုိ႔ ေခြးေပၚခါခ်တယ္” ဦးသိန္းၾကည္ မဲ႐ုံ က် ဆရာ/ဆရာမမ်ားကုိ ျမန္မာစကားပုံၾကမ္းၾကမ္းျဖင့္ ခုိင္းႏႈိင္းလုိက္သည့္ အမ်ဳိးသားႏုိင္ငံေရးမဟာမိတ္ပါတီ ဥကၠ႒ ဦးသိန္းၾကည္

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၂၆

၂၀၂၀ ေရြးေကာက္ပြဲ၌ မဲမသမာမႈမ်ား၊ မဲစာရင္းအမွားအယြင္းမ်ားႏွင့္ပတ္သက္၍ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္သည္ တာဝန္ယူလုိစိတ္မရွိ၍ ေကာ္မရွင္က မဲရုံတာဝန္က် ဆရာ/ဆရာမမ်ားအေပၚ လႊဲခ်ခဲခဲ့ေၾကာင္း အမ်ဳိးသားႏုိင္ငံေရးမဟာမိတ္ပါတီဥကၠ႒ ဦးသိန္းၾကည္က ေျပာဆုိလုိက္သည္။

“ဦးလွသိန္းက UEC ကုိ တာဝန္ခံတယ္။ ဘယ္လုိတာဝန္ခံလည္းဆုိေတာ့ သူတုိ႔က မွ်မွ်တတလုပ္ပါတယ္။ ေအာက္ေျခက လုပ္တဲ့ကိစၥမသိပါဘူးတဲ့။ မဲ႐ုံမွဴးေတြကုိ ထုိးခ်တယ္။ လူေပၚျပာက်လုိ႔ ေခြးေပၚခါခ်တယ္”လုိ႔ ဦးသိန္းၾကည္က ေျပာဆုိခဲ့သည္။

ႏုိဝင္ဘာ(၂၆)ရက္ေန႔၌ ၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမႈမ်ားႏွင့္ပတ္သက္၍ ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံ ေရးပါတီမ်ား သတင္းစာရွင္းလင္းပြဲ၌ ဦးသိန္းၾကည္က အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္းျဖစ္သည္။

ထုိကဲ့သုိ႔ ဦးသိန္းၾကည္၏ေျပာဆိုခ်က္သည္ ဦးသိန္းၾကည္ႏွင့္သာ သက္ဆုိင္ၿပီး ျပည္ခုိင္ၿဖိဳးပါတီႏွင့္ သက္ဆုိင္မႈ မရွိေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာသည္။

“ဦးသိန္းၾကည္ေျပာတာက သူေျပာတဲ့ကိစၥပါ။ ကၽြန္ေတာ္တုိ႔နဲ႔ မဆုိင္ပါဘူး။ ႏုိင္ငံေရးပါတီေတြက သူတုိ႔ အခက္အခဲ သူတုိ႔ႀကံဳရတဲ့အေျခအေနကုိ လာရွင္းတာပါ။ ကၽြန္ေတာ္တုိ႔က ကၽြန္ေတာ္တုိ႔ပါတီကိစၥကုိ ကၽြန္ ေတာ္တုိ႔ ရွင္းလင္းေျပာဆုုိၾကတာပါ” လုိ႔ ေဒါက္တာနႏၵလွျမင့္ကေျပာသည္။

#PeopleMedia #ဦးသိန္းၾကည္

(unicode)
“လုပ်တဲ့ကိစ္စမသိပါဘူးတဲ့။ မဲရုံမှူးတွေကို ထိုးချတယ်။ လူပေါ်ပြာကျလို့ ခွေးပေါ်ခါချတယ်” ဦးသိန်းကြည် မဲရုံ ကျ ဆရာ/ဆရာမများကို မြန်မာစကားပုံကြမ်းကြမ်းဖြင့် ခိုင်းနှိုင်းလိုက်သည့် အမျိုးသားနိုင်ငံရေးမဟာမိတ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်
…………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ – ၂၆

၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုများ၊ မဲစာရင်းအမှားအယွင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် တာဝန်ယူလိုစိတ်မရှိ၍ ကော်မရှင်က မဲရုံတာဝန်ကျ ဆရာ/ဆရာမများအပေါ် လွှဲချခဲခဲ့ကြောင်း အမျိုးသားနိုင်ငံရေးမဟာမိတ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောဆိုလိုက်သည်။

“ဦးလှသိန်းက UEC ကို တာဝန်ခံတယ်။ ဘယ်လိုတာဝန်ခံလည်းဆိုတော့ သူတို့က မျှမျှတတလုပ်ပါတယ်။ အောက်ခြေက လုပ်တဲ့ကိစ္စမသိပါဘူးတဲ့။ မဲရုံမှူးတွေကို ထိုးချတယ်။ လူပေါ်ပြာကျလို့ ခွေးပေါ်ခါချတယ်”လို့ ဦးသိန်းကြည်က ပြောဆိုခဲ့သည်။

နိုဝင်ဘာ(၂၆)ရက်နေ့၌ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံ ရေးပါတီများ သတင်းစာရှင်းလင်းပွဲ၌ ဦးသိန်းကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဦးသိန်းကြည်၏ပြောဆိုချက်သည် ဦးသိန်းကြည်နှင့်သာ သက်ဆိုင်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် သက်ဆိုင်မှု မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

“ဦးသိန်းကြည်ပြောတာက သူပြောတဲ့ကိစ္စပါ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ နိုင်ငံရေးပါတီတွေက သူတို့ အခက်အခဲ သူတို့ကြုံရတဲ့အခြေအနေကို လာရှင်းတာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ပါတီကိစ္စကို ကျွန် တော်တို့ ရှင်းလင်းပြောဆုုိကြတာပါ” လို့ ဒေါက်တာနန္ဒလှမြင့်ကပြောသည်။

#PeopleMedia #ဦးသိန်းကြည်


Share this post