• Follow Us on

Home လုပ်ဖော်ကိုင်ဖက်က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည်ဟုစွပ်စွဲထားသည့် အမျိုးသမီးဝန်ထမ်းအား တရုတ် အလီဘာလာကုမ္ပဏီက အလုပ်ထုတ်ပစ်ခဲ့

လုပ်ဖော်ကိုင်ဖက်က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည်ဟုစွပ်စွဲထားသည့် အမျိုးသမီးဝန်ထမ်းအား တရုတ် အလီဘာလာကုမ္ပဏီက အလုပ်ထုတ်ပစ်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

တရုတ်နိုင်ငံ၏ အီလက်ထရောနစ်ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော အလီဘာလာကုမ္ပဏီသည် ယခုနှစ် အစောပိုင်းကာလက လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတစ်ဦးမှ လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့ သော အမျိုးသမီးဝန်ထမ်းတစ်ဦးကို အလုပ်မှထုတ်ပစ်ခဲ့ကြောင်း အစိုးရထောက်ပံ့ထားသည့် ဒါဟီနေ့စဉ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

 

အလုပ်ဖြုတ်လိုက်ကြောင်း အသိပေးစာကို နိုဝင်ဘာလအကုန်တွင်ရရှိခဲ့သည်ဟု အဆိုပါအမျိုးသမီးဝန်ထမ်းက ပြောဆိုကြောင်း ယင်းအမျိုးသမီးနှင့် အင်တာဗျူးခဲ့သည့် ဒါဟီနေ့စဉ်သတင်းစာကပြောကြားခဲ့ပြီး သူမအလုပ်ရပ် နားခံရကြောင်းရေးသားထားသည့်စာကို သတင်းစာတွင်ဖော်ပြခဲ့သည်။

 

အဆိုပါအမျိုးသမီးဝန်ထမ်းသည် လိင်ပိုင်းဆိုင်ရာစော်ကားခံရသည်ဟု မဟုတ်မမှန်သတင်းများ ဖြန့်ချိခဲ့သည့်အ ပြင် ကုမ္ပဏီက ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဟု သတင်းမှားများဖြန့်ချိခဲ့ကြောင်း အဆို ပါစာတွင်ဖော်ပြထားသည်။ ယင်းကိစ္စမှာ အလွန်အရေးကြီးသည့်လူမှုရေးပြဿနာတစ်ရပ်ဖြစ်ပြီး ကုမ္ပဏီအပေါ် ဆိုးရွားသည့်အကျိုးသက်ရောက်မှု ရိုက်ခတ်ကြောင်း အဆိုပါစာထဲတွင်ဖော်ပြထားသည်။

 

“ကျွန်မ ဘာအမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒီရလဒ်ကို လက်ခံမှာ မဟုတ်ပါဘူး။ အနာဂတ်ကာလမှာ ကျွန်မအခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ကျွန်မအနေနဲ့ ဥပဒေနဲ့ညီညွတ်တဲ့နည်းလမ်းမှန် သမျှကို အသုံးပြုသွားမှာပါ” ဟု အဆိုပါအမျိုးသမီး၏ ပြောစကားကို ရည်ညွှန်း၍ ဒါဟီနေ့စဉ်သတင်းစာတွင်  ဖော်ပြထားသည်။

 

သတင်းနှင့်ပတ်သက်၍ အလီဘာလာကုမ္ပဏီက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိသလို အဆိုပါအမျိုးသမီး၏ ရှေ့နေကလည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

လုပ်ငန်းတာဝန်နှင့် ခရီးသွားနေစဉ်အတွင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ဖောက်သည်တစ်ဦးတို့က သူမအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့ကြောင်း ကုမ္ပဏီပိုင်အင်ထရာနက်ဝက်ဆိုက်ပေါ်တွင် အဆိုပါအမျိုးသမီးဝန် ထမ်းကဖော်ပြခဲ့ပြီးနောက် သြဂုတ်လအတွင်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံ၏အကြီး ဆုံးအီလက်ထရောနစ်ကုန်သွယ်ရေးကုမ္ပဏီကြီး အလီဘာဘာမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

 

အလီဘာဘာကုမဏီသည် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားဝန်ထမ်းကို အလုပ် ထုတ်ပစ်လိုက်သလို အဆိုပါဖြစ်စဉ်ကို လူသိရှင်ကြားသိအောင်ပြုလုပ်ခဲ့သည့်အခြားဝန်ထမ်း ၁၀ ဦးကိုလည်း အလုပ်မှထုတ်ပစ်ခဲ့သည်။

 

အလီဘာဘာကုမ္ပဏီအနေဖြင့် လိင်ပိုင်းဆိုင်ရာပြစ်မှားဆောင်ရွက်မှုမျိုးကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ယခင်ကတည်းကဖော်ပြခဲ့ဖူးသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလီဘာဘာ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒါနီရယ်လ်ကျောင်က ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်မိကာများစွာအရှက် ရမိသည်ဟုပြောဆိုခဲ့ကြောင်း ၎င်း၏စကားကိုကိုးကား၍ သတင်းစာတွင်ဖော်ပြထားးသည်။

 

Ref: China’s Alibaba accused of firing female employee who alleged colleague sexual assaulted her

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: China’s Alibaba accused of firing female employee who alleged colleague sexual assaulted her

 

#PeopleMedia


Share this post