• Follow Us on

Home လုပ္ႀကံခံရသည့္ တပ္မေတာ္သားႏွစ္ဦး၏ အေလာင္းေဘး၌ မုိင္းေထာင္ထားမႈေၾကာင့္ သြားေရာက္စစ္ေဆး သည့္ တပ္မေတာ္သားအခ်ဳိ႕ ထပ္မံ၍ ထိခုိက္ဒဏ္ရာရက်ဆုံး

လုပ္ႀကံခံရသည့္ တပ္မေတာ္သားႏွစ္ဦး၏ အေလာင္းေဘး၌ မုိင္းေထာင္ထားမႈေၾကာင့္ သြားေရာက္စစ္ေဆး သည့္ တပ္မေတာ္သားအခ်ဳိ႕ ထပ္မံ၍ ထိခုိက္ဒဏ္ရာရက်ဆုံး

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၃၁

 

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခရုိင္၊ ေကာ့ကရိတ္-ျမဝတီလမ္းေဟာင္း အလယ္ဗုိလ္တဲအနီးရွိ ဆက္သြယ္ေရး တာဝါတုိင္၌ တာဝန္က်သည့္ ဝန္ထမ္းႏွစ္ဦး လုပ္ႀကံခံရၿပီးေနာက္ ျဖစ္စဥ္ကုိ သြားေရာက္စစ္ေဆးခဲ့သည့္ တပ္မေတာ္သားမ်ားသည္ မုိင္းေပါက္ကြဲ၍ ထိခုိက္ဒဏ္ရာရ က်ဆုံးခဲ့သည္။

 

အလယ္ဗုိလ္တဲအနီးရွိ ဆက္သြယ္ေရးတာဝါတုိင္၌ တာဝန္က်တပ္မေတာ္သားႏွစ္ဦးသည္ ၾသဂုတ္လ(၃၀)ရက္ ေန႔၌ လုံၿခံဳေရးတာဝန္ယူစဥ္ လက္နက္ကုိင္အဖြဲ႕တစ္ခုမွ လာေရာက္လုပ္ႀကံသတ္ျဖတ္ခဲ့သည္။

 

အဆုိပါ သတ္ျဖတ္ခံရမႈကုိ သြားေရာက္စစ္ေဆးခဲ့သည့္ တပ္မေတာ္သားမ်ားသည္ အေလာင္းေဘးနား၌ ေထာင္ထားသည့္ မုိင္းေပါက္ကြဲမႈေၾကာင့္ ထပ္မံက်ဆုံး ထိခုိက္ဒဏ္ရာရရွိခဲ့သည္။

 

ဆက္သြယ္ေရးတာဝါတုိင္ေစာင့္သည့္ တပ္မေတာ္သားႏွစ္ဦး ေသဆုံးမႈႏွင့္ ေသဆုံးခဲ့သည့္ တပ္မေတာ္သား၏ အေလာင္းေဘး၌ မုိင္းေထာင္ထားသည့္ လက္နက္ကုိင္အဖြဲ႕သည္ မည္သည့္လက္နက္ကုိင္ အဖြဲ႔အစည္းျဖစ္ ေၾကာင္း တပ္မေတာ္မွ တရားဝင္ ထုတ္ေဖာ္ျခင္းမရွိခဲ့ပါ။

 

ကရင္ျပည္နယ္သည္ ကရင့္တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္း အသီးသီး လႈပ္ရွားေသာ နယ္ေျမတစ္ခု ျဖစ္သည္။

 

#PeopleMedia #ေကာ့ကရိတ္ #တပ္မေတာ္

(Unicode)

လုပ်ကြံခံရသည့် တပ်မတော်သားနှစ်ဦး၏ အလောင်းဘေး၌ မိုင်းထောင်ထားမှုကြောင့် သွားရောက်စစ်ဆေး သည့် တပ်မတော်သားအချို့ ထပ်မံ၍ ထိခိုက်ဒဏ်ရာရကျဆုံး

…………………………………………………………………

 

ရန်ကုန်၊ သြဂုတ် – ၃၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဗိုလ်တဲအနီးရှိ ဆက်သွယ်ရေး တာဝါတိုင်၌ တာဝန်ကျသည့် ဝန်ထမ်းနှစ်ဦး လုပ်ကြံခံရပြီးနောက် ဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့သည့် တပ်မတော်သားများသည် မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့သည်။

 

အလယ်ဗိုလ်တဲအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်၌ တာဝန်ကျတပ်မတော်သားနှစ်ဦးသည် သြဂုတ်လ(၃၀)ရက် နေ့၌ လုံခြုံရေးတာဝန်ယူစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

အဆိုပါ သတ်ဖြတ်ခံရမှုကို သွားရောက်စစ်ဆေးခဲ့သည့် တပ်မတော်သားများသည် အလောင်းဘေးနား၌ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ထပ်မံကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဆက်သွယ်ရေးတာဝါတိုင်စောင့်သည့် တပ်မတော်သားနှစ်ဦး သေဆုံးမှုနှင့် သေဆုံးခဲ့သည့် တပ်မတော်သား၏ အလောင်းဘေး၌ မိုင်းထောင်ထားသည့် လက်နက်ကိုင်အဖွဲ့သည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းဖြစ် ကြောင်း တပ်မတော်မှ တရားဝင် ထုတ်ဖော်ခြင်းမရှိခဲ့ပါ။

 

ကရင်ပြည်နယ်သည် ကရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီး လှုပ်ရှားသော နယ်မြေတစ်ခု ဖြစ်သည်။

 

#PeopleMedia #ကော့ကရိတ် #တပ်မတော်


Share this post