• Follow Us on

Home လုံခင်း၊ ဖားကန့်အပါအဝင်ကျောက်စိမ်းများ တူးဖော်ခြင်းလုပ်ငန်းများ ၅ လ ထပ်မံရပ်ဆိုင်းထားမည်

လုံခင်း၊ ဖားကန့်အပါအဝင်ကျောက်စိမ်းများ တူးဖော်ခြင်းလုပ်ငန်းများ ၅ လ ထပ်မံရပ်ဆိုင်းထားမည်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၇ (People Media)

 

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့၌ ရပ်နားထားခဲ့သော ကျောက်စိမ်း ရိုင်းတူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင် စေရန်အတွက်လည်းကောင်း၊ ကျောက်မျက်သယံဇာတများကို သားစဉ်မြေးဆက်ရေရှည်သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ယာယီရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတွင် ၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့က မြေစာပုံပြိုကျမှုများဖြစ်ပွားရာ လူရာနှင့် ချီသေဆုံးပြီးသည့်နောက် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာ နယ်မြေများတွင် ကျောက်စိမ်းတူးဖော်မှုများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #ကျောက်စိမ်းတူးဖော်မှု

 

(unicode)


……………………………………………………………….

 


 


 


 


 



Share this post