• Follow Us on

Home လုံးခင္းအုပ္စုအတြင္း ယေန႔ ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာမ်ားတြင္ အသက္ သုံးႏွစ္ေအာက္ ကေလးငယ္ သုံးဦးပါဝင္

လုံးခင္းအုပ္စုအတြင္း ယေန႔ ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာမ်ားတြင္ အသက္ သုံးႏွစ္ေအာက္ ကေလးငယ္ သုံးဦးပါဝင္

Share this post

ဖားကန႔္၊ ဒီဇင္ဘာ ၃

ဖားကန႔္ၿမိဳ႕နယ္ လုံးခင္း ေက်းရြာ အုပ္စုအတြင္း ယေန႔ ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာမ်ားတြင္ အသက္ သုံးႏွစ္ေအာက္ ကေလးငယ္ သုံးဦးပါဝင္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ အတည္ျပဳသိရသည္။

ယေန႔ ဒီဇင္ဘာလ ၃ ရက္ေန႔တြင္ လုံးခင္းေက်းရြာ အုပ္စုအတြင္း COVID-19 ပိုးေတြ႕ လူနာ က်ား(၅) ဦး၊ မ (၆)ဦး စုစုေပါင္း (၁၁) ဦးေတြ႕ရွိခဲ့ရာ ယင္းအနက္ သုံးႏွစ္ေအာက္ကေလးငယ္ (၃) ဦး ပါဝင္ေၾကာင္း သိရသည္။ ပိုးေတြ႕ခဲ့သည့္ သုံးႏွစ္ေအာက္ ကေလးငယ္မ်ားမွာ အသက္ ၁ ႏွစ္ အရြယ္ ေယာက်္ားေလး ၁ ဦး၊ အသက္ ၂ႏွစ္ အရြယ္ မိန္းကေလး ၂ ဦးတို႔ ျဖစ္သည္။

ယေန႔ ေတြ႕ရွိခဲ့သည့္ လူနာအားလုံးသည္ အသြားအလာ ကန႔္သတ္ထားသူမ်ား ျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ ဖားကန႔္ၿမိဳ႕ရွိ သီတဂူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကုသေပးေနေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

ယမန္ေန႔ ဒီဇင္ဘာလ ၂ ရက္ ကလည္း ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်းရြာ အုပ္စုအတြင္း က်ား (၁၀)၊ မ (၆) ဦး စုစုေပါင္း (၁၆)ဦး တြင္ COVID-19 ေရာဂါ ပိုးေတြ႕ရွိခဲ့သည္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း ယေန႔ လုံးခင္းအုပ္စု၌ ေတြ႕ရွိခဲ့သည့္ လူနာ (၁၁) ဦး အျပင္ လက္ရွိကုသမႈခံယူေနသူ (၆၀) ဦး ရွိေနသည့္အတြက္ ကုသမႈ ခံယူေနသူ စုစုေပါင္း (၇၁) ဦး ျဖစ္သည္။

ဖားကန႔္ၿမိဳ႕နယ္ အတြင္း ယေန႔ လုံးခင္းအုပ္စု၌ ေတြ႕ရွိခဲ့သည့္ လူနာ (၁၁) ဦး အပါအဝင္ စုစုေပါင္း (၁၆၄) ဦး အထိ ရွိလာၿပီး ကခ်င္တစ္ျပည္နယ္လုံးတြင္ COVID-19 ပိုးေတြ႕ လူနာ အမ်ားဆုံး ၿမိဳ႕နယ္ျဖစ္သည္။

ေနာေနာ္

#PeopleMedia #ဖားကန႔္ၿမိဳ႕ #COVID

(unicode)
လုံးခင်းအုပ်စုအတွင်း ယနေ့ ကိုဗစ် ၁၉ ပိုးတွေ့ လူနာများတွင် အသက် သုံးနှစ်အောက် ကလေးငယ် သုံးဦးပါဝင် ……………………………………………………
ဖားကန့်၊ ဒီဇင်ဘာ ၃ ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုအတွင်း ယနေ့ ကိုဗစ် ၁၉ ပိုးတွေ့ လူနာများတွင် အသက် သုံးနှစ်အောက် ကလေးငယ် သုံးဦးပါဝင်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အတည်ပြုသိရသည်။ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် လုံးခင်းကျေးရွာ အုပ်စုအတွင်း COVID-19 ပိုးတွေ့ လူနာ ကျား(၅) ဦး၊ မ (၆)ဦး စုစုပေါင်း (၁၁) ဦးတွေ့ရှိခဲ့ရာ ယင်းအနက် သုံးနှစ်အောက်ကလေးငယ် (၃) ဦး ပါဝင်ကြောင်း သိရသည်။ ပိုးတွေ့ခဲ့သည့် သုံးနှစ်အောက် ကလေးငယ်များမှာ အသက် ၁ နှစ် အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၂နှစ် အရွယ် မိန်းကလေး ၂ ဦးတို့ ဖြစ်သည်။ ယနေ့ တွေ့ရှိခဲ့သည့် လူနာအားလုံးသည် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဖားကန့်မြို့ရှိ သီတဂူဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးနေကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စုအတွင်း ကျား (၁၀)၊ မ (၆) ဦး စုစုပေါင်း (၁၆)ဦး တွင် COVID-19 ရောဂါ ပိုးတွေ့ရှိခဲ့သည်။ ဖားကန့်မြို့နယ်အတွင်း ယနေ့ လုံးခင်းအုပ်စု၌ တွေ့ရှိခဲ့သည့် လူနာ (၁၁) ဦး အပြင် လက်ရှိကုသမှုခံယူနေသူ (၆၀) ဦး ရှိနေသည့်အတွက် ကုသမှု ခံယူနေသူ စုစုပေါင်း (၇၁) ဦး ဖြစ်သည်။ ဖားကန့်မြို့နယ် အတွင်း ယနေ့ လုံးခင်းအုပ်စု၌ တွေ့ရှိခဲ့သည့် လူနာ (၁၁) ဦး အပါအဝင် စုစုပေါင်း (၁၆၄) ဦး အထိ ရှိလာပြီး ကချင်တစ်ပြည်နယ်လုံးတွင် COVID-19 ပိုးတွေ့ လူနာ အများဆုံး မြို့နယ်ဖြစ်သည်။ နောနော်
#PeopleMedia #ဖားကန့်မြို့ #COVID


Share this post