• Follow Us on

Home လုံးခင္း၌ ေျမလႊာၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ားပ်က္စီးမည့္အေျခအေနရွိေန

လုံးခင္း၌ ေျမလႊာၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ားပ်က္စီးမည့္အေျခအေနရွိေန

Share this post

ဖားကန္႔၊ ဧၿပီ ၂၄

ဖားကန္႔ၿမိဳ႕နယ္၊ လုံးခင္းေက်းရြာအုပ္စု၊ လလုံးခင္းရတနာနယ္ေျမ၌ ေျမလႊာၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ားပ်က္စီး မည့္ အႏၲရာယ္ႀကံဳေတြ႕ေနရေၾကာင္းေဒသခံမ်ားထံမွ သိရသည္။

လုံးခင္းေက်းရြာအုပ္စု၊ ဆိုင္းရာရြာသစ္ေက်းရြာအနီးတြင္ ေက်ာက္စိမ္းတူးဖာ္ေရးကုမၸဏီမ်ား သယံဇာတတူးေဖၚ ရာတြင္ မိုင္းခြဲမိုင္းခြဲရာ၌‌ေျမတုန္ခါမႈေၾကာင့္ ယမန္ေန႔က ေက်းရြာပိုင္လမ္းမ်ား ၿပိဳက်၍ ေက်းရြာအတြင္း ေျမလႊာ အက္ကြဲေၾကာင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။

အဆိုပါလမ္းမ်ားၿပိဳက်ေနမႈအား ဧၿပီလ ၂၃ ရက္က သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ယင္းလမ္းေနရာအား ျပန္ လည္ေျမဖို႔ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

သို႔ေသာ္ ယေန႔နံနက္ပိုင္းတြင္ အဆိုပါေျမဖို႔ခဲ့သည့္ လမ္းမွာ ထပ္မံၿပိဳက်သြားခဲ့ၿပီး၊ အနီးရွိေနအိမ္မ်ားမွာလည္း ထပ္မံေျမၿပိဳက်မည့္ အႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း ယင္းေဒသခံမ်ားထံမွ သိရသည္။

ခ်စ္ကို

#PeopleMedia #ဖားကန္႔

(unicode)
လုံးခင်း၌ မြေလွှာပြိုကျမှုကြောင့် နေအိမ်များပျက်စီးမည့်အခြေအနေရှိနေ
……………………………………………………………………….

ဖားကန့်၊ ဧပြီ ၂၄

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လလုံးခင်းရတနာနယ်မြေ၌ မြေလွှာပြိုကျမှုကြောင့် နေအိမ်များပျက်စီး မည့် အန္တရာယ်ကြုံတွေ့နေရကြောင်းဒေသခံများထံမှ သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးဖာ်ရေးကုမ္ပဏီများ သယံဇာတတူးဖေါ် ရာတွင် မိုင်းခွဲမိုင်းခွဲရာ၌‌မြေတုန်ခါမှုကြောင့် ယမန်နေ့က ကျေးရွာပိုင်လမ်းများ ပြိုကျ၍ ကျေးရွာအတွင်း မြေလွှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါလမ်းများပြိုကျနေမှုအား ဧပြီလ ၂၃ ရက်က သက်ဆိုင်ရာတာဝန်ရှိသူများမှ ယင်းလမ်းနေရာအား ပြန် လည်မြေဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သို့သော် ယနေ့နံနက်ပိုင်းတွင် အဆိုပါမြေဖို့ခဲ့သည့် လမ်းမှာ ထပ်မံပြိုကျသွားခဲ့ပြီး၊ အနီးရှိနေအိမ်များမှာလည်း ထပ်မံမြေပြိုကျမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ချစ်ကို

#PeopleMedia #ဖားကန့်


Share this post