• Follow Us on

Home လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန် န-စ-ကဥက္ကဋ္ဌ မှာကြား

လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန် န-စ-ကဥက္ကဋ္ဌ မှာကြား

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၉ (People Media)

 

လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ် လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်လုပ်ငန်းများ၌အချို့ EAO များ ပါဝင်ပတ်သက်နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံ မှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥပဒေအရ စိစစ်ရန်လိုအပ်သည့်နေရာများအား ဒေသ ဆိုင်ရာအာဏာပိုင်များအနေဖြင့် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ပြောသည်။

 

ဆက်လက်ပြီး မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ် မှုစနစ်ဖြစ်ရန်လိုကြောင်း၊ သို့မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သည့်အချိန် တွင် ပေါင်းစပ်ဆောင်ရွက်မှုများ အားနည်သည်ကိုတွေ့ရှိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေသူများအနေ ဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများကိုသိရှိအောင် လေ့လာ ထားမှသာ လုပ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post