• Follow Us on

Home လုံခြုံရေးနှင့်ပတ်သက်လာလျှင် ဥပဒေက အတိအလင်းအပ်နှင်းထားသည့် ခုခံကာကွယ်ပိုင်ခွင့်ကို ထိရောက်စွာ ကျင့်သုံးရန် USDP ဥက္ကဋ္ဌဦးသန်းဌေး ပြောကြား

လုံခြုံရေးနှင့်ပတ်သက်လာလျှင် ဥပဒေက အတိအလင်းအပ်နှင်းထားသည့် ခုခံကာကွယ်ပိုင်ခွင့်ကို ထိရောက်စွာ ကျင့်သုံးရန် USDP ဥက္ကဋ္ဌဦးသန်းဌေး ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၀ (People Media)

 

လုံခြုံရေးနှင့်ပတ်သက်လာလျှင် ဥပဒေက အတိအလင်းအပ်နှင်းထားသည့် ခုခံကာကွယ်ပိုင်ခွင့်ကို ထိရောက်စွာ ကျင့်သုံးရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီလ (၈) ရက်နေ့၌ ပြောကြားလိုက်သည်။

 

ဇန်နဝါရီလ (၈) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီနာယကများ၊ ပါတီအလုပ် အမှုဆောင်အဆင့်ဆင့်တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

“လုံခြုံရေးနဲ့ ပတ်သက်လာရင် ဥပဒေကအတိအလင်းအပ်နှင်းထားတဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ထိရောက်စွာ ကျင့် သုံးပြီး၊ အပြစ်မဲ့ပြည်သူတွေရဲ့အသက် အိုးအိမ်နဲ့ နိုင်ငံပိုင် ပြည်သူပိုင်ပစ္စည်းကို လုပ်ကြံသူ ဖျက်ဆီးသူတွေ ဖျောက်ဖျက်မရအောင် သွေးစွန်းနေသူတွေ မြန်မာ့သမိုင်းမှာ နောက်တစ်ကြိမ်ဖျက်ဆီးခွင့်မရစေ မရှိစေရဘူး” ဟု ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။

 

အကြမ်းဖက်ရမ်းကားမှုများ မချုပ်ငြိမ်းသမျှ စစ်မှန်သော ပါတီစုံဒီမိုကရေစီ မဖြစ်ထွန်းနိုင်ကြောင်း၊ လက်ရှိအချိန် အထိ တစ်နိုင်ငံလုံး အရေးပေါ်ကာလသတ်မှတ်ထားသည့် အခြေအနေသာဖြစ်ကြောင်း လှုပ်ရှားသွားလာ နေ ထိုင်လုပ်ကိုင်မှုအားလုံး အရေးပေါ်အခြေအနေနှင့်ကိုက်ညီသော စဉ်းစားမှု လုပ်ဆောင်မှုဖြစ်သင့်ကြောင်း ၎င်း က ပြောသည်။

 

အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့် အကြမ်းဖက်မှုများချုပ်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဥစ္စာ ရင်လို ဥစ္စာရင်ခဲ ပူးပေါင်းကြိုးပမ်းရန်၊ ပါတီဝင်တစ်ဦးချင်း၏ စိတ်ဓါတ်နှင့် အရည်အသွေးတိုးတက် ထက်မြက် အောင် အမြဲ ဖြည့်ကျင့်ဆည်းပူးထားရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များ၌ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နိုင်ငံ တော်ဝန်ထမ်းများ၊ ဒလန်ဟုစွပ်စွဲခံရသူများ၊ သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရသလို လုံခြုံရေးအဖွဲ့များ၏ ယာဉ်တန်းများလည်း မိုင်းဆွဲတိုက်ခိုက်ခြင်း ခံရလျက်ရှိသည်။

 

#PeopleMedia #Political #USDP

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

#PeopleMedia #Political #USDP


Share this post