• Follow Us on

Home လူကယ်ပြန်ဝန်ကြီးဌာနမှ (၆)လ ဘတ်ဂျက်အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်

လူကယ်ပြန်ဝန်ကြီးဌာနမှ (၆)လ ဘတ်ဂျက်အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂၁၆) ခု၊ ဘိုးဘွားရိပ်သာ (၈၅) ခု၊  အမျိုးသမီးဂေဟာ(၁၅)ခု၊ မသန်စွမ်းဂေဟာ (၁၁)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း (၁၀၂၇) ကျောင်း၊ စေတနာမူလတန်းညကျောင်း (၈)ကျောင်းနှင့် လူငယ့်ရိပ်သာ (၆)ခုတို့အတွက် ထောက်ပံ့ကြေးစုစုပေါင်း ကျပ် (၁၅၈၂.၅၅၁)သန်း ပေးအပ်သည့်အခမ်းအနားကို Video Conferencing စနစ် ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာမှာ ယခု ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) ဘတ်ဂျက်အ တွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည် ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာ များအပါအဝင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ထောက်ပံ့ကြေးများပေးအပ်ခြင်းကို (၁၇.၁၀.၂၀၂၁) ရက်နေ့မှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် (၁၆.၁.၂၀၂၂)ရက်နေ့မှာ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်ရှိနေတဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုသို့ ယခု Online မှ တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ရ ခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ အခန်း(၆) သင်တန်းကျောင်း၊ ပရဟိတ ဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများတည်ထောင်ဖွင့်လှစ်ခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်း အရ ဥပ ဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရရှိဖို့အတွက်လည်း လျှောက်ထားရမှာဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများကို တည်ထောင်ဖွင့်လှစ်ရာမှာ ဂေဟာ/ ရိပ်သာရှိ လက်ခံစောင့်ရှောက်ထားသူများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် အခြေခံကောင်းများ စီစဉ်ပေးရမှာဖြစ် ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှလည်း ဂေဟာ/ရိပ်သာဖွင့်လှစ်ခြင်းကို သိရှိ ထောက်ခံချက်ရရှိရန် လိုအပ်ပြီး ဂေဟာ/ ရိပ်သာတိုင်းအတွက်ကြီးကြပ်မှုကော်မတီကိုလည်းစနစ်တကျနဲ့ ခိုင်မာ အားကောင်းစွာ ဖွဲ့စည်းထားဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများက ဂေဟာ/ရိပ်သာတာဝန်ခံများကို ထောက်ပံ့ကြေးများ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃) ခုရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေမှာ ကျပ်(၁၄၃၀.၃၁၃)သန်းဖြစ်ပြီး၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေမှာ ကျပ်(၁၅၂.၂၃၇)သန်း ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post