• Follow Us on

Home လူကုန္ကူးခံရသူမ်ားကို အျမန္ဆံုးျပန္လည္လႊဲေျပာင္းႏိုင္ရန္အတြက္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ေဆြးေႏြး

လူကုန္ကူးခံရသူမ်ားကို အျမန္ဆံုးျပန္လည္လႊဲေျပာင္းႏိုင္ရန္အတြက္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ေဆြးေႏြး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ျမန္မာ- ထိုင္း လူကုန္ကူးခံရသူမ်ားကို အျမန္ဆုံးျပန္လည္လႊဲေျပာင္းႏိုင္ရန္အတြက္ ဒီဇင္ဘာ ၁၇ ရက္ေန႔တြင္ (၂၅) ႀကိမ္ေျမာက္ ျမန္မာ-ထိုင္း လူကုန္ကူးခံရသူမ်ား ျပန္လည္လက္ခံေရး၊ မိဘရပ္ထံ ျပန္လည္အပ္ႏွံေရးႏွင့္ မိသားစုေပါင္းစည္း ေရးဆိုင္ရာ ျဖစ္ရပ္စီမံခန႔္ခြဲမႈညႇိႏႈိင္း အစည္းအေ၀းတြင္ Virtual Meeting ျဖင့္ ေျပာၾကားခဲ့ၾကေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

ထိုအစည္းအေ၀းတြင္ ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာန လက္ ေအာက္ရွိ ေဂဟာမ်ားတြင္ လက္ခံေစာင့္ေရွာက္ထားေသာ လူကုန္ကူးခံရသူ ျမန္မာႏိုင္ငံသားမ်ားႏွင့္ စပ္လ်ဥ္း၍ ေဂဟာမ်ားတြင္ လက္ခံေစာင့္ ေရွာက္ထားစဥ္ ၎တို႔ရပိုင္ခြင့္ရွိသည့္ အခြင့္အေရးမ်ား၊ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ေရး၊ အျမန္ဆုံးႏွင့္ လုံၿခဳံ စိတ္ခ်မႈရွိစြာ ျပန္လည္လႊဲေျပာင္း လက္ခံေပးႏိုင္ေရး၊ COVID-19 ကာလအတြင္း အတားအဆီးမ်ားၾကား၌ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္မႈျဖင့္ လူကုန္ကူးခံရသူမ်ား၏ အခြင့္အေရးမ်ားကို လူကုန္ကူးခံရသူ အေျချပဳနည္းလမ္းမ်ားျဖင့္ ျဖည့္ဆည္း ေပးႏိုင္ေရးႏွင့္ ႏွစ္ႏိုင္ငံအခက္အခဲမ်ားအား အတူတကြ ေျဖရွင္းေဆာင္႐ြက္ႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း ေဖာ္ျပပါရွိသည္။

ဆက္လက္ၿပီး တရားစီရင္ေရး လုပ္ငန္းစဥ္အတြင္း လူကုန္ကူးခံရသူမ်ား ကာကြယ္ေစာင့္ေရွာက္ေပးျခင္းႏွင့္ ၎တို႔ရသင့္ရ ထိုက္သည့္ ေလ်ာ္ေၾကးေငြမ်ား ရရွိေရးအတြက္ ႏွစ္ႏိုင္ငံသက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးႏိုင္ရန္ ေဆြးေႏြး ခဲ့ၾကကာ ႏွစ္ႏိုင္ငံေရွ႕ဆက္ အေကာင္အထည္ေဖာ္မည့္ လုပ္ငန္းရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အစည္းေဝး ဆုံးျဖတ္ခ်က္ (၁၁)ခ်က္ကို ေဖာ္ထုတ္အတည္ျပဳႏိုင္ခဲ့သည္။

ထို႔အျပင္ ျမန္မာႏိုင္ငံသား လူကုန္ကူးခံရသူမ်ား၏ ရပိုင္ခြင့္၊ အခြင့္အေရးမ်ားကို အျပည့္အဝျဖည့္ဆည္း ေပးႏိုင္သည့္အျပင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူေရး လုပ္ငန္းမ်ားကိုလည္း လ်င္ျမန္ေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ယင္းအစည္းအေ၀းသို႔ ျမန္မာကိုယ္စားလွယ္ေခါင္းေဆာင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေန ရာခ်ထားေရးဝန္ႀကီး ဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာကိုကိုႏိုင္ႏွင့္ ထိုင္းႏိုင္ငံ လူမႈဖြံ႕ၿဖိဳးတိုးတက္ ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာန ဒုတိယအၿမဲတမ္း အတြင္းဝန္ Ms. Ramrung Worawat တို႔က ေျပၾကားခဲ့ျခင္းျဖစ္သည္။

အလားတူ ၂၀၂၀ ျပည့္ႏွစ္အတြင္း ထိုင္းႏိုင္ငံသို႔ လူကုန္ကူးခံရသူ ျမန္မာႏိုင္ငံသား ၁၀၇ ဦးအား ဇြန္လတြင္ တစ္ႀကိမ္၊ ၾသဂုတ္လတြင္ ႏွစ္ႀကိမ္တိုင္တိုင္ ျပန္လည္လႊဲေျပာင္း လက္ခံခဲ့ေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

#PeopleMedia #ျမန္မာ-ထိုင္း #လူကုန္ကူး

(unicode)
လူကုန်ကူးခံရသူများကို အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရန်အတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေး
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာ- ထိုင်း လူကုန်ကူးခံရသူများကို အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရန်အတွက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် (၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်း ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေးတွင် Virtual Meeting ဖြင့် ပြောကြားခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ထိုအစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက် အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများနှင့် စပ်လျဉ်း၍ ဂေဟာများတွင် လက်ခံစောင့် ရှောက်ထားစဉ် ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အမြန်ဆုံးနှင့် လုံခြုံ စိတ်ချမှုရှိစွာ ပြန်လည်လွှဲပြောင်း လက်ခံပေးနိုင်ရေး၊ COVID-19 ကာလအတွင်း အတားအဆီးများကြား၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဖြင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများကို လူကုန်ကူးခံရသူ အခြေပြုနည်းလမ်းများဖြင့် ဖြည့်ဆည်း ပေးနိုင်ရေးနှင့် နှစ်နိုင်ငံအခက်အခဲများအား အတူတကွ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ၎င်းတို့ရသင့်ရ ထိုက်သည့် လျော်ကြေးငွေများ ရရှိရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေး ခဲ့ကြကာ နှစ်နိုင်ငံရှေ့ဆက် အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အစည်းဝေး ဆုံးဖြတ်ချက် (၁၁)ချက်ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေး လုပ်ငန်းများကိုလည်း လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက် ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် Ms. Ramrung Worawat တို့က ပြေကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၀၇ ဦးအား ဇွန်လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် နှစ်ကြိမ်တိုင်တိုင် ပြန်လည်လွှဲပြောင်း လက်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

#PeopleMedia #မြန်မာ-ထိုင်း #လူကုန်ကူး


Share this post